ကမၻာ႔ႏုိင္ငံ မ်ားတြင္ ကုိဗစ္ ကူးစက္မႈႏႈန္း က်ဆင္း လ်က္ရွိျခင္းႏွင့္ ေနာက္ဆံုးရ သတင္းမ်ား

ကမၻာ႔ႏုိင္ငံ မ်ားတြင္ ကုိဗစ္ ကူးစက္ မႈႏႈန္း က်ဆင္း လ်က္ရွိျခင္းႏွင့္ ေနာက္ဆံုးရ သတင္းမ်ား

ကမာၻကပ္ေရာဂါ ေန႔စဥ္ ကူးစက္ႏႈန္းသည္ မတ္လ ၁၅ ရက္ေန႔က လူေပါင္း တစ္သိန္းနီးပါး ကူးစက္ခဲ့ၿပီးေနာက္ ယမန္ေန႔က လူေပါင္း ၈၂၂၅၇ ဦး ကူးစက္ခဲ့ရာ ႏွစ္ရက္ဆက္ က်ဆင္းလာခဲ့ပါတယ္။

ကပ္ေရာဂါ ဗဟိုခ်က္မျဖစ္ေသာ အေမရိကန္ျပည္ေထာင္စု တြင္ ထပ္မံေသဆုံးသူ ၈၀၀ ေက်ာ္သာရွိခဲ့ၿပီး ၁၉၈၉၁ ဦး အသစ္ထပ္မံကူးစက္မႈသည္ ေလးရက္ဆက္တိုက္ ၂၀၀၀၀ ႏွင့္အထက္ ကူးစက္မႈမွ တဖန္ ျပန္လည္ က်ဆင္းလာျခင္း ျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံတြင္း ကူးစက္မႈေပါင္း ၁.၅ သန္းေက်ာ္တြင္ လူေပါင္း ၉၀၀၀၀ ေက်ာ္ ေသဆုံး ခဲ့သလို ဆက္လက္ကုသမႈ ခံယူေနရသူ ၁ သန္းေက်ာ္ ရွိေနပါေသးတယ္။

အီတလီႏိုင္ငံမွာ အခုလ(၁၇)ရက္က ထြက္လာတဲ့ စာရင္းေတြအရ တစ္ရက္အတြင္း ေသဆုံးသူ ၁၄၅ ေယာက္ပဲ ရွိခဲ့တဲ့အတြက္ သီတင္း ၁၀ ပတ္အတြင္းမွာ အနည္းဆုံး ျဖစ္ခဲ့ပါတယ္။ မတ္လ ၁၀ ရက္ေန႔ေနာက္ပိုင္းမွာ အနည္းဆုံး တစ္ေန႔ကို လူ ၁၅၀ ေက်ာ္ ေသဆုံးေနရာကေန အခုလို က်ဆင္းခဲ့တာ ျဖစ္ပါ တယ္။ အီတလီႏိုင္ငံရဲ႕ ေသဆုံးမႈ အျမင့္ဆုံးေန႔ေတြ မွာဆိုရင္ တစ္ရက္ကို အေယာက္ ၉၀၀ ေက်ာ္ ေသဆုံးခဲ့တာပါ။ ေသဆုံး သူ စုစုေပါင္းကေတာ့ (၃)ေသာင္းေက်ာ္ ရွိေနတာေၾကာင့္ အေမရိကန္ ျပည္ေထာင္စုနဲ႔ ၿဗိတိန္ၿပီးရင္ အမ်ားဆုံး ေသဆုံးတဲ့ ႏိုင္ငံ ျဖစ္ေနဆဲပါ။

