မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအကြောင်း

Posted on

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင် ပြောကြားတဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ စတင်ရာနဲ့ လမ်းကြောင်း ခန့်မှန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်

(၁) မေလ ၉ ရက် နံနက် ၄ နာရီ လေဖိအားနည်းရပ်ဝန်း စဖြစ် (၂) မေလ ၁၀ ရက် ညနေ ၄ နာရီ မုန်တိုင်းငယ် (၃) မေလ ၁၁ ရက် ညနေ ၆ နာရီခွဲ ဆိုင်ကလုန်းမုန်တိုင်း (၄) မေလ ၁၂ ရက် နံနက် ၆ နာရီ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (၅) မေလ ၁၂ ရက် ညနေ ၅ နာရီ အရှေ့မြောက်ဘက်သို့ ချိုးကွေ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်

(၆) မေလ ၁၃ ရက် ညနေ ၆ နာရီ ရခိုင်ကမ်းရိုးတန်းအား ကျောက်ဖြူနှင့်သံတွဲကြား တောင်ကုတ်မြို့အနီးမှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ရန်စတင်၊ လေတိုက်နှုန်း ရေပြင်ညီလေ ၁၂၀ ခန့်ဖြင့်ဝင်နိုင် (Wind gust ၁၅၄ မိုင်နှုန်းအထိရှိတာတွေ့ရလို့ စူပါဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်ရောက်မယ်လို့ ခန့်မှန်း) (၇) မေလ ၁၃ ရက် ည သန်းခေါင် ၁၂ နာရီခွဲ ကုန်းတွင်းသို့ စတင်ဝင်ရောက် (၈) မေလ ၁၄ ရက် နံနက် ၆ နာရီခွဲ မုန်တိုင်းအရှေ့ခြမ်းကုန်းတွင်းသို့ဝင်ရောက်ပြီးဖြစ်

(၉) မေလ ၁၄ ရက် ည သန်းခေါင် ၁၂ နာရီခွဲ မုန်တိုင်းဗဟို ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ပြီးဖြစ် (၁၀) မေလ ၁၄ ရက် နံနက် ၆ နာရီ မုန်တိုင်းအတွင်းစက်ဝန်းအားလုံးကုန်းတွင်းဝင်ရောက်ပြီးဖြစ် (၁၁) မေလ ၁၄ ရက် နေ့လည် ၁ နာရီ ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား (၁၂) မေလ ၁၄ ရက် ည ၉ နာရီ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း (၁၃) မေလ ၁၅ ရက် နံနက် ၆ နာရီခွဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်နယ်နိမိတ်ကျော်ဖြတ်ပြီး တရုတ်နိုင်ငံတွင်းသို့ရောက်ရှိပြီး နောက်အားပျော့ပျက်ပြယ်မည်ခန့်မှန်း၊ တကယ်ဖြစ်လာမဲ့ အချိန်ကို ဆက်စောင့်ကြတာပေါ့။

crd

zawgyi



