အလွန်ကြောက်စရာကောင်း တဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး လာနေပီ သတိထားကြပါ!!!
|လေတိုက်နှုန်း ၁၆၀ မိုင်နှုန်းဖြင့် Cat 5 စူပါ မုန်တိုင်းကြီး အမ်ဖမ် လာနေပါပီ အားလုံး သတိထားကြပါ
ဘင်္ဂလားပင်လယ်အော် မှာဖြစ်ပေါ်နေတဲ့ အမ်ဖမ်မုန်တိုင်း သည် ၂၀၂၀ မေလ ၁၈ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်တွင်
လေတိုက်နှုန်း ၁၆၀ မိုင်ဖြင့် အဖျက် စွမ်းအားအလွန်ကြီးမားတဲ့ Cat 5 အဆင့်ရှိမုန်တိုင်းကြီးအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်…
18/05/2020 at 2:10pm (MMT) SU SU SAN
ရတနသုတ် ရွတ်ဖတ် ရခြင်း အကျိုး
ကပ်ကြီးသုံးပါး ကို ကျော်နင်းစေနိုင်သည်၊ စုန်း,တစ္ဆေ, ကဝေ ပယောဂဟူသမျှ ကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ အချုပ် ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေ နိုင်သည်။ နတ်ကောင်းနတ်မတ်တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်ပေ သည်။
ရတနသုတ် မြန်မာပြန်
၁။ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း ၌ နိယတဗျာဒိတ်ကို ခံယူတော်မူသည် မှစ၍ ဥစ္စာ,သား,မယား တိုင်းကားပြည်ရွာစသည်တို့ကို ပယ်ခွာစွန့်လှူ ဖြည့်ကျင့် တော်မူလျက် ရှေးဘုရားတို့နှင့်အလားတူစွာြ<ွကလာတော်မူသော မြတ်စွာဘုရား၏ ဆယ်ပါးသောပါရမီတော်။မျက်စိ,နား,နှာ, ခြေ,လက်စသော ကိုယ်အင်္ဂါတို့ကို ပယ်ခွာစွန့်လှူ ဖြည့်ကျင့် တော်မူသော ဆယ်ပါးသော ဥပပါရမီတော်။ ကိုယ်အသက်ကို မငဲ့ကွက် မညှာတာ ပယ်ခွာစွန့်လှူ ဖြည့်ကျင့်တော်မူသော ဆယ်ပါးသော ပရမတ္ထပါရမီတော်၊ ဤအမျှ သုံးဆယ်သော ပါရမီတော်တို့ကို လည်းကောင်း။ဥစ္စာ,သား,မယား, ကိုယ်အင်္ဂါ, အသက်အားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ ကိုလည်းကောင်း။
အလုံးစုံသော သတ္တလောကကြီး၏ အကျိုး စီးပွား အလို့ငှာ ကျင့်တော်မူခြင်း၊ အမျိုးသားတို့၏ အကျိုးစီးပွား အလို့ငှာ ကျင့်တော်မူခြင်း၊ ဘုရားဖြစ်ခြင်း အလို့ငှာ ကျင့်တော်မူခြင်း၊ ဤသုံးပါးသော အကျင့်မြတ်တို့ကို လည်းကောင်း။အဆုံးစွန်သော ကိုယ်တော်၏အဖြစ်၌ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေနေတော် မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ တောထွက်တော်မူခြင်း၊ ဒုက္ကရစရိယာ ကျင့်တော်မူ ခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ရတော်မူခြင်း၊ ဓမ္မစကြာတရားတော်ကို ဟောတော်မူခြင်းတို့ကို လည်းကောင်း။မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်အားဖြင့် လောကုတ္တရာ တရားကိုးပါးတို့ကို လည်းကောင်း။
ဤ အလုံးစုံသော ဘုရားဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ဆင်ခြင်ပြီးလျှင် ဝေသာလီပြည် မြို့ရိုးသုံးထပ်တို့၏အကြား၌ ညဥ့်သုံးယံပတ်လုံး ပရိတ်အရံ အတားကို ပြုတော်မူသော အရှင်အာနန္ဒာ မထေရ်ကဲ့သို့ သနားခြင်း ကရုဏာ ရှိသောစိတ်ကို ကိုယ်စီကိုယ်ငှ ထားကြကုန်လျက်-
၂-၃။ စကြဝဠာ ကုဋေတစ်သိန်း၌ နေထိုင်ကြကုန်သော နတ်အများတို့သည် ရတနသုတ် ပရိတ်တရားတော်၏ တန်ခိုးအာဏာစက်ကို နှစ်သက်ကြည်ဖြူ ခံယူ ကြလေကုန်၏။ ဤရတနသုတ် ပရိတ်တော်သည်သာလျင် ဝေသာလီပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးအနာရောဂါဘေး ဘီလူးဘေး ဤဘေးကြီးသုံးပါး တို့ကို လျင်မြန်စွာ ကွယ်ပျောက် ငြိမ်းအေးစေတော်မူ၏။အို-သူတော်ကောင်း အပေါင်းတို့ ထိုရတနသုတ် ပရိတ်တော်ကို ငါတို့ရွတ်ဖတ် ကြကုန်စို့။
၎။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန် သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ အလုံးစုံသာလျှင်ဖြစ်သောနတ်တို့သည် နှစ်သက်ရွှင်ပြ ဝမ်းမြောက်ကြစေကုန်သ တည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား)ဟော
၅။ နတ်များတို့ ထို့ကြောင့်သာလျှင် အသင်နတ်အားလုံးတို့သည် (ဟောတော်မူ အပ်သော ပရိတ်တရားတော်ကို စိတ်၌)သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါ အပေါင်း၌ မေတ္တာကိုပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌ လည်းကောင်း၊ ညဥ့်၌ လည်းကောင်း သင်တို့အားပူဇော်ပသခြင်းကို ပြုကြကုန်၏၊ ထို့ကြောင့် သာလျှင် ထိုလူတို့ကို မမေ့မလျှော့ စောင့်ရှောက်ကြကုန်လော့။
၆။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါး, ဂဠုန်ပြည်တို့၌ လည်းကောင်း၊ နတ်ပြည် တို့ ၌ လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံ သော အကြင် ရတနာမျိုးသည်ရှိ၏၊ ထိုရတနာမျိုးတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမျိုးသည်ရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၇။ ကိလေ သာကုန်ရာဖြစ်သော ရာဂ၏ကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သောအကြင်နိဗ္ဗာန်ကို တည်ကြည်သောစိတ်ရှိသော သာကီနွယ်ဖွား မြတ်ဘုရား သည် ရတော်မူ၏၊ ထို(နိဗ္ဗာန်) တရားနှင့်တူသော တစ်စုံတစ်ခုသော ရတနာမျိုး သည်မရှိ၊ နိဗ္ဗာန်တရားဟူသောဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၈။ မြတ်စွာဘုရားသည် အကြင်(အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို စင်ကြယ် ၏ဟု ချီးမွမ်းတော်မူ၏၊ အကြင်(အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို မိမိ အခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားရှင်တို့) ဟောဆိုကုန်၏၊ (အရဟတ္တမဂ်နှင့် ယှဉ်သော)သမာဓိနှင်တူသော တရားမျိုးသည်မရှိ တရားတော်ဟူသော ဤရတနာ သည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြ ပါစေသတည်း။