အီတလီမွာ ေသဆုံးသူအေရအတြက္ တင္ မဟုတ္ဘဲ ကူးစက္သူ ေတြ႕ရွိႏႈန္းလည္း က်ဆင္းေနပါတယ္။ အခုလ ၉ ရက္ေန႔ ေနာက္ပိုင္းမွာဆိုရင္ ၁၂ ရက္ေန႔ တစ္ရက္ကလြဲလို႔ က်န္တဲ့ေန႔ေတြမွာ ကူးစက္သူ ၁၀၀၀ ေအာက္ပဲ ေတြ႕ရွိခဲ့တာပါ။ မေန႔က ဆိုရင္ ကူးစက္သူအသစ္ ၆၇၅ ေယာက္ပဲ ေတြ႕ရွိခဲ့ပါတယ္။ ကူးစက္ သူေတြ႕ရွိမႈ အျမင့္ဆုံး ကာလေတြတုန္းကဆိုရင္ တစ္ေန႔ကို အေယာက္ ၅၀၀၀ ေက်ာ္၊ ၆၀၀၀ ေက်ာ္ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။အခုလို ေသဆုံးႏႈန္းေရာ ကူးစက္ႏႈန္းပါ က်ဆင္းေနတဲ့အတြက္ အီတလီမွာ ပိတ္ပင္ ကန႔္သတ္ခ်က္ေတြကို ဆက္ၿပီး ေျဖေလွ်ာ့ေပးေနၿပီျဖစ္ ပါတယ္။

အလားတူပဲ စပိႏ္ုႏိုင္ငံ မွာလည္း ကို႐ိုနာကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ လြန္ခဲ့တဲ့ ၂-လက ႏိုင္ငံေတာ္ အေရးေပၚေၾကညာခဲ့ၿပီးကတည္းက ပထမဆုံးအႀကိမ္အျဖစ္ တစ္ရက္အတြင္း ေသဆုံးမႈႏႈန္း အေယာက္(၁၀၀) ေအာက္ကို က်ဆင္းသြားၿပီလို႔ စပိန္ အာဏာပိုင္ေတြက အခုလ(၁၇)ရက္က ေၾကညာခဲ့ပါတယ္။ အခုအခါမွာ တစ္ရက္တည္းနဲ႔ေသဆုံးသူဟာ (၈၇)ေယာက္သာရွိေတာ့တယ္လို႔ က်န္းမာေရးဆိုင္ရာ အေရး ေပၚပူးေပါင္း ေဆာင္႐ြက္ေရး အႀကီးအကဲ ဖာနန္ဒို ဆိုင္မြန္က အတည္ျပဳခဲ့ပါတယ္။ စပိန္မွာ ေသဆုံးသူ အျမင့္ဆုံး ကာလက တစ္ရက္တည္းနဲ႔ အေယာက္(၉၀၀)ေက်ာ္ခဲ့တာပါ။ ဒီကေန႔ Worldometer စာရင္းအရ စပိန္မွာ တစ္ရက္ တည္းကူးစက္သူ(၁၂၀၀)ေက်ာ္ရွိၿပီး၊ စုစုေပါင္း ေသဆုံးသူ (၂)ေသာင္း(၇) ေထာင္ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

ထို႔အျပင္ ျပင္သစ္၊ ဂ်ာမနီတို႔၏ ကူးစက္ႏႈန္း မွာ သိသိသာသာ က်ဆင္း လာခဲ့ေသာ္လည္း ၿဗိတိန္ႏိုင္ငံမွာမူ ကူးစက္ႏႈန္း က်ဆင္းျခင္း မရွိေသးဘဲ ယမန္ေန႔က လူေပါင္း ၃၅၀၀ ေက်ာ္ ကူးစက္ၿပီး မတ္လမွ စတင္ကာ ေန႔စဥ္ ေသဆုံးႏႈန္း ၃၀၀၀ ေအာက္သို႔ ေရာက္ရွိျခင္း မရွိေသးေပ။

ဘရာဇီးႏိုင္ငံတြင္ ယမန္ေန႔က လူေပါင္း ၈၀၀၀ နီးပါး ထပ္မံကူးစက္ခဲ့ၿပီး ယခင္ေန႔ မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ထက္ဝက္ခန္႔ က်ဆင္းခဲ့ေသာ္လည္း အီတလီႏိုင္ငံ၏ စုစုေပါင္း ကူးစက္သည့္ အေရအတြက္ကို ေက်ာ္လြန္ခဲ့ၿပီး လူေပါင္း ၂၄၀၀၀၀ ေက်ာ္ျဖင့္ ပၪၥမ အမ်ားဆုံး ကူးစက္သည့္ ႏိုင္ငံ ျဖစ္ လာပါတယ္။

