ပရိသတ်အချစ်တော်မင်းသားကြီး အကယ်ဒမီ ဝေဠုကျော်ဟာ မကြာသေးခင်က ဒူးဒဏ်ရာကုသနေတဲ့ ပုံလေးတွေကို သူ့ရဲ့ကိုယ်ပိုင် Facebook Account ကနေ မျှဝေခဲ့ပါတယ်။ ဆက်လက်ပြီး ကိုဝေဠုကျော်ကစိတ်ပူပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပါ ပြောကြားခဲ့ပါသေးတယ်။ ဝေဠုကျော်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်နေရာတချို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။
ဝေဠုကျော်ဟာ မေတ္တာအပြည့်နဲ့ အရာသေးသေးလေးတွေကအစ ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒူးမှာရရှိခဲ့တာဖြစ်ပြီး အများအကျိုးသယ်ပိုးနေရလို့ ဒဏ်ရာကို သေချာဂရုမစိုက်နိုင်ခဲ့ပါဘူး။ မုန်တိုင်းပြီးဆုံးချိန်မှသာ မင်းသားကြီးဟာ သူ့ဒဏ်ရာကို ကုသခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေဟာ ပရဟိတမင်းသားကြီးအတွက်စိုးရိမ်ပူပန်ခဲ့ကြပြီး အမြန်သက်သာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ဒါ့ကြောင့် ဝေဠုကျော်က သူ့ရဲ့အကောင့်ကနေ ဒဏ်ရာအတွက် စိတ်ပူပေးတဲ့သူတိုင်းနဲ့ ကုသပေးတဲ့သူတိုင်း ကျေးဇူးတင်ကြောင်း၊ဒဏ်ရာကို အများအကျိုးသယ်ပိုးနေရလို့ ဂရုမစိုက်နိုင်ခဲ့ကြောင်းနဲ့ ဒဏ်ရာကမနက်ပေမယ့် ဂရုမစိုက်ဖြစ်တာကြောင့် အခြေအနေဆိုးလာခဲ့တာ ဖြစ်ကြောင်းကို သူ့ကိုစိတ်ပူနေတဲ့ပရိသတ်ကြီးအတွက် ဝေမျှပေးခဲ့ပါတယ်။ ဝေဠုကျော်ဟာ ဆီးချိုရောဂါပါရှိတယ်လို့ သိရပြီး ထိုဒဏ်ရာကို မောင်းတောဆေးရုံမှာ မေးခိုင်ကာကွယ်ဆေးထိုးပြီး ကုသခဲ့တယ်လို့ သိရပါတယ်။အများအကျိုးဆောင်မင်းသားကြီး အမြန်ဆုံးသက်သာပါစေလို့ Myanmarload Media ကနေ ဆုတောင်းပေးလိုက်ရပါတယ်။
Photos : Credit
ZAWGYI
ပရိသတ္အခ်စ္ေတာ္မင္းသားႀကီး အကယ္ဒမီ ေဝဠဳေက်ာ္ဟာ မၾကာေသးခင္က ဒူးဒဏ္ရာကုသေနတဲ့ ပုံေလးေတြကို သူ႔ရဲ႕ကိုယ္ပိုင္ Facebook Account ကေန မွ်ေဝခဲ့ပါတယ္။ ဆက္လက္ၿပီး ကိုေဝဠဳေက်ာ္ကစိတ္ပူေပးတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္စကားပါ ေျပာၾကားခဲ့ပါေသးတယ္။ ေဝဠဳေက်ာ္ဟာ မိုခါမုန္တိုင္းေၾကာင့္ ပ်က္စီး ဆုံးရႈံးမႈမ်ားခဲ့တဲ့ ရခိုင္ျပည္နယ္ေနရာတခ်ိဳ႕မွာ ကိုယ္တိုင္ကိုယ္က် သြားေရာက္ၿပီး ပရဟိတ လုပ္ငန္းေတြကို လုပ္ေဆာင္ေပးခဲ့ပါတယ္။
ေဝဠဳေက်ာ္ဟာ ေမတၱာအျပည့္နဲ႔ အရာေသးေသးေလးေတြကအစ ပင္ပင္ပန္းပန္း လုပ္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ဒူးမွာရရွိခဲ့တာျဖစ္ၿပီး အမ်ားအက်ိဳးသယ္ပိုးေနရလို႔ ဒဏ္ရာကို ေသခ်ာဂ႐ုမစိုက္ႏိုင္ခဲ့ပါဘူး။ မုန္တိုင္းၿပီးဆုံးခ်ိန္မွသာ မင္းသားႀကီးဟာ သူ႔ဒဏ္ရာကို ကုသခဲ့တာပဲျဖစ္ပါတယ္။ပရိသတ္ေတြဟာ ပရဟိတမင္းသားႀကီးအတြက္စိုးရိမ္ပူပန္ခဲ့ၾကၿပီး အျမန္သက္သာေစဖို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။
ဒါ့ေၾကာင့္ ေဝဠဳေက်ာ္က သူ႔ရဲ႕အေကာင့္ကေန ဒဏ္ရာအတြက္ စိတ္ပူေပးတဲ့သူတိုင္းနဲ႔ ကုသေပးတဲ့သူတိုင္း ေက်းဇူးတင္ေၾကာင္း၊ဒဏ္ရာကို အမ်ားအက်ိဳးသယ္ပိုးေနရလို႔ ဂ႐ုမစိုက္ႏိုင္ခဲ့ေၾကာင္းနဲ႔ ဒဏ္ရာကမနက္ေပမယ့္ ဂ႐ုမစိုက္ျဖစ္တာေၾကာင့္ အေျခအေနဆိုးလာခဲ့တာ ျဖစ္ေၾကာင္းကို သူ႔ကိုစိတ္ပူေနတဲ့ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးခဲ့ပါတယ္။ ေဝဠဳေက်ာ္ဟာ ဆီးခ်ိဳေရာဂါပါရွိတယ္လို႔ သိရၿပီး ထိုဒဏ္ရာကို ေမာင္းေတာေဆး႐ုံမွာ ေမးခိုင္ကာကြယ္ေဆးထိုးၿပီး ကုသခဲ့တယ္လို႔ သိရပါတယ္။အမ်ားအက်ိဳးေဆာင္မင္းသားႀကီး အျမန္ဆုံးသက္သာပါေစလို႔ Myanmarload Media ကေန ဆုေတာင္းေပးလိုက္ရပါတယ္။
Photos : Credit