ဘာအလုပ္ မွ မေပးႏုိင္တဲ့ ျပည္ေတာ္ႀကီး နဲ႔ အေမွာင္ဖံုးေနတဲ့ ျပည္ေတာ္ျပန္မ်ား ရဲ႕ အနာဂတ္

ဘာအလုပ္ မွ မေပးႏုိင္တဲ့ ျပည္ေတာ္ႀကီး နဲ႔ အေမွာင္ဖံုးေနတဲ့ ျပည္ေတာ္ျပန္မ်ား ရဲ႕ အနာဂတ္

မေမွ်ာ္လင့္တဲ့ ျပသာနာ

သိၾကမွာပါ .. ႏိုင္ငံျခားမွာ မိသားစု ထဲက တေယာက္ အလုပ္လုပ္ရင္ ထိုင္စားလို႔ရတယ္ ဆိုတဲ့ အျဖစ္နဲ႔ မွီခိုၿပီးေနထိုင္ၾကတဲ့ လူ႔အဖြဲ႕အစည္းမွာ အခု Covid 19 ျပသနာဟာ ထမင္းလုပ္ကို ပုတ္ခ်လိုက္တဲ့ အတိုင္းျဖစ္လာတယ္။ အဲဒီလို ႏိုင္ငံေတြထဲ ႏိုင္ငံေပါင္းစုံ ပါဝင္တယ္။ အထူးသျဖင့္ – မိသားစုဝင္ေတြကို ရွာေဖြေကြၽးေမြး တတ္တဲ့ စိတ္နဲ႔ေနတဲ့ ရုိးရာဓေလ့ကုိ အေျခခံတဲ့ ႏုိင္ငံေတြျဖစ္တဲ့ လူမႈစီးပြားေရး အားနည္းတဲ့ ဆင္းရဲမႈႏႈန္း မ်ားတဲ့ ဖြံ႕ၿဖဳိးဆဲ ႏုိင္ငံေတြမ်ားတယ္။

ဥပမာ ဖိလစ္ပိုင္ တို႔ အင္ဒိုတို႔ ထိုင္း ျမန္မာ အိႏၵိယ ဘင္းဂလားေဒရွ႕္ စတဲ့ .. မိသားစုထဲက တေယာက္ကို ႏိုင္ငံျခားပို႔ႏိုင္ရင္ မိဘေတြနဲ႔ မွီခိုေနတဲ့ ေဆြမ်ိဳးေတြကို ရွာေကြၽးလို႔ရတယ္ ဘဝအတြက္ စားစရာခိုင္လာမည့္ လို႔ထင္ၾကတဲ့ အျဖစ္နဲ႔ ေနေနတဲ့ ႏိုင္ငံေတြေပါ့။ အဲဒီႏိုင္ငံေတြ က အမ်ားႀကီး။ အာဖရိက ေတာင္အေမရိက အစုံ။ အလုပ္ေတြလုပ္ .. အိမ္ကို ေထာက္ပံ့ေပးၾက ေပါ့။ အခုေတာ့ ျပသနာေတြျဖစ္ေနၾကၿပီ။

တကယ္တန္း ရင္ေလး စရာေကာင္းတဲ့ တခ်က္ဟာ တဆင့္ၿပီး တဆင့္ တက္လာႏိုင္တယ္။ ယေန႔ Trump လို American First ဆိုတဲ့ စိတ္နဲ႔ သူတို႔ႏိုင္ငံသားေတြ အလုပ္ျပန္ရေအာင္ လုပ္ၿပီးမွ အျခားႏိုင္ငံသားေတြ ဦးစားေပးမည့္ စိတ္ေတြနဲ႔ ျဖစ္လာမည့္ ႏိုင္ငံေတြ မ်ားလာလိမ့္မယ္။ အရင္က အလုပ္ ကို တတိယႏုိင္ငံ ေတြက လူေတြ လုပ္ပေလ့ေစဆိုၿပီး – သူတို႔ မလုပ္ခ်င္တဲ့ အလုပ္ေတြ ခိုင္းၾကေပမယ့္ အခုျပသနာက ေနာက္ပိုင္း အလုပ္မရွိရင္ ရတဲ့ အလုပ္ဝင္လုပ္ၾကရမည့္ ကိန္းျဖစ္ေနသလို .. လက္ရွိ ရွိေနတဲ့ လုပ္သားခဲြေဝမႈအရ .. တတိယႏုိင္ငံ ကလူေတြ ျဖဳတ္ၿပီး ကိုယ့္ႏိုင္ငံက လူေတြနဲ႔ အလုပ္လုပ္ဖို႔ ျဖစ္လာႏိုင္တာပဲ။