ဘရာဇီးနည္းတူ ႐ုရွာႏိုင္ငံ သည္လည္း ႏွစ္ရက္ဆက္ ၁၀၀၀၀ ေအာက္ ကူးစက္မႈ ရွိခဲ့ေသာ္လည္း ဘရာဇီးႏိုင္ငံ ထက္ပင္ ေန႔စဥ္ကူးစက္ႏႈန္း ပိုမိုမ်ားျပားေနဆဲ ျဖစ္သည္။ ႏိုင္ငံတြင္း ကူးစက္မႈေပါင္း ၂၈၀၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၂၆၀၀ ေက်ာ္ရွိပါတယ္။ ကမာၻတစ္ဝွမ္း ကူးစက္မႈေပါင္း ၄.၈ သန္းေက်ာ္တြင္ လူေပါင္း ၃၁၆၆၇၁ ဦး ေသဆုံး ထားပါတယ္။

crd : whitesone

unicode

ကမ္ဘာ့နိုင်ငံ များတွင် ကိုဗစ် ကူးစက်မှုနှုန်း ကျဆင်း လျက်ရှိခြင်းနှင့် နောက်ဆုံးရ သတင်းများ

ကမ္ဘာကပ်ရောဂါ နေ့စဉ် ကူးစက်နှုန်းသည် မတ်လ ၁၅ ရက်နေ့က လူပေါင်း တစ်သိန်းနီးပါး ကူးစက်ခဲ့ပြီးနောက် ယမန်နေ့က လူပေါင်း ၈၂၂၅၇ ဦး ကူးစက်ခဲ့ရာ နှစ်ရက်ဆက် ကျဆင်းလာခဲ့ပါတယ်။

ကပ်ရောဂါ ဗဟိုချက်မဖြစ်သော အမေရိကန်ပြည်ထောင်စု တွင် ထပ်မံသေဆုံးသူ ၈၀၀ ကျော်သာရှိခဲ့ပြီး ၁၉၈၉၁ ဦး အသစ်ထပ်မံကူးစက်မှုသည် လေးရက်ဆက်တိုက် ၂၀၀၀၀ နှင့်အထက် ကူးစက်မှုမှ တဖန် ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတွင်း ကူးစက်မှုပေါင်း ၁.၅ သန်းကျော်တွင် လူပေါင်း ၉၀၀၀၀ ကျော် သေဆုံး ခဲ့သလို ဆက်လက်ကုသမှု ခံယူနေရသူ ၁ သန်းကျော် ရှိနေပါသေးတယ်။

အီတလီနိုင်ငံမှာ အခုလ(၁၇)ရက်က ထွက်လာတဲ့ စာရင်းတွေအရ တစ်ရက်အတွင်း သေဆုံးသူ ၁၄၅ ယောက်ပဲ ရှိခဲ့တဲ့အတွက် သီတင်း ၁၀ ပတ်အတွင်းမှာ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့နောက်ပိုင်းမှာ အနည်းဆုံး တစ်နေ့ကို လူ ၁၅၀ ကျော် သေဆုံးနေရာကနေ အခုလို ကျဆင်းခဲ့တာ ဖြစ်ပါ တယ်။ အီတလီနိုင်ငံရဲ့ သေဆုံးမှု အမြင့်ဆုံးနေ့တွေ မှာဆိုရင် တစ်ရက်ကို အယောက် ၉၀၀ ကျော် သေဆုံးခဲ့တာပါ။ သေဆုံး သူ စုစုပေါင်းကတော့ (၃)သောင်းကျော် ရှိနေတာကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးရင် အများဆုံး သေဆုံးတဲ့ နိုင်ငံ ဖြစ်နေဆဲပါ။

