ကမ္ဘောဒီးယားရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် ပါဝင်ဖို့ Poster တွေပါ ထွက်လာတဲ့ မင်းသားချော “ပိုင်တံခွန်”

Posted on

မကြာသေးမီက ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် LD Productions ကနေ “Prostitute (Rent Boy)” ဇာတ်ကားသစ် ထွက်ရှိတော့မယ်လို့ ကြေငြာခဲ့ပါတယ်.. အဆိုပါ ဇာတ်လမ်းထဲမှာ မြန်မာသရုပ်ဆောင် မင်းသားပိုင်တာခွန်၊ Miss Pich Vatey Saravathy၊ Miss Pich Vatey Saravathy၊ Grand Cambodia 2022 နဲ့ နာမည်ကြီးမင်းသား Mr. Khat Wai Haing တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်.ဇာတ်လမ်းအတွက် အဓိက ဇာတ်ကောင် ၃ ဦးရဲ့ ပိုစတာတွေ ထွက်လာပြီးနောက်ပိုင်း မှာ ပရိသတ်တွေက ဘယ်လိုအမျိုးအစား ပုံစံဖြစ်မလဲဆိုတာကို သိချင်နေကြပါတယ်..

မင်းသားမင်းသမီးတွေကလဲ နာမည်ရှိပြီးသားမို့ သူ့နေရာနဲ့သူ ပရိသတ်အားပေးမှုတွေကို ရထားပြီးသားလို့ ဆိုပါတယ်..LD Production ရဲ့ ဒါရိုက်တာ Mr. Leak Lida က သူ့ရဲ့ Facebook အကောင့်မှာ “Prostitute (Rent Boy)” ဇာတ်ကားကို မိတ်ဆက်ပေးခဲ့ပြီး ဒီဇာတ်ကားက ပြည်တွင်း ဈေးကွက်မှာ ပြသဖို့တင်မဟုတ်ဘဲ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အပါအဝင် ပြည်ပဈေးကွက် မှာလဲ ပြသဖို့ ရည်ရွယ်ထားပါတယ်” လို့ ရေးသားထားပါတယ်..

ရုပ်ရှင်ချစ်သူတွေအတွက် ကမ္ဘောဒီးယားထုတ်လုပ်သူ Leak Lida က လွန်ခဲ့တဲ့ ၁၂ နှစ်က ပြည်တွင်းဈေးကွက်မှာ ရုပ်ရှင်ကားတွေရောင်းချပြီး နာမည်ကြီးခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်.. Mr. Leak Lida က “အခုခံစားချက်က လွန်ခဲ့တဲ့ ၁၂ နှစ်က ခံစားချက်နဲ့ အတူတူပါပဲ၊ လွန်ခဲ့တဲ့ ၁၂ နှစ်က ပြည်တွင်းဈေးကွက်မှာ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ အချိန်ကို‌ ပြန်သတိရစေပါတယ်.. အခုဇာတ်ကားကိုလဲ ကျွန်တော်တို့အဖွဲ့ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်တယ်” လို့ ပြောခဲ့ပါတယ်..

Source – Popular

zawgyi




Source – Popular