ႏိုင္ငံ အတြင္းရွိ စားေသာက္ကုန္ လုပ္ငန္းေတြကို ပစၥည္းပိုမို သိုေလွာင္ဖို႔ တ႐ုတ္အစိုးရ သတိေပးေနျပန္ၿပီ

ႏိုင္ငံ အတြင္းရွိ စားေသာက္ကုန္ လုပ္ငန္းေတြကို ပစၥည္းပိုမို သိုေလွာင္ဖို႔ တ႐ုတ္အစိုးရ သတိေပးေနျပန္ၿပီ

ကိုဗစ္ ဒုတိယလႈိင္းျပန္ လွည့္လာႏိုင္ျခင္းနဲ႔ ကမာၻ႔စားနပ္ရိကၡာမလုံေလာက္မႈ တို႔ကို ေရွးရႈေသာအားျဖင့္ တ႐ုတ္အစိုးရက ႏိုင္ငံအတြင္းရွိ စားေသာက္ကုန္တင္ပို႔မႈလုပ္ငန္းနဲ႔ ေရာင္းခ်ျခင္းလုပ္ငန္းေတြကို စပါးနဲ႔ ဆီထြက္သီးႏွံပိုမိုသိုေလာင္ထားၾကဖို႔ တိုက္တြန္းလိုက္တယ္လို႔သိရပါတယ္။ အစိုးရပိုင္နဲ႔ ပုဂၢလိက ပိုင္စားေသာက္ ကုန္လုပ္ငန္းေတြကို ပဲပိစပ္၊ ပဲဆီနဲ႔ ေျပာင္းဖူးဆန္ေတြကို ပမာဏမ်ားမ်ားသိုေလွာင္ၾကဖို႔ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနကတိုက္တြန္းလာတယ္လို႔လည္း သိရပါတယ္။ အေၾကာင္းကေတာ့ အခ််ိဳ႕ေသာ စားေသာက္ကုန္တင္ပို႔မႈလုပ္ငန္းေတြနဲ႔ ကုန္သြယ္ေရး အခ်က္အခ်ာဆိပ္ကမ္းေတြဟာ ေရာဂါေၾကာင့္ ပိတ္ဆို႔မႈေတြျဖစ္လာႏိုင္တာေၾကာင့္လို႔လဲသိရပါတယ္။

“တ႐ုတ္အတြက္ ပဲပိစပ္နဲ႔ အျခားေသာ စားေသာက္ကုန္တခ်ိဳ႕ဟာ ဘရာဇီးႏိုင္ငံက တင္ပို႔ေနျခင္းျဖစ္ကာ ယခုအခါ ဘရာဇီးရဲ႕ ေရာဂါကူးစက္မႈႏႈန္းဟာ စပိန္နဲ႔အီတလီတို႔ထက္မ်ားျပားလာတာေၾကာင့္ ယခုလိုစားေသာက္ကုန္ေတြကို ယခင္ကထက္ပိုမိုသိုေလွာင္ဖို႔တိုက္တြန္း တာျဖစ္တယ္လို႔ “တ႐ုတ္ကုန္သည္တစ္ဦးကေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ေမလ ၁၂ ရက္ေန႔ကလဲ တ႐ုတ္ကုန္သြယ္ေရးဝန္ႀကီးဌာနက စားေသာက္ကုန္လုပ္ငန္းရွင္ႀကီးမ်ားကို ဖိတ္ေခၚကာ ကပ္ေရာဂါႀကီးမၿပီးဆုံးမီအထိ စားနပ္ရိကၡာမျပတ္လပ္ေစဖို႔ညႇိႏႈိင္းေဆြးေႏြးမႈေတြျပဳလုပ္ ခဲ့တယ္လို႔လည္း သိရပါတယ္။ အဓိကေဆြးေႏြးမႈကေတာ့ ေတာင္အေမရိကရဲ႕ ထြက္ကုန္ပဲပိစပ္မ်ား တ႐ုတ္ႏိုင္ငံသို႔တင္ပို႔မႈမရပ္ဆိုင္းေစေရးနဲ႔ အကယ္လို႔ရပ္ဆိုင္းသြားပါကလည္း အလုံအေလာက္သိုေလွာင္ထားႏိုင္ေရးအတြက္ ေဆြးေႏြး ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဘရာဇီးရဲ႕ ပဲပိစပ္ တင္ပို႔မႈဟာ မတ္လကတည္းက သိသိ သာသာက်ဆင္းလာခဲ့ၿပီး အေၾကာင္းကေတာ့ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔ ေရာဂါေၾကာင့္ အလုပ္သမားရွားပါးလာျခင္းေၾကာင့္ျဖစ္တယ္လို႔လည္းသိရပါတယ္။ ဘရာဇီးအေနနဲ႔
ပို႔ကုန္တင္သြင္းမႈမျပတ္လတ္ေအာင္ႀကိဳးစားေနေပမယ့္ ထပ္မံျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနေတြေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြက ယခုလို ကုန္သည္ေတြကို တိုက္တြန္းလိုက္ရျခင္းလည္းျဖစ္ပါတယ္။