ခံရတဲ့ လူေတြကေတာ့ .. ငါတို႔ အလုပ္ျပဳတ္ ရတာ သူတို႔ႏိုင္ငံသားေတြ ဦးစားျပန္ေပးလို႔ ဆိုၿပီး ျမင္ၾကလိမ့္မယ္။ တဖက္ကၾကည့္ရင္လည္း မင္းတို႔ အလုပ္ကို တတိယႏုိင္ငံက လူေတြလာလုပ္မွ ဆိုၿပီး ေခ်းမ်ားေနမယ့္အစား မင္းတို႔ ဘာနဲ႔ဆက္စားမွာလဲ .. ႏိုင္ငံက ေငြေၾကးလည္ပတ္ဖို႔ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ လုပ္ဆိုတဲ့ အျဖစ္မ်ိဳးျဖစ္ လာႏိုင္တယ္။

လတ္တေလာေတာ့ အလုပ္ေတြ ျပဳတ္ၾက .. ေနာက္ အိမ္မွာ ေခၚထားတဲ့ အိမ္ေဖာ္ေတာင္ လခမေပးႏိုင္ လို႔ အလုပ္ထပ္ျဖဳတ္နဲ႔ .. အဆင့္ဆင့္ .. အလုပ္မလုပ္ရင္ ဘာနဲ႔ သြားစားမလဲဆိုတဲ့ ျပသနာ။ ေနာက္ အလုပ္ျပဳတ္ – အလုပ္ျပန္ရွာမရနဲ႔ ယခုလတ္တေလာ နာမည္တပ္ထားတဲ့ ျပည္ေတာ္ျပန္ေတြနဲ႔ သူတို႔ကို မွီခိုေနတဲ့ မိသားစု ဝင္ေတြဟာ ျပသနာအႀကီးအက်ယ္တက္လာမည့္ အျဖစ္ကို ဦးတည္ေနတယ္။

ျပည္ေတာ္ျပန္ၿပီး ျပည္ေတာ္ႀကီးမွာ အလုပ္မရရင္ အလုပ္မျဖစ္ရင္ ဘာ နဲ႔ ဆက္စားၾကမွာလဲ။ ျပည္ေတာ္ႀကီးမွာ အလုပ္မျဖစ္လို႔ အျခားႏိုင္ငံသြားလုပ္ေနတဲ့ လူေတြ အမ်ားႀကီး မဟုတ္လား။ အခုလို အခက္အခဲမ်ိဳး အလုပ္ဟူသမွ် ဂုဏ္ရွိစြဆိုၿပီး ေအာ္ၿပီး ေအာက္ေျခအလုပ္ေတာင္ အလုပ္ရွာ ဖို႔ ခက္ေနျပန္ေရာ။

ေနာက္ လူသားျခင္း ေဖးမကူညီတဲ့ စိတ္နဲ႔ ယေန႔ ဆန္အိပ္ေတြ ထမ္းၿပီး လိုက္ေဝငွေန တဲ့ အျဖစ္ဟာ လည္း စီးပြားေရး ဦးေမာ့မလာဘူးဆို .. သူေဌးေတြ လုပ္ငန္းရွင္ေတြ ထိခိုက္ရင္ အဆင့္ဆင့္ဟာ အက်ိဳးသက္ေရာက္မႈေတာ့ ျဖစ္မွာပဲ။ သူတို႔ ဘယ္ေလာက္ထိ ေထာက္ပံ့ေပးႏိုင္မွာလဲ?

