“ကိုနိုင်လင်း နဲ့ မမဦး” တို့ကို ချစ်သော ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးပါးလာတဲ့ “ဆုထက်လှိုင်”

မင်္ဂလာပါ ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုထက်လှိုင် ကတော့ အိမ်မက်ဆုံရာ သီချင်းအဆို ပြိုင်ပွဲကြီးကနေ အနုပညာ လောကထဲကို စတင်ဝင်ရောက် ခဲ့တဲ့သူ တစ်ယောက် ဖြစ်ပြီး သီချင်းတွေ အတော်များများ ထွက်ရှိခဲ့ဖူးသလို အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလုပ်ကိုင် လာရာမှာလည်း ဇာတ်ကောင်စရိုက်နဲ့အညီ အကောင်းဆုံးဖြစ်အောင် ပီပြင်စွာ ပုံဖော်နိုင်သော သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက သည်းသည်းလှုပ် ချစ်ခင် အားပေးနေရတဲ့ မင်းသမီးချောလေး တစ်ယောက်လည်းပဲ ဖြစ်ပါ တယ်နော်။

မကြာခင်ရက်ပိုင်းတုန်းကလည်း “ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်” ဇာတ်ကားကြီးမှာ MRTV4 မင်းသားချော ကျော်ထက်ဇော်နဲ့ တွဲဖက်ပြီး တင်မေ ဉီးဆိုသော မမ ဉီး ဇာတ်ကောင်နေရာကနေ သူမရဲ့အနုပညာ အရည်အသွေးတွေကို အကောင်းဆုံးပုံဖော် ပြသနိုင်ခဲ့တာမို့ ပရိသတ်တွေရင်ထဲမှာ မမ ဉီးဟာ စွဲမြဲလို့ ထင်ကျန်နေခဲ့ရတာကို တွေ့ရပါတယ်နော်။ ဒေါင်းယာဉ်ပျံဇာတ်လမ်းတွဲလေးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကလည်း မမ ဉီးကို ချစ်ကြသလို ကိုနိုင်လင်းရဲ့ဇာတ်ကောင် စရိုက်ကို ပီပြင်ပိုင်နိုင်စွာ ပုံဖော်နိုင်ခဲ့တဲ့ မင်းသားချော ကျော်ထက်ဇော်ကိုလည်း နှစ်သက်သဘောကျစွာဖြင့် အားပေးခဲ့ ကြရတာပါနော်။

ကိုနိုင်လင်းနဲ့မမ ဉီးတို့ အတွဲလေးကို သဘောကျကြတဲ့ ပရိသတ်တွေကတော့ ကိုနိုင်လင်းနဲ့ မမ ဉီးတို့ ပေါင်းစပ်ဖန်တီးထားသော အနုပညာဖန်တီးမှုလေးတွေကို ထပ်မံတွေ့လို နေကြတာ ဖြစ်ပြီး ဆုထက်လှိုင်သီဆိုပြီး ကျော်ထက်ဇော်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ လမ်းခွဲချိန်သီချင်းလေးကိုလည်း တခဲနက် အားပေးခဲ့ကြ ပြန်တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဆုထက်လှိုင်က ကိုနိုင်လင်း နဲ့ မမ ဉီး တို့ကို ချစ်သော ပရိသတ်တွေအတွက် ကိုနိုင်လင်းနဲ့မမ ဉီးစုံတွဲလေးကို အတူယှဉ်တွဲ မြင်ရအုံးမယ် ထူးခြားဆန်းသစ်တဲ့ အစီအစဉ်လေးတစ်ခုကို နှစ်ယောက်ပေါင်းပြီး တိုင်ပင်နေကြောင်း သတင်းကောင်းပါ လာပါတယ်။ အဲ့ဒီဝမ်းသာစရာ သတင်းကောင်းလေး ကတော့ ပရိသတ်တွေ အနေနဲ့ ကိုနိုင်လင်းနဲ့မမ ဉီးတို့ နှစ် ဉီးပေါင်း သီဆိုထားတဲ့ ထိုင်းသီချင်းလေးကို နားဆင်ခံစားရမှာ ဖြစ်ပါတယ်တဲ့နော်။