တ႐ုတ္အစိုးရပိုင္စားေသာက္ကုန္ လုပ္ငန္း COFCO နဲ႔ စပါးေျပာင္းလုပ္ငန္းႀကီး Sinograin တို႔ကေတာ့ ၿပီးခဲ့တဲ့အပတ္ကစလို႔ အေမရိကန္မွ ပဲပိစပ္နဲ႔ ေျပာင္းဆန္ေတြကို စတင္ဝယ္ယူေနၿပီလဲျဖစ္ပါတယ္။ ဇူလိုင္လမွာ အေမရိကန္မွ စတင္တင္ပို႔မယ့္ သေဘၤာေပၚမွာ ပဲပိစပ္ ၂၄၀,၀၀၀ တန္ပါဝင္လာမယ့္ လို႔လည္း သိရပါတယ္။ သို႔ေပမယ့္လည္း ဇန္နဝါရီလက ျပဳလုပ္ခဲ့တဲ့ တ႐ုတ္အေမရိကန္ကုန္သြယ္ေရးစာခ်ဳပ္အရ တ႐ုတ္အတြက္ အေမရိကန္လယ္ယာထြက္ပစၥည္းေတြကိုဝယ္ယူမွႈမွာ ဖိအားတခ်ိဳ႕ရွိေနပါတယ္။တ႐ုတ္ရဲ႕ ပဲပိစပ္သိုေလွာင္မႈဟာ ဘရာဇီးႏိုင္ငံတစ္ႏိုင္ငံထဲက မွဟုတ္ပဲ ကမာၻတစ္ဝွမ္း မွျဖစ္ကာ စက္တင္ဘာေနာက္ပိုင္း အေမရိကန္ ပဲပိစပ္ဟာ ေဈးကြက္ေပၚလာမွာျဖစ္ပါတယ္။

အေမရိကန္ကုန္သြယ္ေရးဌာနဘက္ကလည္း တ႐ုတ္ရဲ႕ပဲပိစပ္အဝယ္ကို ေစာင့္ၾကည့္ေနၿပီး စက္တင္ဘာရိတ္သိမ္းခ်ိန္မွာရရွိမယ့္ ပဲပိစပ္ေတြထဲက ၃၇၄,၀၀၀ တန္ကို တ႐ုတ္တို႔ဝယ္ယူထားၿပီးျဖစ္ကာ ယခုပမာဏဟာ ၂၀၁၆ ခုႏွစ္ကတည္းက ႏွစ္စဥ္ဝယ္ယူေနတဲ့ တန္ခ်ိန္ ၆ေသာင္းထက္စာရင္ေတာ္ေတာ္ေလးမ်ားျပားေနတာေတြ႕ရပါတယ္။ အသားထုတ္လုပ္မႈမွာလည္း အာဖရိကရဲ႕ swine fever ေၾကာင့္ အသားတင္ပို႔မႈေလ်ာ့နည္းေနၿပီးအေမရိကန္အသားထုတ္လုပ္ေရးကလည္း ႏိုင္ငံအတြင္းလုံေလာက္ဖို႔ ျပည္ပတင္ပို႔မႈကိုေလ်ာ့ခ်ထားတာကိုေတြ႕ရပါတယ္။

crd : panpyoelat

unicode

နိုင်ငံ အတွင်းရှိ စားသောက်ကုန် လုပ်ငန်းတွေကို ပစ္စည်းပိုမို သိုလှောင်ဖို့ တရုတ်အစိုးရ သတိပေးနေပြန်ပြီ

ကိုဗစ် ဒုတိယလှိုင်းပြန် လှည့်လာနိုင်ခြင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှု တို့ကို ရှေးရှုသောအားဖြင့် တရုတ်အစိုးရက နိုင်ငံအတွင်းရှိ စားသောက်ကုန်တင်ပို့မှုလုပ်ငန်းနဲ့ ရောင်းချခြင်းလုပ်ငန်းတွေကို စပါးနဲ့ ဆီထွက်သီးနှံပိုမိုသိုလောင်ထားကြဖို့ တိုက်တွန်းလိုက်တယ်လို့သိရပါတယ်။ အစိုးရပိုင်နဲ့ ပုဂ္ဂလိက ပိုင်စားသောက် ကုန်လုပ်ငန်းတွေကို ပဲပိစပ်၊ ပဲဆီနဲ့ ပြောင်းဖူးဆန်တွေကို ပမာဏများများသိုလှောင်ကြဖို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကတိုက်တွန်းလာတယ်လို့လည်း သိရပါတယ်။ အကြောင်းကတော့ အချျို့သော စားသောက်ကုန်တင်ပို့မှုလုပ်ငန်းတွေနဲ့ ကုန်သွယ်ရေး အချက်အချာဆိပ်ကမ်းတွေဟာ ရောဂါကြောင့် ပိတ်ဆို့မှုတွေဖြစ်လာနိုင်တာကြောင့်လို့လဲသိရပါတယ်။

