ကေလးငယ္ မ်ားအား လိင္ပညာေပး သင္ခန္းစာ သင္ၾကားေပးျခင္းျဖင့္ ရရွိလာမည့္ အက်ိဳးဆက္မ်ား

ကေလးငယ္ မ်ားအား လိင္ပညာေပး သင္ခန္းစာ သင္ၾကားေပးျခင္းျဖင့္ ရရွိလာမည့္ အက်ိဳးဆက္မ်ား

ကေလးေတြ ကို ပြင့္ပြင့္လင္းလင္း လိင္ ပညာေပးထားမယ္ ဆိုရင္ သူတို႔ အေနနဲ႔ အ႐ြယ္ မတိုင္ခင္ စမ္းသပ္ခ်င္ စိတ္ေတြ ေလ်ာ့ပါးလာႏိုင္ သလို သူတို႔ရဲ႕လိင္အဂၤါ ေတြကို သူတို႔ ခြင့္ျပဳခ်က္၊ ဆႏၵ မပါဘဲ ထိေတြ႕ ကိုင္တြယ္ခံရတဲ့ ကိစၥေတြ လည္း ေလ်ာ့ပါး လာႏိုင္ပါတယ္။ ၂၀၁၅ ခုႏွစ္က ေကာက္ယူခဲ့တဲ့ စစ္တမ္းေတြအရ စာသင္ေက်ာင္းေတြမွာ လိင္ပညာေပး သင္ၾကားေပးျခင္းဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ ဝန္ေဆာင္ရမႈေတြ ၇၀ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့က်သြားေၾကာင္း ေတြ႕ရပါတယ္။

လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ခံရမႈေတြ ၅၀ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြကို လိင္ပညာေပးေတြ ေျပာျပ သင္ၾကားေပးမယ္ဆိုရင္ ကေလးအခ်င္းခ်င္း ျဖစ္ေစ၊ တျခား သူစိမ္းတေယာက္ကျဖစ္ေစ လိင္ပိုင္းဆိုင္ရာ စေနာက္ ထိပါးတာမ်ိဳး နဲ႔ အၾကမ္းဖက္ ေႏွာင့္ယွက္ ခံရတာမ်ိဳးေတြကေန ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။လိင္အဂၤါနဲ႔ ပတ္သက္ၿပီး ထိပါး ေႏွာင့္ယွက္ခံရတာမ်ိဳး ႀကဳံေတြ႕လာတဲ့အခါမွာလည္း ပြင့္လင္းစြာ တိုင္ပင္ ေျပာျပလာႏိုင္ပါတယ္။

လိင္အဂၤါနဲ႔ ပတ္သက္တာေတြ ကို ႀကိဳတင္ သင္ၾကားေပးထားတဲ့အတြက္ အသက္အ႐ြယ္အလိုက္ ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္ပုံစံ၊ ေဟာ္ မုန္း အေျပာင္းအလဲ စတာေတြကို ရွက္႐ြံမႈ မရွိဘဲ မိဘေတြကို တိုင္ပင္လာမွာပဲ ျဖစ္ပါတယ္။ ကေလးသူငယ္ေတြအေပၚ လိင္အၾကမ္း ဖက္ မႈေတြ မ်ားျပား လာတဲ့ ဒီေန႔ေခတ္မွာ ကေလးေတြကို လိင္ပညာေပး သင္ၾကားေပးဖို႔ဆိုတာဟာ ရွက္စရာ ကိစၥတခု မဟုတ္ေတာ့ပါဘူး။ ကေလးေတြရဲ႕ သဘာဝအရ ဖုံးကြယ္ထားတဲ့ ကိစၥေတြကို ပိုမို စူးစမ္းခ်င္တာ၊ စမ္းသပ္ခ်င္တာ သဘာ၀ျဖစ္ပါတယ္။