ဒီအကြောင်းလေးကို ဆုထက်လှိုင်က”အစ်ကို ကျော်ထက်ဇော်နဲ့ ထိုင်းသီချင်းလေးတစ်ပုဒ်ကို အတူတွဲဆိုဖို့ရှိပြီး အစ်ကိုတစ်ယောက်တည်းအနေနဲ့လည်း Cover Song လေး တစ်ပုဒ်ထွက်ဖို့ ရှိပါတယ်။ အဆိုပိုင်း နဲ့ပတ်သက်ပြီး ဆုထက် သိသလောက်လေးတော့ အစ်ကို့ကို‌ ပြောပြဖြစ်ပါတယ်”လို့ ပြောလာခဲ့သလို နှစ်ယောက်တွဲ စုံတွဲသီဆိုမယ့် ထိုင်းသီချင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း ဆုထက်လှိုင်က “သူနဲ့တော့ တိုင်တော့ တိုင်ပင်နေတယ်။ သူက ဆိုချင်တယ် ဆိုချင်တယ်ဆိုတာက ဆုထက်ကလည်း ထိုင်းနဲ့ ကျောင်းပြီးတာ၊ သူလည်း ထိုင်းစကား နည်းနည်း သင်နေတယ် ဆိုတော့ ထိုင်းသီချင်းတစ်ပုဒ်လောက် ယိုးဒယားသီချင်းတစ်ပုဒ်လောက်ကို Cover ပြန်ဆိုကြမလားဆိုပြီးတော့ တိုင်ပင်နေတာမျိုးတော့ ရှိတယ် ဒါပေမယ့် အခုချိန်ထိတော့လည်း မလုပ်ဖြစ်သေးဘူး အစ်ကိုက အလုပ်အရမ်းများတာလည်း ပါပါတယ်။

ဆုထက်ကတော့ သိပ်မဟုတ်ဘူး သူက အရမ်းအရမ်း အလုပ်ရှုပ်သော Very Busyမို့” ဆိုပြီး ကျော်ထက်ဇော်နဲ့ ထိုင်းသီချင်းလေး တစ်ပုဒ် အတူတူဆိုကာ ပရိသတ်တွေဆီကို အရောက်ပို့နိုင်ဖို့ တိုင်ပင်ထားတယ်ဆိုတဲ့ အကြောင်းလေးကို ချစ်သောပရိသတ်တွေ ကြိုတင်ဝမ်းသာနိုင်စေဖို့ ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ကကော ကိုနိုင်လင်းနဲ့မမ ဉီး တို့ စုံတွဲလေးက နှစ်ကိုယ်တူ ယှဉ်တွဲကာ ဖျော်ဖြေတင်ဆက် သီဆိုပေးမယ့် ထိုင်းသီချင်းလေးကို စောင့်မျှော်ကာ အားပေးကြမလား ဆိုတာလေးကို မှတ်ချက်လေးတွေ ရေးသားပြီး ပြောပေးခဲ့ ကြပါအုံးနော်။ ပရိသတ်တွေရဲ့ တောင်းဆိုမှုနဲ့ အလုပ်မအားတဲ့ ကိုနိုင်လင်းကြီးလည်း အချိန်ပေးလာမယ်ဆိုရင် ကိုနိုင်လင်းနဲ့မမ ဉီးတို့စုံတွဲ ထိုင်းသီချင်းလေး အမြန်ဆုံး ထွက်လာနိုင်တာမို့ မန့်မှာ မှတ်ချက်လေးတွေ ရေးသားပေးခဲ့ဖို့ မမေ့နဲ့နော်။

crd