ပရဟိတအလုပ်များကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မင်းသမီးချော စမိုင်းလ်ကတော့ အလှူအတန်းများကိုလည်း မပြတ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလ အတွင်းမှာလည်း ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ အထောက်အပံ့ စက်ပစ္စည်းများကိုလည်း လှူဒါန်းပြီး ကုသိုလ် ယူခဲ့ပါသေးတယ်။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနေတဲ့ စမိုင်းလ်ကတော့ ပရိတ်သတ်တွေအတွက်လည်း မကြာခဏဆိုသလို ဖုန်းဘေလ်မဲဖောက်ပေးကာ ကံစမ်းမဲအစီအစဉ်များကိုလည်း ကျင်းပ ပေးလေ့ရှိသူပါ။ စမိုင်းလ်ကတော့ သူမရဲ့ အိမ်အကူ ဝန်ထမ်းများ အားလုံးကိုလည်း samsung ဖုန်း တယောက်တလုံး လက်ဆောင်ပေးခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ စမိုင်းလ်ကတော့ ” ကိုယ့်အိမ်မှာအားထားရတဲ့သူတို့လေးတွေအတွက်လည်း ဂုဏ်ပြုပေးရတာပေါ့။ security လည်း အရေးပါသလို ထမင်းဟင်းချက်သူ အိမ်သန့်ရှင်းရသူတွေဟာလည်းကျမတို့အိမ်ရဲ့မရှိမဖြစ် တန်ဖိုးရှိသူတွေပါဆိုကာ ပြောပြခဲ့ပါတယ်။ စမိုင်းလ်ကတော့ အိမ်ရှိအလုပ်သမားတွေကိုလည်း မိသားစုတွေလို သဘောထားကာ လက်ဆောင် ပစ္စည်း ပေးခဲ့တာ ဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရေ အခုဖော်ပြပေးခဲ့တာကတော့ အလှူအတန်းရက်ရောပြီး အလုပ်သမားတွေ ကိုလည်း မိသားစုဝင်များလို ဆက်ဆံတတ်တဲ့ စမိုင်းလ်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ အခု ရက်ပိုင်းမှာ နိုင်ငံခြားက ဇိမ်ခံအိမ်ကို ဝယ်ယူလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လိုင်းပေါ်မှာ လူပြောများနေတဲ့ စမိုင်းလ်က သူမရဲ့ အိမ်အကူ ဝန်ထမ်းများ အားလုံးကို samsung ဖုန်း တယောက်တလုံးဆီ လက်ဆောင်ပေးခဲ့တဲ့အကြောင်းကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်…။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
Credit