ပရိသတ်ကြီးရေ.. မင်းသမီးချော လေး ပိုးကြာဖြူခင် ကတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ သူမရဲ့ မင်္ဂလာပွဲ ကို မန္တလေးမြို့မှာ ကျင်းပခဲ့ပြီး အိမ်ထောင်တစ်ခုကို တည်ဆောက် သွားခဲ့ပြီဖြစ်ပါ တယ်။ ပိုးကြာဖြူခင်ရဲ့ သတို့သားဟာ မုဆိုးဖို က ကလေ သုံးယောက်ဖခင် ဆိုပေမယ့် မန္တလေးမြို့ရဲ့လူချမ်းသာ စာရင်းဝင် တစ်ယောက်ဖြစ်ပြီး ရွှေကုန်သည်တစ် ယောက်ဖြစ်တာမို့ ပိုးကြာဖြူခင် ဟာလည်း ခင်ပွန်းဖြစ် သူဆီက လိုလေသေးမရှိ ဖြည့်ဆည်းပေးခံနေရတာပဲ ဖြစ်ပါတယ်။
ပိုးကြာဖြူခင်ရဲ့ အမျိုးသားဟာ ပိုးကြာဖြူခင် ကို တင် တောင်းစဉ် ကလည်း ရွှေပိဿာချိန်လိုက်၊ စိန်ဆက် လိုက်၊ ငွေအပုံလိုက် နဲ့ တင်တောင်းခဲ့သလို မင်္ဂလာပွဲကို လည်း မန္တလေးမြို့မှာ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ ဒါ့အပြင် မင်္ဂလာခန်းဝင်ပစ္စည်းတွေကိုလည်း သိန်း ၁၆၀ တန် ပိတောက် ရွှေငါး ဆက်တီ၊ သိန်း ၉၀ တန် ပိတောက် ရွှေငါး ထမင်းစားပွဲဝိုင်း၊ သိန်း ၆ဝ တန် ပိတောက်ကုတင်၊ ၂၃ သိန်း တန် ပိတောက်သား ၂ယောက်ထိုင် ဆက်တီ စသည်ဖြင့် အဖိုးတန်အကောင်း စား ပစ္စည်းတွေကိုပဲ အသုံးပြုခဲ့ကြပါတယ်။
ပိုးကြာဖြူခင်တို့ဇနီးမောင်နှံကတော့ မင်္ဂလာ ခန်းဝင်ပစ္စည်းတွေအတွက်ကိုလည်း ငွေကြေး သိန်း (၃၃၀) ကျော် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးကြာဖြူခင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတန်ဖိုးတွေနဲ့တင် အားကျနေကြပြီလို့ ထင်ပါတယ်နော်။
Credit;
zawgyi
Credit;