လိင္နဲ႔ပတ္သက္ၿပီး မျဖစ္သင့္တာေတြ မျဖစ္ရေအာင္ နဲ႔ တျခားသူေတြဆီက လိင္အျမတ္ထုတ္တာေတြ၊ လိင္အၾကမ္းဖက္ခံရတာမ်ိဳး မျဖစ္ ေအာင္ လိင္ပညာေပးေတြကို ေျပာျပသင္ၾကားေပးရမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး သင္ၾကားေပးျခင္းအားျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူး ေတြ ကေတာ့ အထက္ကေဖာ္ျပခဲ့တဲ့ အတိုင္း ရရွိမွာ ျဖစ္ပါတယ္။

REF: ဧရာ၀တီ

unicode

ကလေးငယ် များအား လိင်ပညာပေး သင်ခန်းစာ သင်ကြားပေးခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များ

ကလေးတွေ ကို ပွင့်ပွင့်လင်းလင်း လိင် ပညာပေးထားမယ် ဆိုရင် သူတို့ အနေနဲ့ အရွယ် မတိုင်ခင် စမ်းသပ်ချင် စိတ်တွေ လျော့ပါးလာနိုင် သလို သူတို့ရဲ့လိင်အင်္ဂါ တွေကို သူတို့ ခွင့်ပြုချက်၊ ဆန္ဒ မပါဘဲ ထိတွေ့ ကိုင်တွယ်ခံရတဲ့ ကိစ္စတွေ လည်း လျော့ပါး လာနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ စာသင်ကျောင်းတွေမှာ လိင်ပညာပေး သင်ကြားပေးခြင်းဟာ ဆယ်ကျော်သက်အရွယ်မှာ ကိုယ် ဝန်ဆောင်ရမှုတွေ ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း တွေ့ရပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို လိင်ပညာပေးတွေ ပြောပြ သင်ကြားပေးမယ်ဆိုရင် ကလေးအချင်းချင်း ဖြစ်စေ၊ တခြား သူစိမ်းတယောက်ကဖြစ်စေ လိင်ပိုင်းဆိုင်ရာ စနောက် ထိပါးတာမျိုး နဲ့ အကြမ်းဖက် နှောင့်ယှက် ခံရတာမျိုးတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။လိင်အင်္ဂါနဲ့ ပတ်သက်ပြီး ထိပါး နှောင့်ယှက်ခံရတာမျိုး ကြုံတွေ့လာတဲ့အခါမှာလည်း ပွင့်လင်းစွာ တိုင်ပင် ပြောပြလာနိုင်ပါတယ်။

လိင်အင်္ဂါနဲ့ ပတ်သက်တာတွေ ကို ကြိုတင် သင်ကြားပေးထားတဲ့အတွက် အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ပုံစံ၊ ဟော် မုန်း အပြောင်းအလဲ စတာတွေကို ရှက်ရွံမှု မရှိဘဲ မိဘတွေကို တိုင်ပင်လာမှာပဲ ဖြစ်ပါတယ်။ ကလေးသူငယ်တွေအပေါ် လိင်အကြမ်း ဖက် မှုတွေ များပြား လာတဲ့ ဒီနေ့ခေတ်မှာ ကလေးတွေကို လိင်ပညာပေး သင်ကြားပေးဖို့ဆိုတာဟာ ရှက်စရာ ကိစ္စတခု မဟုတ်တော့ပါဘူး။ ကလေးတွေရဲ့ သဘာဝအရ ဖုံးကွယ်ထားတဲ့ ကိစ္စတွေကို ပိုမို စူးစမ်းချင်တာ၊ စမ်းသပ်ချင်တာ သဘာဝဖြစ်ပါတယ်။

လိင်နဲ့ပတ်သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် နဲ့ တခြားသူတွေဆီက လိင်အမြတ်ထုတ်တာတွေ၊ လိင်အကြမ်းဖက်ခံရတာမျိုး မဖြစ် အောင် လိင်ပညာပေးတွေကို ပြောပြသင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး တွေ ကတော့ အထက်ကဖော်ပြခဲ့တဲ့ အတိုင်း ရရှိမှာ ဖြစ်ပါတယ်။

REF: ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *

three × 1 =