အီတလီမှာ သေဆုံးသူအရေအတွက် တင် မဟုတ်ဘဲ ကူးစက်သူ တွေ့ရှိနှုန်းလည်း ကျဆင်းနေပါတယ်။ အခုလ ၉ ရက်နေ့ နောက်ပိုင်းမှာဆိုရင် ၁၂ ရက်နေ့ တစ်ရက်ကလွဲလို့ ကျန်တဲ့နေ့တွေမှာ ကူးစက်သူ ၁၀၀၀ အောက်ပဲ တွေ့ရှိခဲ့တာပါ။ မနေ့က ဆိုရင် ကူးစက်သူအသစ် ၆၇၅ ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။ ကူးစက် သူတွေ့ရှိမှု အမြင့်ဆုံး ကာလတွေတုန်းကဆိုရင် တစ်နေ့ကို အယောက် ၅၀၀၀ ကျော်၊ ၆၀၀၀ ကျော် တွေ့ရှိခဲ့တာဖြစ်ပါတယ်။အခုလို သေဆုံးနှုန်းရော ကူးစက်နှုန်းပါ ကျဆင်းနေတဲ့အတွက် အီတလီမှာ ပိတ်ပင် ကန့်သတ်ချက်တွေကို ဆက်ပြီး ဖြေလျှော့ပေးနေပြီဖြစ် ပါတယ်။

အလားတူပဲ စပိန်ုနိုင်ငံ မှာလည်း ကိုရိုနာကပ်ရောဂါတိုက်ဖျက်ရေးအတွက် လွန်ခဲ့တဲ့ ၂-လက နိုင်ငံတော် အရေးပေါ်ကြေညာခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အယောက်(၁၀၀) အောက်ကို ကျဆင်းသွားပြီလို့ စပိန် အာဏာပိုင်တွေက အခုလ(၁၇)ရက်က ကြေညာခဲ့ပါတယ်။ အခုအခါမှာ တစ်ရက်တည်းနဲ့သေဆုံးသူဟာ (၈၇)ယောက်သာရှိတော့တယ်လို့ ကျန်းမာရေးဆိုင်ရာ အရေး ပေါ်ပူးပေါင်း ဆောင်ရွက်ရေး အကြီးအကဲ ဖာနန်ဒို ဆိုင်မွန်က အတည်ပြုခဲ့ပါတယ်။ စပိန်မှာ သေဆုံးသူ အမြင့်ဆုံး ကာလက တစ်ရက်တည်းနဲ့ အယောက်(၉၀၀)ကျော်ခဲ့တာပါ။ ဒီကနေ့ Worldometer စာရင်းအရ စပိန်မှာ တစ်ရက် တည်းကူးစက်သူ(၁၂၀၀)ကျော်ရှိပြီး၊ စုစုပေါင်း သေဆုံးသူ (၂)သောင်း(၇) ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။

ထို့အပြင် ပြင်သစ်၊ ဂျာမနီတို့၏ ကူးစက်နှုန်း မှာ သိသိသာသာ ကျဆင်း လာခဲ့သော်လည်း ဗြိတိန်နိုင်ငံမှာမူ ကူးစက်နှုန်း ကျဆင်းခြင်း မရှိသေးဘဲ ယမန်နေ့က လူပေါင်း ၃၅၀၀ ကျော် ကူးစက်ပြီး မတ်လမှ စတင်ကာ နေ့စဉ် သေဆုံးနှုန်း ၃၀၀၀ အောက်သို့ ရောက်ရှိခြင်း မရှိသေးပေ။

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က လူပေါင်း ၈၀၀၀ နီးပါး ထပ်မံကူးစက်ခဲ့ပြီး ယခင်နေ့ များနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းခဲ့သော်လည်း အီတလီနိုင်ငံ၏ စုစုပေါင်း ကူးစက်သည့် အရေအတွက်ကို ကျော်လွန်ခဲ့ပြီး လူပေါင်း ၂၄၀၀၀၀ ကျော်ဖြင့် ပဉ္စမ အများဆုံး ကူးစက်သည့် နိုင်ငံ ဖြစ် လာပါတယ်။

ဘရာဇီးနည်းတူ ရုရှာနိုင်ငံ သည်လည်း နှစ်ရက်ဆက် ၁၀၀၀၀ အောက် ကူးစက်မှု ရှိခဲ့သော်လည်း ဘရာဇီးနိုင်ငံ ထက်ပင် နေ့စဉ်ကူးစက်နှုန်း ပိုမိုများပြားနေဆဲ ဖြစ်သည်။ နိုင်ငံတွင်း ကူးစက်မှုပေါင်း ၂၈၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၆၀၀ ကျော်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း ကူးစက်မှုပေါင်း ၄.၈ သန်းကျော်တွင် လူပေါင်း ၃၁၆၆၇၁ ဦး သေဆုံး ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five + 19 =