မိတၳီလာ ျပည္သူ႔ေဆး႐ုံႀကီး ရွိ (COVID 19) ေစာင့္ၾကည့္္ လူနာ အမ်ိဳးသမီး (၂) ဦး ေသဆုံး

မိတၳီလာ ျပည္သူ႔ေဆး႐ုံႀကီး ရွိ (COVID 19) ေစာင့္ၾကည့္္ လူနာ အမ်ိဳးသမီး (၂) ဦး ေသဆုံး

မႏၲေလးတိုင္း ေဒသႀကီး မိတၳီလာ ျပည္္သူ႔ ေဆး႐ုံႀကီးရွိ (COVID 19) ေစာင့္ၾကည့္္ လူနာ အမ်ိဳးသမီး (၂)ဦး ေသဆုံး ခဲ့ေၾကာင္း ေမ (၁၇) ရက္ နံနက္္က မိတၳီလာ ခရိုင္ေဆး႐ုံ အုပ္ႀကီးေဒါက္တာ ညြန္႔စိန္္ ထံမွ သိရသည္္။ မိတၳီလာျပည္သူ႔ေဆး႐ုံ ေစာင့္ၾကည့္လူနာေဆာင္တြင္ ေမ (၁၆)ရက္ ည (၇) နာရီ ခြဲခန္႔္ က ေဒၚခင္….(၆၄)ႏွစ္ ဝမ္းတြင္း ၿမိဳ႕နယ္ အိုင္္သာယာ ေက်းရြာမွ ေဆး႐ုံ တက္ေရာက္ေဆးကုသမႈ ခံယူ ေနစဥ္ ေသဆုံး ခဲ့ျခင္း ျဖစ္္ သည္္။

ေဒၚခင္…..သည္္ ေမ (၁၅) ရက္ ည (၁၁) နာရီခန္႔္ တြင္ ေဆး႐ုံသို႔ ေရာက္္ရွိလာစဥ္္ ကိုယ္္ အပူခ်ိန္ (၁၀၂) ဒီဂရီ ရွိ ေနကာ လြန္္ခဲ့ သည့္ ငါးႏွစ္ခန္႔္ ကတည္းက ေသြးတိုးႏွင့္္ ဆီးခ်ိဳေရာဂါရွိခဲ့ေၾကာင္း သိရသည္။ ၎ အား ေမ (၁၆) ရက္ ညေန (၃) နာရီခန္႔္ တြင္္ ႏွာေခါင္း တို႔ ဖတ္္ယူ ၍ ရန္ကုန္္ ဓာတ္ခြဲ ဌာနသို႔ ေပးပို႔ထားေၾကာင္း သိရသည္္။

အလားတူ မိတၳီလာ ျပည္္သူ႔ေဆး႐ုံ ေစာင့္ၾကည့္္ လူနာေဆာင္တြင္ ေမ (၁၇) ရက္ နံနက္ (၆) နာရီ (၂၅) မိနစ္ခန္႔တြင္ ေဒၚ…..(၅၈) ႏွစ္ မိတၳီလာၿမိဳ႕ ရတနာမာန္ေအာင္္ရပ္္ ကြက္ ကန္ေတာ္္မင္္ရပ္္ မွ ေဆး႐ုံ တက္ေရာက္ေဆး ကုသမႈခံ ယူေနသည့္္ လူနာသည္္ လည္း ေသ ဆုံး ခဲ့ျခင္းျဖစ္္ သည္္။ ေဒၚ…….သည္ ေမ (၁၆) ရက္္ ည (၈) နာရီ ခန္္႔တြင္္ ေဆး႐ုံ သို႔ ေရာက္္ ရွိခဲ့ၿပီး ကိုယ္္ အပူခ်ိန္ (၁၀၂) ဒီဂရီ ရွိသည့္ အျပင္ ဆီးခ်ိဳေရာဂါ ရွိသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း၊ ၎၏ ႏွာေခါင္းတို႔ဖတ္ယူ၍ ရန္ကုန္ဓာတ္ခြဲ ဌာနသို႔ ေပးပို႔ထားေၾကာင္း ေဒါက္တာ ညြန္႔စိန္္ က ေျပာသည္္။

အဆိုပါ ေသဆုံး သည့္ ေစာင့္ၾကည့္ လူနာ (၂)ဦးႏွင့္ ၎တို႔၏ မိသားစုဝင္ မ်ားသည္ ခရီးသြားရာဇဝင္ မရွိခဲ့ေၾကာင္း သိရ သည္။ မိတၳီလာ ျပည္သူ႔ေဆး႐ုံ ဖ်ားနာေဆာင္ တြင္ ဖ်ားနာလူနာ ေလးဦးရွိေၾကာင္း၊ ေစာင့္ၾကည့္လူနာေဆာင္တြင္ အသက္ကိုး ႏွစ္ခြဲအရြယ္ ကေလးငယ္ (၁)ဦးရွိၿပီး ေမ (၁၆) ရက္ ညေန (၃) နာရီခန္႔တြင္ ႏွာေခါင္းတို႔ ဖတ္္ယူ၍ ရန္ကုန္္ ဓာတ္္ခြဲ ဌာနသို႔ေပးပို႔ ထားေၾကာင္း ၎က ဆက္လက္ ေျပာသည္။ ေဒၚခင္……..၏ အေလာင္းအား ေမ ၁၇ ရက္ နံက္ ၉ နာရီခန္႔တြင္ လည္းေကာင္း၊ ေဒၚ……..၏ အေလာင္း အား ေမ ၁၇ ရက္ နံနက္ ၁၀ နာရီခြဲ တြင္ လည္းေကာင္း မိတၳီလာ ျမင္ေတာ္ ကန္သုသာန္သို႔ ပို႔ေဆာင္မီးသၿဂႋဳဟ္ ခဲ့ေၾကာင္း သိရသည္္။

crd:The myanmar Time

unicode

မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး ရှိ (COVID 19) စောင့်ကြည့် လူနာ အမျိုးသမီး (၂) ဦး သေဆုံး

