ပရိတ်သတ်တွေမသိသေးတဲ့ သူမရဲ့နာမည်အရင်းလေးအကြောင်း ပြောပြပေးလာခဲ့တဲ့ အဆိုတော် “ပိုပို”

Posted on

ပရိသတ်ကြီးရေ အဆိုတော်ပိုပိုကတော့ နားထောင်လို့ကောင်းပြီ သာယာချိုမြိန်ဖွယ်ကောင်းတဲ့ သီချင်းလေးတွေကိုသီဆိုလေ့ရှိတဲ့သူလေးပဲဖြစ်ပါတယ်။ ပြည်သူချစ် အနုပညာမလေး ပိုပိုဟာဆိုရင် လူတွေမသိသေးတဲ့ သူမရဲ့ နာမည်အရင်း အဓိပ္ပါယ်လေးကို ပရိသတ်တွေဆီ ဝေမျှပေးလာခဲ့ပါတယ်။

ပိုပိုက မေလမှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး သူမရဲ့ နာမည်အရင်းက ဝတ်ရည်မိုးပဲ ဖြစ်ပါတယ်။ ပိုပိုကတော့ သူမရဲ့နာမည်ကို “ဝတ်ရည်မိုး” အဖြစ် ပေးခဲ့ရတဲ့ ရည်ရွယ်ချက်လေးက မေလက မိုးတွေရွာတဲ့လဖြစ်ပြီး ပန်းလေးတွေ ပွင့်တဲ့လဖြစ်လို့ ဝတ်ရည်မိုးလို့ ပေးခဲ့တာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

အဆိုတော်မလေး ပိုပိုက သူမရဲ့ အိမ်ခေါ်နာမည်လေးကိုလည်း ပရိသတ်တွေကို ထပ်မံ အသိပေးခဲ့ပါသေးတယ်။ ပိုပိုရဲ့ အိမ်ခေါ်နာမည်လေးကတော့ “အိပို” ပဲ ဖြစ်ပါတယ်တဲ့။ ပရိသတ်တွေ နှစ်ပေါင်းများစွာ မသိကြသေးတဲ့ သူမရဲ့နာမည်အရင်းကို ထုတ်ဖော်ပြောကြားပေးလာခဲ့တဲ့ အဆိုတော်မလေး ပိုပိုရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Credit – PoPo’s Facebook page

zawgyi



