ခ်စ္သူကို ေရငုပ္ၿပီး လက္ထပ္ခြင့္ေတာင္း ခဲ့တဲ့ အမ်ိဳးသား ေရနစ္ေသဆုံး

ခ်စ္သူကို ေရငုပ္ၿပီး လက္ထပ္ခြင့္ေတာင္း ခဲ့တဲ့ အမ်ိဳးသား ေရနစ္ေသဆုံး

Louisiana ျပည္နယ္က အမ်ိဳးသား တစ္ဦးဟာ ခ်စ္သူ ကို႐ိုမန္တစ္ဆန္ဆန္ ေရငုပ္ၿပီးလက္ထပ္ခြင့္ေတာင္းရန္ စီစဥ္ထားခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ သူထင္မွတ္ထားသလို ျဖစ္မလာခဲ့ပါဘူး။ အေၾကာင္းကေတာ့ သူရဲ႕ခ်စ္သူကို ေရငုပ္ၿပီးလက္ထပ္ခြင့္ေတာင္းေနစဥ္ အတြင္း ေရနစ္ေသဆုံးသြားခဲ့လို႔ပဲ ျဖစ္ပါတယ္။ သတင္းမ်ားရဲ႕အဆိုအရ Steve Weber ဆိုတဲ့အမ်ိဳးသားနဲ႔ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ Kenesha Antoine တို႔ဟာ Tanzania ႏိုင္ငံက Pemba ကြၽန္းမွာရွိတဲ့ Manta အပန္းေျဖစခန္းတြင္ အားလပ္ရက္ကို အတူတူခရီးထြက္ ခဲ့ၾကပါတယ္။ ၿပီးေတာ့ သူတို႔ေတြဟာ ၃၂ေပနက္တဲ့ ေရေအာက္မွာတည္ေဆာက္ထားတဲ့ အခန္းတစ္ခုမွာ တည္းခိုခဲ့ၾကပါတယ္။ Steve ဟာ သူစီစဥ္ထားခဲ့တဲ့အတိုင္း အခန္းအျပင္ဘက္ကိုေက်ာ္ၿပီး သူေရငုပ္ကာ Kenesha ကို မွန္ကာထားတဲ့ အခန္းငယ္အတြင္းကေန ဗီဒီယို႐ိုက္ကူးခိုင္းခဲ့ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ Steve ဟာ သူရဲ႕မွတ္စု ထဲမွာေရးထားစာ နဲ႔ေရငုပ္ရင္း လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ Steve ဟာ ေရထဲကေန ျပန္မထြက္လာႏိုင္ခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ Manta အပန္းေျဖစခန္းမွ BBC ကို ထိုအျဖစ္အပ်က္အေၾကာင္း အတည္ျပဳေျပာၾကား ခဲ့ပါတယ္။ သတင္းေဖာ္ျပခ်က္မ်ားအရ Steve ဟာ ေရေအာက္ခန္းရဲ႕ အျပင္ဘက္ကို တစ္ေယာက္တည္းေရငုပ္ရင္း ေရနစ္သြားတာလို႔ ဆိုပါတယ္။ အပန္းေျဖစခန္းပိုင္ရွင္ျဖစ္တဲ့ Matthew Saus ကလည္း
ဒီအျဖစ္အပ်က္ေၾကာင့္ ေတာ္ေတာ္ေလးတုန္လႈပ္ သြားတယ္လို႔ ‌ေျပာျပခဲ့ပါတယ္။

Steve မွတ္စုထဲမွာ ေရးထား တာကေတာ့ ” ငါ အသက္ ကို အၾကာႀကီးေအာင့္ထားၿပီး မင္းကိုခ်စ္တဲ့အေၾကာင္းေတြ အကုန္လုံးကိုေတာ့ မေျပာျပႏိုင္ဘူး။ ဒါေပမယ့္ အရာအားလုံးထက္ မင္းကိုပိုခ်စ္ပါတယ္။ေန႔တိုင္းလည္းပိုၿပီးခ်စ္ေနမွာပါ။ ” ထိုစာကိုျပၿပီးတဲ့ေနာက္ မွာေတာ့ Steve ဟာ လက္ထပ္ လက္စြပ္ကို ထုတ္ျပၿပီး လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Steve ဟာေရနစ္သြားခဲ့ၿပီး အပန္းေျဖစခန္းမွ ဝန္ထမ္းမ်ားက ကယ္တင္ဖို႔ ႀကိဳးပမ္းခဲ့ၾကေပမယ့္လည္း အခ်ိန္မမွီလိုက္ပဲ အသက္ ဆုံးရႈံးခဲ့ပါတယ္။

