ယမန်နေ့ မေလ(၂၅)ရက်နေ့ ည က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အနုပညာဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Nine Entertainment Awards 2023 ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို မြန်မာပရိသတ်တွေသာမက ထိုင်းက အမျိုးသမီးပရိသတ်တွေပါ သည်းသည်းလှုပ်ရတဲ့ အနုပညာရှင် ဒေါင်း က တက်ရောက်ခဲ့ပါတယ်။
Nine Entertainment Awards 2023 ပွဲ မှာ မြန်မာ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင်ဒေါင်း နဲ့ အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ထိုင်းဇာတ်လမ်းတွဲ “ကျောက်ဖရားမှ ဧရာဝတီသို့ ” ရုပ်သံဇာတ်လမ်းတွဲဟာ Creative Team of the Year (တစ်နှစ်တာအကောင်းဆုံးဖန်တီးနိုင်မှု) နှင့် Drama of the Year (တစ်နှစ်တာအကောင်းဆုံး ဇာတ်ကားဆု) နှစ်ဆု လုံးကို ရရှိခဲ့ကာ အကြီးမားဆုံးအောင်မြင်မှုရရှိခဲ့ပါတယ်။
အဆိုပါ ဆုချီးမြှင့်ပွဲကို ဒေါင်းမှ ကိုယ်တိုင်တက်ရောက် ဆုယူခဲ့ပြီး စင်မြင့်ထက်မှာလည်း မြန်မာပရိသတ်တွေအကြောင်းကို သတိတရနဲ့ပြောသွားခဲ့သလို သူ့ရဲ့ Facebook page မှာလည်း သူ့အနေနဲ့ ဒီဇာတ်ကားကိုရိုက်ဖို့ ထိုင်းကိုထွက်လာတာဆိုရင် နှစ်နှစ်ကျော်သွားခဲ့ပြီဖြစ်ကြောင်း ၊ ချစ်ရတဲ့ ပရိသတ်တွေကိုလွမ်းကြောင်း ၊ ခုလိုဆုရတဲ့အချိန်မှာလည်း ပျော်ရွှင်မှုကို အပြည့်အဝပေးလိုကြောင်း ရေးသား ခဲ့ပါသေးတယ်။ အားလုံးကချစ်ကြတဲ့ သောကြာကြယ်လေး ” ဒေါင်း ” ရေ…Congratulations ပါ။ ဒီ့ထက်လည်းအောင်မြင်မှုတွေရရှိနိုင်ပါစေနော်။
Source – Daung Facebook
zawgyi
ယမန္ေန႔ ေမလ(၂၅)ရက္ေန႔ ည က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ အႏုပညာဆုေပးပြဲႀကီးတစ္ခုျဖစ္တဲ့ Nine Entertainment Awards 2023 ကို က်င္းပျပဳလုပ္ခဲ့ၿပီး အဆိုပါပြဲကို ျမန္မာပရိသတ္ေတြသာမက ထိုင္းက အမ်ိဳးသမီးပရိသတ္ေတြပါ သည္းသည္းလႈပ္ရတဲ့ အႏုပညာရွင္ ေဒါင္း က တက္ေရာက္ခဲ့ပါတယ္။
Nine Entertainment Awards 2023 ပြဲ မွာ ျမန္မာ အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ သ႐ုပ္ေဆာင္ေဒါင္း နဲ႔ အလွမယ္ ႏွင္းေသြးယုေအာင္တို႔ ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ ထိုင္းဇာတ္လမ္းတြဲ “ေက်ာက္ဖရားမွ ဧရာဝတီသို႔ ” ႐ုပ္သံဇာတ္လမ္းတြဲဟာ Creative Team of the Year (တစ္ႏွစ္တာအေကာင္းဆုံးဖန္တီးႏိုင္မႈ) ႏွင့္ Drama of the Year (တစ္ႏွစ္တာအေကာင္းဆုံး ဇာတ္ကားဆု) ႏွစ္ဆု လုံးကို ရရွိခဲ့ကာ အႀကီးမားဆုံးေအာင္ျမင္မႈရရွိခဲ့ပါတယ္။
အဆိုပါ ဆုခ်ီးျမႇင့္ပြဲကို ေဒါင္းမွ ကိုယ္တိုင္တက္ေရာက္ ဆုယူခဲ့ၿပီး စင္ျမင့္ထက္မွာလည္း ျမန္မာပရိသတ္ေတြအေၾကာင္းကို သတိတရနဲ႔ေျပာသြားခဲ့သလို သူ႔ရဲ႕ Facebook page မွာလည္း သူ႔အေနနဲ႔ ဒီဇာတ္ကားကို႐ိုက္ဖို႔ ထိုင္းကိုထြက္လာတာဆိုရင္ ႏွစ္ႏွစ္ေက်ာ္သြားခဲ့ၿပီျဖစ္ေၾကာင္း ၊ ခ်စ္ရတဲ့ ပရိသတ္ေတြကိုလြမ္းေၾကာင္း ၊ ခုလိုဆုရတဲ့အခ်ိန္မွာလည္း ေပ်ာ္႐ႊင္မႈကို အျပည့္အဝေပးလိုေၾကာင္း ေရးသား ခဲ့ပါေသးတယ္။ အားလုံးကခ်စ္ၾကတဲ့ ေသာၾကာၾကယ္ေလး ” ေဒါင္း ” ေရ…Congratulations ပါ။ ဒီ့ထက္လည္းေအာင္ျမင္မႈေတြရရွိႏိုင္ပါေစေနာ္။
Source – Daung Facebook