ပြည်သူတွေ ရဲ့ လိုအပ်နေတဲ့ကွက်လပ်လေးကို ဖြည့်ဆည်းပေးလိုက်တဲ့ “ခိုင်နှင်းဝေ”

Posted on

ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူထိန်းသိမ်း စောင့်ရှောက်ပေးနေသူပဲဖြစ်ပါတယ်..သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်း အစွမ်းကုန် လုပ်ကိုင်နေသလို မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေတဲ့သူလဲ ဖြစ်ပါတယ်..

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်မှာ နားရက်မရှိ အားတက်သရောလုပ်ကိုင်ရင်း သူမရဲ့ နေ့ရက်တိုင်းကို ကုသိုလ်တွေအပြည့်နဲ့ဖြတ်သန်းနေတာပဲဖြစ်ပါတယ်.. ပြည်သူတွေရဲ့လိုအပ်ချက်ကို အမြဲဖြည့်ဆည်းပေးနေတဲ့ သူမက ဒီတစ်ခါမှာလဲကယ်ဆယ်ရေး ပစ္စည်းတွေကို လှူဒါန်းပေးပါတယ်..

ခိုင်နှင်းဝေက ” မုန်တိုင်းသတင်းလေး ကြားမိတဲ့ အတွက်စုစုပေါင်း ကာလ တန်ဘိုး သိန်း (၁၈၀) ဝန်းကျင်ခန့်ရှိ ကယ်ဆယ်ရေး ပစ္စည်းများကို ခုနှစ်ရက် သားသမီးများ ကောင်းမှု အဖြစ် ကယ်ဆယ်ရေး အဖွဲ့များ သို့ လှူဒါန်းပေးသွားပါမယ်ရှင်..🙏🙏🙏” လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်..

crd

zawgyi




crd