Kenesha က ” ကြၽန္မတို႔ႏွစ္ေယာက္ ဘဝတစ္‌ေလွ်ာက္လုံး အတူျဖတ္သန္း ဖို႔အတြက္ ေပြ႕ဖက္ၿပီးေအာင္ပြဲခံဖို႔ အခြင့္အေရးမရွိခဲ့ပါဘူး။ ဆိုး႐ြားလွတဲ့ ဒီအျဖစ္အပ်က္ေၾကာင့္ ကြၽန္မတို႔ရဲ႕ အေပ်ာ္ဆုံးေနရက္ေလးကပဲ အဆုံး႐ြားဆုံးေန႔ရက္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ပါတယ္ ” ဝမ္းနည္းစြာ ျပန္လည္ေျပာျပ ခဲ့ပါတယ္။

crd : panpyoelat

unicode

ချစ်သူကို ရေငုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး

Louisiana ပြည်နယ်က အမျိုးသား တစ်ဦးဟာ ချစ်သူ ကိုရိုမန်တစ်ဆန်ဆန် ရေငုပ်ပြီးလက်ထပ်ခွင့်တောင်းရန် စီစဉ်ထားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူထင်မှတ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အကြောင်းကတော့ သူရဲ့ချစ်သူကို ရေငုပ်ပြီးလက်ထပ်ခွင့်တောင်းနေစဉ် အတွင်း ရေနစ်သေဆုံးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ သတင်းများရဲ့အဆိုအရ Steve Weber ဆိုတဲ့အမျိုးသားနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ Kenesha Antoine တို့ဟာ Tanzania နိုင်ငံက Pemba ကျွန်းမှာရှိတဲ့ Manta အပန်းဖြေစခန်းတွင် အားလပ်ရက်ကို အတူတူခရီးထွက် ခဲ့ကြပါတယ်။ ပြီးတော့ သူတို့တွေဟာ ၃၂ပေနက်တဲ့ ရေအောက်မှာတည်ဆောက်ထားတဲ့ အခန်းတစ်ခုမှာ တည်းခိုခဲ့ကြပါတယ်။ Steve ဟာ သူစီစဉ်ထားခဲ့တဲ့အတိုင်း အခန်းအပြင်ဘက်ကိုကျော်ပြီး သူရေငုပ်ကာ Kenesha ကို မှန်ကာထားတဲ့ အခန်းငယ်အတွင်းကနေ ဗီဒီယိုရိုက်ကူးခိုင်းခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ Steve ဟာ သူရဲ့မှတ်စု ထဲမှာရေးထားစာ နဲ့ရေငုပ်ရင်း လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ Steve ဟာ ရေထဲကနေ ပြန်မထွက်လာနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ Manta အပန်းဖြေစခန်းမှ BBC ကို ထိုအဖြစ်အပျက်အကြောင်း အတည်ပြုပြောကြား ခဲ့ပါတယ်။ သတင်းဖော်ပြချက်များအရ Steve ဟာ ရေအောက်ခန်းရဲ့ အပြင်ဘက်ကို တစ်ယောက်တည်းရေငုပ်ရင်း ရေနစ်သွားတာလို့ ဆိုပါတယ်။ အပန်းဖြေစခန်းပိုင်ရှင်ဖြစ်တဲ့ Matthew Saus ကလည်း
ဒီအဖြစ်အပျက်ကြောင့် တော်တော်လေးတုန်လှုပ် သွားတယ်လို့ ‌ပြောပြခဲ့ပါတယ်။

Steve မှတ်စုထဲမှာ ရေးထား တာကတော့ ” ငါ အသက် ကို အကြာကြီးအောင့်ထားပြီး မင်းကိုချစ်တဲ့အကြောင်းတွေ အကုန်လုံးကိုတော့ မပြောပြနိုင်ဘူး။ ဒါပေမယ့် အရာအားလုံးထက် မင်းကိုပိုချစ်ပါတယ်။နေ့တိုင်းလည်းပိုပြီးချစ်နေမှာပါ။ ” ထိုစာကိုပြပြီးတဲ့နောက် မှာတော့ Steve ဟာ လက်ထပ် လက်စွပ်ကို ထုတ်ပြပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Steve ဟာရေနစ်သွားခဲ့ပြီး အပန်းဖြေစခန်းမှ ဝန်ထမ်းများက ကယ်တင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း အချိန်မမှီလိုက်ပဲ အသက် ဆုံးရှုံးခဲ့ပါတယ်။

Kenesha က ” ကျွန်မတို့နှစ်ယောက် ဘဝတစ်‌လျှောက်လုံး အတူဖြတ်သန်း ဖို့အတွက် ပွေ့ဖက်ပြီးအောင်ပွဲခံဖို့ အခွင့်အရေးမရှိခဲ့ပါဘူး။ ဆိုးရွားလှတဲ့ ဒီအဖြစ်အပျက်ကြောင့် ကျွန်မတို့ရဲ့ အပျော်ဆုံးနေရက်လေးကပဲ အဆုံးရွားဆုံးနေ့ရက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ် ” ဝမ်းနည်းစွာ ပြန်လည်ပြောပြ ခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

20 − one =