Covid ဟာ အားလုံးတက္ညီ လက္ညီ တိုက္ထုတ္ႏိုင္ မွ ျဖစ္မယ္။ အခ်ိန္ေပးထားတဲ့ Work from home တို႔ lockdown တို႔ semi lockdown တို႔ကို တန္ဖိုးရွိစြာ အသုံးမခ်ပဲ လမ္းထြက္ေနတာေတြ နဲ႔ စည္းကမ္းမလိုက္နာတာေတြဟာ တကယ္တန္း အရွည္ဆန႔္သလိုျဖစ္လာႏိုင္တယ္။ အားလုံး သာ တက္ညီ လက္ညီ ေနေပးရင္ အရင္အတိုင္းျပန္ျဖစ္မယ္။ ႏို႔မို႔ဆို ဘဝေတြ အားလုံးဟာ အကုန္ေျပာင္းလဲ သြားလိမ့္မယ္။

I am just reporting ပါ။

Myo Han Htun

unicode

ဘာအလုပ် မှ မပေးနိုင်တဲ့ ပြည်တော်ကြီး နဲ့ အမှောင်ဖုံးနေတဲ့ ပြည်တော်ပြန်များ ရဲ့ အနာဂတ်

မမျှော်လင့်တဲ့ ပြသာနာ

သိကြမှာပါ .. နိုင်ငံခြားမှာ မိသားစု ထဲက တယောက် အလုပ်လုပ်ရင် ထိုင်စားလို့ရတယ် ဆိုတဲ့ အဖြစ်နဲ့ မှီခိုပြီးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းမှာ အခု Covid 19 ပြသနာဟာ ထမင်းလုပ်ကို ပုတ်ချလိုက်တဲ့ အတိုင်းဖြစ်လာတယ်။ အဲဒီလို နိုင်ငံတွေထဲ နိုင်ငံပေါင်းစုံ ပါဝင်တယ်။ အထူးသဖြင့် – မိသားစုဝင်တွေကို ရှာဖွေကျွေးမွေး တတ်တဲ့ စိတ်နဲ့နေတဲ့ ရိုးရာဓလေ့ကို အခြေခံတဲ့ နိုင်ငံတွေဖြစ်တဲ့ လူမှုစီးပွားရေး အားနည်းတဲ့ ဆင်းရဲမှုနှုန်း များတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေများတယ်။

ဥပမာ ဖိလစ်ပိုင် တို့ အင်ဒိုတို့ ထိုင်း မြန်မာ အိန္ဒိယ ဘင်းဂလားဒေရှ့် စတဲ့ .. မိသားစုထဲက တယောက်ကို နိုင်ငံခြားပို့နိုင်ရင် မိဘတွေနဲ့ မှီခိုနေတဲ့ ဆွေမျိုးတွေကို ရှာကျွေးလို့ရတယ် ဘဝအတွက် စားစရာခိုင်လာမည့် လို့ထင်ကြတဲ့ အဖြစ်နဲ့ နေနေတဲ့ နိုင်ငံတွေပေါ့။ အဲဒီနိုင်ငံတွေ က အများကြီး။ အာဖရိက တောင်အမေရိက အစုံ။ အလုပ်တွေလုပ် .. အိမ်ကို ထောက်ပံ့ပေးကြ ပေါ့။ အခုတော့ ပြသနာတွေဖြစ်နေကြပြီ။

တကယ်တန်း ရင်လေး စရာကောင်းတဲ့ တချက်ဟာ တဆင့်ပြီး တဆင့် တက်လာနိုင်တယ်။ ယနေ့ Trump လို American First ဆိုတဲ့ စိတ်နဲ့ သူတို့နိုင်ငံသားတွေ အလုပ်ပြန်ရအောင် လုပ်ပြီးမှ အခြားနိုင်ငံသားတွေ ဦးစားပေးမည့် စိတ်တွေနဲ့ ဖြစ်လာမည့် နိုင်ငံတွေ များလာလိမ့်မယ်။ အရင်က အလုပ် ကို တတိယနိုင်ငံ တွေက လူတွေ လုပ်ပလေ့စေဆိုပြီး – သူတို့ မလုပ်ချင်တဲ့ အလုပ်တွေ ခိုင်းကြပေမယ့် အခုပြသနာက နောက်ပိုင်း အလုပ်မရှိရင် ရတဲ့ အလုပ်ဝင်လုပ်ကြရမည့် ကိန်းဖြစ်နေသလို .. လက်ရှိ ရှိနေတဲ့ လုပ်သားခွဲဝေမှုအရ .. တတိယနိုင်ငံ ကလူတွေ ဖြုတ်ပြီး ကိုယ့်နိုင်ငံက လူတွေနဲ့ အလုပ်လုပ်ဖို့ ဖြစ်လာနိုင်တာပဲ။

