အိမ္နီးခ်င္း ေျပာျပသည့္ ကူးစက္မႈ လမ္းေၾကာင္း မေတြ႕တဲ့ လူနာ အမွတ္ (၁၈၃) အေၾကာင္း

ကူးစက္မႈ လမ္းေၾကာင္း မေတြ႕တဲ့ လူနာအမွတ္-၁၈၃ (Case 183) အေၾကာင္း…

စစ္မွန္တဲ့ ကိုယ္ခ်င္းစာ တရား ထားႏိုင္ၾကပါေစ…

Case 183 ေနထိုင္ရာ ၂ ရပ္ကြက္ ၊မင္းရဲေက်ာ္စြာလမ္းဟာ ကြၽန္မတို႔လမ္း ျဖစ္ပါတယ္။ဒီေန႔ည ကြၽန္မ ဆိုင္မွာရွိေနတုန္း (၈)နာရီေက်ာ္ေလာက္မွာ ဒီသတင္းကို သိရပါတယ္။လမ္းထဲက ခင္မင္သူေတြကလည္း ဖုန္းဆက္ေျပာလို႔ ဆိုင္သိမ္းၿပီး အိမ္ကိုျပန္လာခဲ့ပါတယ္။ လမ္းထိပ္ေရာက္ေတာ့ maskတပ္ထားတဲ့ လူအုပ္ႀကီး တီးတိုးတီးတိုးေျပာေနၾကတာေတြ၊ Case 183 အိမ္ကို မေက်နပ္တဲ့မ်က္လုံးေတြနဲ႔ၾကည့္ေနတာေတြ၊တရားခံလာဖမ္းသလို အိမ္ေရွ႕မွာေစာင့္ၾကပ္ေနတာေတြ ျမင္မေကာင္းေအာင္ျမင္ရ၊ ၾကားမေကာင္းေအာင္ ၾကားေနရ ပါတယ္။

လူသတ္တရားခံ တို႔၊ မုဒိမ္းမႈက်ဴးလြန္တဲ့သူတို႔၊ အျပစ္တခုခုက်ဴးလြန္လို႔ လာဖမ္းရင္ေတာင္ လူေတြကေလ “ငါတို႔ကိုမ်ားလာသတ္မလား” ဆိုၿပီး ေၾကာက္လို႔ အိမ္အျပင္ကိုထြက္ၾကည့္ၾကမွာမဟုတ္ပါဘူး…

ေအာ္… လူေတြ ပါးစပ္ကေတာ့ ကိုယ္ခ်င္းစာ တရား လက္ေတြ႕မွာေတာ့ အတၱသမားေတြပါလား လို႔ေတြးမိရင္း ကြၽန္မစိတ္မေကာင္းျဖစ္ရပါတယ္။

Case 183 က သေဘာသၤား တစ္ေယာက္ပါ။ (၁)လပိုင္းေလာက္တည္းက စင္ကာပူကျပန္ လာတာ။ အဲ့အခ်ိန္တုန္းက ျမန္မာျပည္ မွာ ေအးေဆးပါပဲ။ (၃)လပိုင္းေလာက္မွာ သူ႔အေမကိုေဆးခန္းလိုက္ပို႔ရင္း အေမျဖစ္သူမွာ အဖ်ားရွိလို႔ သားအမိႏွစ္ေယာက္လုံး Facility Quarantine ဝင္ထားၿပီးသားပါ။ ႏွစ္ေယာက္လုံး Nျပလို႔ သူတို႔အိမ္မွာပဲေနၿပီး ၊ အခ်ိန္ တန္ရင္ သူ႔အေမကို ေဆးခန္းျပေပးလိုက္၊ အိမ္မွာပဲ ျပဳစုလိုက္လုပ္ေနသူပါ (ဒီေန႔မွ P ျပတာေတာ့ သူဟာ silent carrier လား၊ ဒီၾကားထဲ fever clinic ေတြသြားရင္းနဲ႔ ကူးတာလား ဆို တာေတာ့ ေသခ်ာမသိေသးပါ)

ရပ္ကြက္ထဲမွာ တစ္အိမ္တက္ဆင္း အတင္း လိုက္တုပ္၊ သူမ်ားမေကာင္းေၾကာင္း ကိုယ့္ေကာင္းေၾကာင္းေျပာၿပီး ပိုက္ဆံလိုက္ေခ်းေနသူလဲ မဟုတ္ပါ။ သူတို႔မိသားစုက ပညာတတ္ၿပီး အဆင့္အတန္းရွိတဲ့ မိသားစုျဖစ္ပါတယ္။ အခုလည္း သူကိုယ္တိုင္ေက်ေက်နပ္နပ္နဲ႔ ေဝဘာဂီကိုသြားမွာပါ။ သူ႔မိသားစုလည္း Q ဝင္မွာပါ။

ခုေတာ့ ေသဒဏ္က်ခံရမယ့္ အျပစ္သားႀကီး တစ္ေယာက္လို တစ္ရပ္ကြက္လုံး ဆူညံဆူညံ ပြက္ေလာ႐ိုက္ၿပီး လာေခၚတာေတာ့ စိတ္မေကာင္းပါဘူး။ လူတိုင္းေတာ့ ေသမွာေၾကာက္ၾကတာခ်ည္းပါပဲ၊မေၾကာက္ဘူးဆိုတာ အလကားေျပာတာ။ ကြၽန္မလဲ ေသမွာေၾကာက္တာပဲ။

