“ကမ္ဘောဒီးယား” ပရိသတ်တွေသာမက မင်းသမီးတွေကပါ ကြွေနေကြတယ် ဆိုတဲ့ မင်းသားချော “ပိုင်တံခွန်”

Posted on

မြန်မာမော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ “For Rent ပြည့်တန်ဆာ”ဆိုတဲ့ ရုပ်ရှင်ရိုက်ဖို့အတွက် ကမ္ဘောဒီးယားကို ရောက်နေတာဖြစ်ပါတယ်… ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ ကမ္ဘောဒီးယား ပရိသတ်တွေက သူနဲ့ တွေ့ဆုံဖို့အတွက် စိတ်အား ထက်သန်နေကြပါတယ်..

ပိုင်တံခွန်က အရပ်ရှည်ပြီး ချောမောတဲ့ မျက်နှာလေး၊ အပြုံးလေးတွေနဲ့ ဖော်ရွေပြီး ချစ်စရာကောင်းတဲ့ ကာရိုက်တာတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားနိုင်ရုံသာမက အကောင်းဆုံး သရုပ်ဆောင်တွေဖြစ်တဲ့ Sok Somavathy နဲ့ Sarai Sakana တို့တောင် အပြင်မှာ တွေ့တဲ့အခါ မနှုတ်ဆက်ပဲ မနေနိုင်ခဲ့ကြပါဘူး..

လတ်တလောမှာတော့ Sarai Sakana က လူမှုကွန်ယက် Tiktok မှာ ရယ်စရာဗီဒီယိုလေး တစ်ခုကို တင်ထားပါတယ်.. Video ထဲမှာတော့ ပိုင်တံခွန်ရပ်နေတာကို သူမ နဲ့ သူငယ်ချင်းက သွားပြီးဖက်လိုက်တာပါ.. ပိုင်တံခွန်ကလည်း သူမပြေးလာတဲ့ ပုံလေးကို ကြည့်ပြီး ရှက်ပြုံးလေး နဲ့ စိတ်လှုပ်ရှားတဲ့ ပုံလေးဖြစ်သွားခဲ့ပါတယ်..

Source – Popular.com

zawgyi

ျမန္မာေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ လက္ရွိမွာ “For Rent ျပည့္တန္ဆာ”ဆိုတဲ့ ႐ုပ္ရွင္႐ိုက္ဖို႔အတြက္ ကေမာၻဒီးယားကို ေရာက္ေနတာျဖစ္ပါတယ္… ႐ိုက္ကူးေရးလုပ္ေနတဲ့အခ်ိန္မွာ ကေမာၻဒီးယား ပရိသတ္ေတြက သူနဲ႔ ေတြ႕ဆုံဖို႔အတြက္ စိတ္အား ထက္သန္ေနၾကပါတယ္..

ပိုင္တံခြန္က အရပ္ရွည္ၿပီး ေခ်ာေမာတဲ့ မ်က္ႏွာေလး၊ အၿပဳံးေလးေတြနဲ႔ ေဖာ္ေ႐ြၿပီး ခ်စ္စရာေကာင္းတဲ့ ကာ႐ိုက္တာေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းကို ဖမ္းစားထားႏိုင္႐ုံသာမက အေကာင္းဆုံး သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Sok Somavathy နဲ႔ Sarai Sakana တို႔ေတာင္ အျပင္မွာ ေတြ႕တဲ့အခါ မႏႈတ္ဆက္ပဲ မေနႏိုင္ခဲ့ၾကပါဘူး..

လတ္တေလာမွာေတာ့ Sarai Sakana က လူမႈကြန္ယက္ Tiktok မွာ ရယ္စရာဗီဒီယိုေလး တစ္ခုကို တင္ထားပါတယ္.. Video ထဲမွာေတာ့ ပိုင္တံခြန္ရပ္ေနတာကို သူမ နဲ႔ သူငယ္ခ်င္းက သြားၿပီးဖက္လိုက္တာပါ.. ပိုင္တံခြန္ကလည္း သူမေျပးလာတဲ့ ပုံေလးကို ၾကည့္ၿပီး ရွက္ၿပဳံးေလး နဲ႔ စိတ္လႈပ္ရွားတဲ့ ပုံေလးျဖစ္သြားခဲ့ပါတယ္..

Source – Popular.com