“တရုတ်အတွက် ပဲပိစပ်နဲ့ အခြားသော စားသောက်ကုန်တချို့ဟာ ဘရာဇီးနိုင်ငံက တင်ပို့နေခြင်းဖြစ်ကာ ယခုအခါ ဘရာဇီးရဲ့ ရောဂါကူးစက်မှုနှုန်းဟာ စပိန်နဲ့အီတလီတို့ထက်များပြားလာတာကြောင့် ယခုလိုစားသောက်ကုန်တွေကို ယခင်ကထက်ပိုမိုသိုလှောင်ဖို့တိုက်တွန်း တာဖြစ်တယ်လို့ “တရုတ်ကုန်သည်တစ်ဦးကပြောကြားခဲ့ပါတယ်။ဒါ့အပြင်မေလ ၁၂ ရက်နေ့ကလဲ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက စားသောက်ကုန်လုပ်ငန်းရှင်ကြီးများကို ဖိတ်ခေါ်ကာ ကပ်ရောဂါကြီးမပြီးဆုံးမီအထိ စားနပ်ရိက္ခာမပြတ်လပ်စေဖို့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ် ခဲ့တယ်လို့လည်း သိရပါတယ်။ အဓိကဆွေးနွေးမှုကတော့ တောင်အမေရိကရဲ့ ထွက်ကုန်ပဲပိစပ်များ တရုတ်နိုင်ငံသို့တင်ပို့မှုမရပ်ဆိုင်းစေရေးနဲ့ အကယ်လို့ရပ်ဆိုင်းသွားပါကလည်း အလုံအလောက်သိုလှောင်ထားနိုင်ရေးအတွက် ဆွေးနွေး ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဘရာဇီးရဲ့ ပဲပိစပ် တင်ပို့မှုဟာ မတ်လကတည်းက သိသိ သာသာကျဆင်းလာခဲ့ပြီး အကြောင်းကတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရောဂါကြောင့် အလုပ်သမားရှားပါးလာခြင်းကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။ ဘရာဇီးအနေနဲ့
ပို့ကုန်တင်သွင်းမှုမပြတ်လတ်အောင်ကြိုးစားနေပေမယ့် ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကြောင့် တရုတ်အာဏာပိုင်တွေက ယခုလို ကုန်သည်တွေကို တိုက်တွန်းလိုက်ရခြင်းလည်းဖြစ်ပါတယ်။

တရုတ်အစိုးရပိုင်စားသောက်ကုန် လုပ်ငန်း COFCO နဲ့ စပါးပြောင်းလုပ်ငန်းကြီး Sinograin တို့ကတော့ ပြီးခဲ့တဲ့အပတ်ကစလို့ အမေရိကန်မှ ပဲပိစပ်နဲ့ ပြောင်းဆန်တွေကို စတင်ဝယ်ယူနေပြီလဲဖြစ်ပါတယ်။ ဇူလိုင်လမှာ အမေရိကန်မှ စတင်တင်ပို့မယ့် သင်္ဘောပေါ်မှာ ပဲပိစပ် ၂၄၀,၀၀၀ တန်ပါဝင်လာမယ့် လို့လည်း သိရပါတယ်။ သို့ပေမယ့်လည်း ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ တရုတ်အမေရိကန်ကုန်သွယ်ရေးစာချုပ်အရ တရုတ်အတွက် အမေရိကန်လယ်ယာထွက်ပစ္စည်းတွေကိုဝယ်ယူမှှုမှာ ဖိအားတချို့ရှိနေပါတယ်။တရုတ်ရဲ့ ပဲပိစပ်သိုလှောင်မှုဟာ ဘရာဇီးနိုင်ငံတစ်နိုင်ငံထဲက မှဟုတ်ပဲ ကမ္ဘာတစ်ဝှမ်း မှဖြစ်ကာ စက်တင်ဘာနောက်ပိုင်း အမေရိကန် ပဲပိစပ်ဟာ ဈေးကွက်ပေါ်လာမှာဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနဘက်ကလည်း တရုတ်ရဲ့ပဲပိစပ်အဝယ်ကို စောင့်ကြည့်နေပြီး စက်တင်ဘာရိတ်သိမ်းချိန်မှာရရှိမယ့် ပဲပိစပ်တွေထဲက ၃၇၄,၀၀၀ တန်ကို တရုတ်တို့ဝယ်ယူထားပြီးဖြစ်ကာ ယခုပမာဏဟာ ၂၀၁၆ ခုနှစ်ကတည်းက နှစ်စဉ်ဝယ်ယူနေတဲ့ တန်ချိန် ၆သောင်းထက်စာရင်တော်တော်လေးများပြားနေတာတွေ့ရပါတယ်။ အသားထုတ်လုပ်မှုမှာလည်း အာဖရိကရဲ့ swine fever ကြောင့် အသားတင်ပို့မှုလျော့နည်းနေပြီးအမေရိကန်အသားထုတ်လုပ်ရေးကလည်း နိုင်ငံအတွင်းလုံလောက်ဖို့ ပြည်ပတင်ပို့မှုကိုလျော့ချထားတာကိုတွေ့ရပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

5 × 5 =