သနပ်ခါးတွေကိုယ်စီ နဲ့ လှနေကြတဲ့ပုံလေးတွေတင်ပေးလိုက်တဲ့ “ခိုင်နှင်းဝေ” တို့သားအမိနှစ်ယောက်

Posted on

မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီး ခိုင်နှင်းဝေဟာ အချိန်အတော်ကြာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့သူပဲ ဖြစ်ပါတယ်။ သူမဟာ ပရိသတ်တွေရဲ့ အာပေးမှုအခိုင်အမာ ရရှိထားတဲ့ မင်းသမီးကြီးတစ်လက်လည်း ဖြစ်ပါတယ်။

မင်းသမီးကြီးဟာ စိတ်ထားမွန်မြတ်တဲ့သူတစ်ဦး ဖြစ်ပြီး ခိုင်နှင်းဝေဖောင်ဒေးရှင်းတည်ထောင်ပြီး မိဘမဲ့ကလေးတွေကို စောင့်ရှောက်နေတဲ့သူလည်း ဖြစ်ပါတယ်။ခိုင်နှင်းဝေဟာ များစွာသော ကလေးတွေကို သားသမီးအရင်းကဲ့သို့ စောင့်ရှောက်နေတာဖြစ်ပြီး သူမရဲ့မွန်မြတ်တဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုပေးကြတာပဲ ဖြစ်ပါတယ်။

သူမဟာ လူမှုကွန်ရက်မှာ သားသမီးတွေနဲ့ ပုံလေးတွေကို ခဏခဏတင်လေ့ရှိပြီး မကြာသေးခင်ကလည်း သူမရဲ့ ကိုယ်ပိုင် Facebook အကောင့်မှာ သားလေးတစ်ယောက်နဲ့ ပုံကိုတင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ သားအမိနှစ်ယောက်ဟာ သနပ်ခါးလေးတွေကိုယ်စီနဲ့ ချစ်ဖို့ကောင်းနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ချစ်စရာ သားအမိလေးကို ပရိသတ်တွေက ချစ်ပေးခဲ့ကြပြီး ခိုင်နှင်းဝေကလည်း ချစ်ပရိသတ်ကြီးကို ကျေးဇူးတင်စကားပြန်ပြောခဲ့ပါတယ်။

Photos : Credit

zawgyi




Photos : Credit