၉။ လေးယောက်အစုံဖြစ်ကုန်သော ထိုပုဂ္ဂိုလ် ရှစ်ယောက်တို့ကို သူတော်ကောင်း တို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့ သည် မြတ်သောအလှူကို ခံထိုက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သောအလှူတို့ သည် အကျိုးကီးကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ် ၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေသတည်း။
၁ဝ။ ဂေါတမမြတ်စွာဘုရားသာသနာ၌ အကြင် (ရဟန္တာ)ပုဂ္ဂိုလ်တို့သည် ခိုင်မြဲ စွာသောစိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏၊ (ကိလေသာတို့မှ)ထွက်မြောက် ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ရထိုက်သော အရဟတ္တဖိုလ်ကို ရကြကုန်သည် ဖြစ်၍ သေခြင်းကင်းသာနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပ မစီး အရဟတ္တ ဖလသမာပတ်ကို ခံစားကုန်၏၊ သံဃာဟူသော ဤရတနာသည် လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေ သတည်း။
၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေး မျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင် သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏၊ သံဃာဟူသော ဤရတနာည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေ သတည်း။
၁၂။ အကြင် (သောတာပန်)ပုဂ္ဂိုလ်တို့သည် နက်နဲသော Óဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက် ဘဝကို မယူကုန်၊သံဃာဟူသော ဤ ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်Óဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ် ကုန်၏၊ ကိလေသာစိုးစဉ်းမျှ ရှိစေကာမူ-
၁၄။ အပါယ်လေးပါးတို့မှလွတ်၏၊ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိ ဟူ သော)ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ၊ သံဃာဟူသော ဤရတနာသည် လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေ သတည်း။
၁၅။ ထို(သောတာပန်)ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်း တော့ပြီ၊ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့ သည့်အဖြစ်ကို (တ်ြစွာဘုရား)ဟောအပ်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့)ချမ်းသာကြပါစေသတည်း။
၁၆။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ)တရားတော်မြတ်ကို (နိဗ္ဗာန်)အကျိုးငှာ ဟောတော် မူ၏၊ ဘရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကား ကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ် သောတရားကိုပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သာ မိမိထက် သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော် မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကား ကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ် မရှိတော့ပြီ၊ လာ လတ္တံ့သောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန် ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးသည်ငြိမ်းသကဲ့သို့ ပညာ ရှိသော ထိုဟန္တာတို့သည် ခန္ဓာဇာတ် သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာ သည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာ ကြပါစေသတည်း။
၁၉။ မြေ၌တည် ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းက င်၌တည်ကုန် သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ်လာကုန်၏ ထိုငါ တို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၂ဝ။ မြေ၌တည် ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန် သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ်လာကုန်၏ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့်ဖြစ်သော နတ်လူတို့ ပူဇော်အပ် သော တရားတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့)ချမ်းသာကြပါစေသတည်း။
၂၁။ မြေ၌ တည်ကုန်သော နတ်တို့ သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန် သော နတ်တို့သည်လည်းကောင်း၊ ဤအရပ်သို့ အညီအညွတ်လာကုန်၏ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသောနတ်လူတို့ပူဇော်အပ်သော သံဃာတော်ကို ရှိခိုးပါကုန်၏၊(သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
ရတနသုတ် မြန်မာပြန် ပြီးပါပြီး
မျိုးဆက် သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။