ခံရတဲ့ လူတွေကတော့ .. ငါတို့ အလုပ်ပြုတ် ရတာ သူတို့နိုင်ငံသားတွေ ဦးစားပြန်ပေးလို့ ဆိုပြီး မြင်ကြလိမ့်မယ်။ တဖက်ကကြည့်ရင်လည်း မင်းတို့ အလုပ်ကို တတိယနိုင်ငံက လူတွေလာလုပ်မှ ဆိုပြီး ချေးများနေမယ့်အစား မင်းတို့ ဘာနဲ့ဆက်စားမှာလဲ .. နိုင်ငံက ငွေကြေးလည်ပတ်ဖို့ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ဆိုတဲ့ အဖြစ်မျိုးဖြစ် လာနိုင်တယ်။

လတ်တလောတော့ အလုပ်တွေ ပြုတ်ကြ .. နောက် အိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်တောင် လခမပေးနိုင် လို့ အလုပ်ထပ်ဖြုတ်နဲ့ .. အဆင့်ဆင့် .. အလုပ်မလုပ်ရင် ဘာနဲ့ သွားစားမလဲဆိုတဲ့ ပြသနာ။ နောက် အလုပ်ပြုတ် – အလုပ်ပြန်ရှာမရနဲ့ ယခုလတ်တလော နာမည်တပ်ထားတဲ့ ပြည်တော်ပြန်တွေနဲ့ သူတို့ကို မှီခိုနေတဲ့ မိသားစု ဝင်တွေဟာ ပြသနာအကြီးအကျယ်တက်လာမည့် အဖြစ်ကို ဦးတည်နေတယ်။

ပြည်တော်ပြန်ပြီး ပြည်တော်ကြီးမှာ အလုပ်မရရင် အလုပ်မဖြစ်ရင် ဘာ နဲ့ ဆက်စားကြမှာလဲ။ ပြည်တော်ကြီးမှာ အလုပ်မဖြစ်လို့ အခြားနိုင်ငံသွားလုပ်နေတဲ့ လူတွေ အများကြီး မဟုတ်လား။ အခုလို အခက်အခဲမျိုး အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး အော်ပြီး အောက်ခြေအလုပ်တောင် အလုပ်ရှာ ဖို့ ခက်နေပြန်ရော။

နောက် လူသားခြင်း ဖေးမကူညီတဲ့ စိတ်နဲ့ ယနေ့ ဆန်အိပ်တွေ ထမ်းပြီး လိုက်ဝေငှနေ တဲ့ အဖြစ်ဟာ လည်း စီးပွားရေး ဦးမော့မလာဘူးဆို .. သူဌေးတွေ လုပ်ငန်းရှင်တွေ ထိခိုက်ရင် အဆင့်ဆင့်ဟာ အကျိုးသက်ရောက်မှုတော့ ဖြစ်မှာပဲ။ သူတို့ ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်မှာလဲ?

Covid ဟာ အားလုံးတက်ညီ လက်ညီ တိုက်ထုတ်နိုင် မှ ဖြစ်မယ်။ အချိန်ပေးထားတဲ့ Work from home တို့ lockdown တို့ semi lockdown တို့ကို တန်ဖိုးရှိစွာ အသုံးမချပဲ လမ်းထွက်နေတာတွေ နဲ့ စည်းကမ်းမလိုက်နာတာတွေဟာ တကယ်တန်း အရှည်ဆန့်သလိုဖြစ်လာနိုင်တယ်။ အားလုံး သာ တက်ညီ လက်ညီ နေပေးရင် အရင်အတိုင်းပြန်ဖြစ်မယ်။ နို့မို့ဆို ဘဝတွေ အားလုံးဟာ အကုန်ပြောင်းလဲ သွားလိမ့်မယ်။

I am just reporting ပါ။

Myo Han Htun