ချစ်ရတဲ့ချစ်သူ “မေဦး” နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်တဲ့ “ဟန်လင်း”

Posted on

ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေ အပြည့်ရထားတဲ့ LGBT စုံတွဲလေး ဟန်လင်းနဲ့ မေဦးတို့ဟာ မကြာသေးခင်က သူတို့နှစ်ယောက် ရဲ့ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ပါတယ်။ဒီနေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်တဲ့ ပုံရိပ်လေးတွေကို ဟန်လင်းက‌ သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်ကနေ “ Tie To Knot 5.18.2023 ‘’ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှခဲ့ပါတယ်။

ဟန်လင်းနဲ့ မေဦးတို့ဟာ နှစ်တွေအကြာကြီး တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိရှိ ချစ်ခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပြီး နောက်ဆုံးမှာတော့ လှပတဲ့ အဆုံးသတ်လေးနဲ့ ဇာတ်သိမ်းနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ချစ်သူသက်တမ်း (၇) နှစ်ပြည့်ခါနီးမှာပဲ ဟန်လင်းက မေဦးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး မေဦးကလည်း “ Yes ‘’ ဆိုတဲ့ အဖြေကို တန်းပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ မိသားစုဘဝကို အတူတည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေကို ကြည်နူးစေခဲ့ပါတယ်။ပရိသတ်တွေဟာ ဟန်လင်း ရဲ့ Post အောက်မှာ သူတို့စုံတွဲလေးကို ဝိုင်းဝန်းဂုဏ်ပြုကာ ချစ်ပေးခဲ့ကြပါတယ်။မင်္ဂလာပွဲကပုံရိပ်လေးတွေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ရဲ့ တစ်ယောက် အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို အတိအကျမြင်တွေ့နိုင်တာလည်း ဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ စုံတွဲလေး သက်ဆုံးတိုင်လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးရင်း မင်္ဂလာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ရပါတယ်။

Photos : Credit

zawgyi

ပရိသတ္ေတြဆီက ခ်စ္ျခင္းေမတၱာေတြ အျပည့္ရထားတဲ့ LGBT စုံတြဲေလး ဟန္လင္းနဲ႔ ေမဦးတို႔ဟာ မၾကာေသးခင္က သူတို႔ႏွစ္ေယာက္ ရဲ႕ မဂၤလာပြဲေလးကို က်င္းပခဲ့ပါတယ္။ဒီေန႔မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ထပ္တဲ့ ပုံရိပ္ေလးေတြကို ဟန္လင္းက‌ သူ႔ရဲ႕ ကိုယ္ပိုင္ Facebook အေကာင့္ကေန “ Tie To Knot 5.18.2023 ‘’ ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ ေဝမွ်ခဲ့ပါတယ္။

ဟန္လင္းနဲ႔ ေမဦးတို႔ဟာ ႏွစ္ေတြအၾကာႀကီး တစ္ေယာက္ေပၚတစ္ေယာက္ သစၥာရွိရွိ ခ်စ္ခဲ့ၾကတဲ့ စုံတြဲေလးျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ လွပတဲ့ အဆုံးသတ္ေလးနဲ႔ ဇာတ္သိမ္းႏိုင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ခ်စ္သူသက္တမ္း (၇) ႏွစ္ျပည့္ခါနီးမွာပဲ ဟန္လင္းက ေမဦးကို လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး ေမဦးကလည္း “ Yes ‘’ ဆိုတဲ့ အေျဖကို တန္းေပးခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ မိသားစုဘဝကို အတူတည္ေထာင္ႏိုင္ခဲ့ၿပီ ျဖစ္ၿပီး ပရိသတ္ေတြကို ၾကည္ႏူးေစခဲ့ပါတယ္။ပရိသတ္ေတြဟာ ဟန္လင္း ရဲ႕ Post ေအာက္မွာ သူတို႔စုံတြဲေလးကို ဝိုင္းဝန္းဂုဏ္ျပဳကာ ခ်စ္ေပးခဲ့ၾကပါတယ္။မဂၤလာပြဲကပုံရိပ္ေလးေတြကို ၾကည့္ျခင္းအားျဖင့္ သူတို႔ႏွစ္ေယာက္ရဲ႕ တစ္ေယာက္ အေပၚတစ္ေယာက္ထားတဲ့ ခ်စ္ျခင္းေမတၱာေတြကို အတိအက်ျမင္ေတြ႕ႏိုင္တာလည္း ျဖစ္ပါတယ္။ အရမ္းခ်စ္ၾကတဲ့ စုံတြဲေလး သက္ဆုံးတိုင္လက္တြဲႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း မဂၤလာပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ရပါတယ္။

Photos : Credit