




Source:Eint Chit

unicode

Joox ရဲ့ နံပါတ်(၁)နေရာကို သိမ်းပိုက်နိုင် ခဲ့တဲ့ အိမ့်ချစ် ရဲ့သီချင်း သစ်လေး

အိမ့်ချစ်ကတော့ ပရိသတ် အားပေးမှုကို အပြည့်အဝ ပိုင်ဆိုင်ရရှိထားတဲ့ ဂီတအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တစ်ကိုယ်တော်တေးစီရီးအယ်ဘမ်များစွာနဲ့ Singleအယ်ဘမ်ပေါင်းများစွာကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း “နည်းနည်းလေးချစ်ပေးပါ” လို့ အမည်ရတဲ့ အချစ်သီချင်း အသစ်လေးတစ်ပုဒ်ကိုထပ်မံထွက်ရှိထားခဲ့ပါတယ်။

အဆိုပါသီချင်းလေး ကိုတော့ ဝေလက အကောင်းဆုံးရေးစပ်ပေးထားတာဖြစ်ပါတယ်။“နည်းနည်းလေးချစ်ပေးပါ” ဆိုတဲ့သီချင်းလေးကိုတော့ Lucky Hand Music Band မှ Guiterist ကိုအောင်သူ Drummer ဗုံဗုံလေး Bassist ဦးမြတ်မိုး၊Keyboard Player ကိုဖြိုးမင်းနိုင်၊ mixing & Mastering တို့ ကအကောင်းဆုံးတီးခတ်ပေးခဲ့တာဖြစ်ပြီး ဒီသီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။

ဒါ့ကြောင့်လည်း အိမ့်ချစ် ရဲ့သီချင်းလေးဟာ ထွက်ရှိလာပြီး ပထမပတ်မှာတင် Joox ရဲ့နံပါတ်(၃)နေရာ အထိရရှိခဲ့ပြီး ဒီတစ်ပတ် မှာတော့ နံပါတ်(၁)နေရာကို အရယူသိမ်းပိုက်နိုင်ခဲ့ပါပြီ။ ပရိသတ်ကြီးရေ Joox ရဲ့နံပါတ်(၁)နေရာအထိအရယူနိုင်ခဲ့တဲ့ အိမ့်ချစ် အတွက်ဂုဏ်ပြုစကားလေးပြောပြခဲ့ပါဦးနော်….။

Source:Eint Chit

Add a Comment

Your email address will not be published. Required fields are marked *

4 × three =