စစ္မွန္တဲ့ စာနာမႈတရားေလး လက္ကိုင္ ထားႏိုင္ၾကပါေစ။

Case 183 က အိမ္အမွတ္ 198 ပါ ကြၽန္မတို႔အိမ္က အိမ္အမွတ္ 197 ပါ။

Hnin Wint Aung

unicode

ကူးစက်မှု လမ်းကြောင်း မတွေ့တဲ့ လူနာအမှတ်-၁၈၃ (Case 183) အကြောင်း…

စစ်မှန်တဲ့ ကိုယ်ချင်းစာ တရား ထားနိုင်ကြပါစေ…

Case 183 နေထိုင်ရာ ၂ ရပ်ကွက် ၊မင်းရဲကျော်စွာလမ်းဟာ ကျွန်မတို့လမ်း ဖြစ်ပါတယ်။ဒီနေ့ည ကျွန်မ ဆိုင်မှာရှိနေတုန်း (၈)နာရီကျော်လောက်မှာ ဒီသတင်းကို သိရပါတယ်။လမ်းထဲက ခင်မင်သူတွေကလည်း ဖုန်းဆက်ပြောလို့ ဆိုင်သိမ်းပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ လမ်းထိပ်ရောက်တော့ maskတပ်ထားတဲ့ လူအုပ်ကြီး တီးတိုးတီးတိုးပြောနေကြတာတွေ၊ Case 183 အိမ်ကို မကျေနပ်တဲ့မျက်လုံးတွေနဲ့ကြည့်နေတာတွေ၊တရားခံလာဖမ်းသလို အိမ်ရှေ့မှာစောင့်ကြပ်နေတာတွေ မြင်မကောင်းအောင်မြင်ရ၊ ကြားမကောင်းအောင် ကြားနေရ ပါတယ်။

လူသတ်တရားခံ တို့၊ မုဒိမ်းမှုကျူးလွန်တဲ့သူတို့၊ အပြစ်တခုခုကျူးလွန်လို့ လာဖမ်းရင်တောင် လူတွေကလေ “ငါတို့ကိုများလာသတ်မလား” ဆိုပြီး ကြောက်လို့ အိမ်အပြင်ကိုထွက်ကြည့်ကြမှာမဟုတ်ပါဘူး…

အော်… လူတွေ ပါးစပ်ကတော့ ကိုယ်ချင်းစာ တရား လက်တွေ့မှာတော့ အတ္တသမားတွေပါလား လို့တွေးမိရင်း ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။

Case 183 က သဘောင်္သား တစ်ယောက်ပါ။ (၁)လပိုင်းလောက်တည်းက စင်ကာပူကပြန် လာတာ။ အဲ့အချိန်တုန်းက မြန်မာပြည် မှာ အေးဆေးပါပဲ။ (၃)လပိုင်းလောက်မှာ သူ့အမေကိုဆေးခန်းလိုက်ပို့ရင်း အမေဖြစ်သူမှာ အဖျားရှိလို့ သားအမိနှစ်ယောက်လုံး Facility Quarantine ဝင်ထားပြီးသားပါ။ နှစ်ယောက်လုံး Nပြလို့ သူတို့အိမ်မှာပဲနေပြီး ၊ အချိန် တန်ရင် သူ့အမေကို ဆေးခန်းပြပေးလိုက်၊ အိမ်မှာပဲ ပြုစုလိုက်လုပ်နေသူပါ (ဒီနေ့မှ P ပြတာတော့ သူဟာ silent carrier လား၊ ဒီကြားထဲ fever clinic တွေသွားရင်းနဲ့ ကူးတာလား ဆို တာတော့ သေချာမသိသေးပါ)

ရပ်ကွက်ထဲမှာ တစ်အိမ်တက်ဆင်း အတင်း လိုက်တုပ်၊ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပြောပြီး ပိုက်ဆံလိုက်ချေးနေသူလဲ မဟုတ်ပါ။ သူတို့မိသားစုက ပညာတတ်ပြီး အဆင့်အတန်းရှိတဲ့ မိသားစုဖြစ်ပါတယ်။ အခုလည်း သူကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ ဝေဘာဂီကိုသွားမှာပါ။ သူ့မိသားစုလည်း Q ဝင်မှာပါ။

ခုတော့ သေဒဏ်ကျခံရမယ့် အပြစ်သားကြီး တစ်ယောက်လို တစ်ရပ်ကွက်လုံး ဆူညံဆူညံ ပွက်လောရိုက်ပြီး လာခေါ်တာတော့ စိတ်မကောင်းပါဘူး။ လူတိုင်းတော့ သေမှာကြောက်ကြတာချည်းပါပဲ၊မကြောက်ဘူးဆိုတာ အလကားပြောတာ။ ကျွန်မလဲ သေမှာကြောက်တာပဲ။

စစ်မှန်တဲ့ စာနာမှုတရားလေး လက်ကိုင် ထားနိုင်ကြပါစေ။

Case 183 က အိမ်အမှတ် 198 ပါ ကျွန်မတို့အိမ်က အိမ်အမှတ် 197 ပါ။

Hnin Wint Aung