crd : panpyoelat
unicode
လွှမ်းပိုင် ဆိုတဲ့ ချစ်သူမရှိရင် သူမရဲ့ဘဝ ကို စဉ်းတောင် မစဉ်းစားရဲဘူးဆိုပြီး အချွဲပို လိုက်တဲ့ BOBBY SOXER
ပရိသတ်တွေချစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က တူညီ တဲ့ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။ လွှမ်းပိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေသလို ပရိသတ်တွေအတွက် တစ်လကို သီချင်းတစ်ပုဒ်ချပြနေပြီး Bobby Soxer ကတော့ သူမရဲ့ 21 အယ်လ်ဘမ် ထွက်ရှိပြီးကတည်းက သီချင်း သီဆိုတာ နည်းပါးသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ လွှမ်းပိုင်လို့ ဆိုလိုက်တဲ့နဲ့ Bobby Soxer ကို တွဲမြင်နေကြဆဲ ဖြစ်ပါတယ်။
ဒီကနေ့ မေလ (၁၇) ရက်နေ့ကတော့ လွှမ်းပိုင် နဲ့ Bobby Soxer ရဲ့ ချစ်သူသက်တမ်း (၁၁)နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်က Bobby Soxer ကို ချစ်တဲ့အကြောင်းတွေပြောလာသလို Bobby Soxer ကလည်း လွှမ်းပိုင်သာမရှိရင် သူမဘဝကို စဉ်းတောင်မစဉ်းစားရဲဘူးဆိုပြီး အချွဲလေး ပြော လာပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer ကတော့ ရိုးရိုး ရှင်းရှင်း နေတတ်တဲ့စုံတွဲလေးပီပီ သူတို့နှစ်ယောက်ရဲ့ Anniversary နေ့လေးကိုလည်း သာမာန်စုံတွဲတွေအတိုင်းသာ ဖြတ်သန်းမှာ သေချာပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေး နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
crd : panpyoelat