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ပြည်သူ့ ဆေးရုံကြီးရှိ (COVID 19) စောင့်ကြည့် လူနာ အမျိုးသမီး (၂)ဦး သေဆုံး ခဲ့ကြောင်း မေ (၁၇) ရက် နံနက်က မိတ္ထီလာ ခရိုင်ဆေးရုံ အုပ်ကြီးဒေါက်တာ ညွန့်စိန် ထံမှ သိရသည်။ မိတ္ထီလာပြည်သူ့ဆေးရုံ စောင့်ကြည့်လူနာဆောင်တွင် မေ (၁၆)ရက် ည (၇) နာရီ ခွဲခန့် က ဒေါ်ခင်….(၆၄)နှစ် ဝမ်းတွင်း မြို့နယ် အိုင်သာယာ ကျေးရွာမှ ဆေးရုံ တက်ရောက်ဆေးကုသမှု ခံယူ နေစဉ် သေဆုံး ခဲ့ခြင်း ဖြစ် သည်။

ဒေါ်ခင်…..သည် မေ (၁၅) ရက် ည (၁၁) နာရီခန့် တွင် ဆေးရုံသို့ ရောက်ရှိလာစဉ် ကိုယ် အပူချိန် (၁၀၂) ဒီဂရီ ရှိ နေကာ လွန်ခဲ့ သည့် ငါးနှစ်ခန့် ကတည်းက သွေးတိုးနှင့် ဆီးချိုရောဂါရှိခဲ့ကြောင်း သိရသည်။ ၎င်း အား မေ (၁၆) ရက် ညနေ (၃) နာရီခန့် တွင် နှာခေါင်း တို့ ဖတ်ယူ ၍ ရန်ကုန် ဓာတ်ခွဲ ဌာနသို့ ပေးပို့ထားကြောင်း သိရသည်။

အလားတူ မိတ္ထီလာ ပြည်သူ့ဆေးရုံ စောင့်ကြည့် လူနာဆောင်တွင် မေ (၁၇) ရက် နံနက် (၆) နာရီ (၂၅) မိနစ်ခန့်တွင် ဒေါ်…..(၅၈) နှစ် မိတ္ထီလာမြို့ ရတနာမာန်အောင်ရပ် ကွက် ကန်တော်မင်ရပ် မှ ဆေးရုံ တက်ရောက်ဆေး ကုသမှုခံ ယူနေသည့် လူနာသည် လည်း သေ ဆုံး ခဲ့ခြင်းဖြစ် သည်။ ဒေါ်…….သည် မေ (၁၆) ရက် ည (၈) နာရီ ခန့််တွင် ဆေးရုံ သို့ ရောက် ရှိခဲ့ပြီး ကိုယ် အပူချိန် (၁၀၂) ဒီဂရီ ရှိသည့် အပြင် ဆီးချိုရောဂါ ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်း၏ နှာခေါင်းတို့ဖတ်ယူ၍ ရန်ကုန်ဓာတ်ခွဲ ဌာနသို့ ပေးပို့ထားကြောင်း ဒေါက်တာ ညွန့်စိန် က ပြောသည်။

အဆိုပါ သေဆုံး သည့် စောင့်ကြည့် လူနာ (၂)ဦးနှင့် ၎င်းတို့၏ မိသားစုဝင် များသည် ခရီးသွားရာဇဝင် မရှိခဲ့ကြောင်း သိရ သည်။ မိတ္ထီလာ ပြည်သူ့ဆေးရုံ ဖျားနာဆောင် တွင် ဖျားနာလူနာ လေးဦးရှိကြောင်း၊ စောင့်ကြည့်လူနာဆောင်တွင် အသက်ကိုး နှစ်ခွဲအရွယ် ကလေးငယ် (၁)ဦးရှိပြီး မေ (၁၆) ရက် ညနေ (၃) နာရီခန့်တွင် နှာခေါင်းတို့ ဖတ်ယူ၍ ရန်ကုန် ဓာတ်ခွဲ ဌာနသို့ပေးပို့ ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။ ဒေါ်ခင်……..၏ အလောင်းအား မေ ၁၇ ရက် နံက် ၉ နာရီခန့်တွင် လည်းကောင်း၊ ဒေါ်……..၏ အလောင်း အား မေ ၁၇ ရက် နံနက် ၁၀ နာရီခွဲ တွင် လည်းကောင်း မိတ္ထီလာ မြင်တော် ကန်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ် ခဲ့ကြောင်း သိရသည်။

crd:The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *

seven + 16 =