တြံေတး ရွိ ကုိဗစ္ ရွာေဖြေရးေဆးခန္း ေဖာက္ထြင္း ခံရၿပီး ေဆးပစၥည္းမ်ား ဖ်က္ဆီး ခံရ

တြံေတး ရွိ ကုိဗစ္ ရွာေဖြေရးေဆးခန္း ေဖာက္ထြင္း ခံရၿပီး ေဆးပစၥည္းမ်ား ဖ်က္ဆီး ခံရ

ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္ တြင္ COVID 19 ႀကိဳတင္ ကာကြယ္ႏိုင္ရန္အတြက္ ဖြင့္လွစ္ထားေသာ Fever Clinic ေဖာက္ထြင္းခံရၿပီး က်န္းမာေရးသုံးပစၥည္းမ်ားျဖစ္သည့္ Mask မ်ား၊PPE မ်ားႏွင့္အျခားအသုံးအ‌ေဆာင္ပစၥည္းအခ်ိဴ႕ ဖ်က္ဆီးခံလိုက္ရေၾကာင္း တြံေတးၿမိဳ႕နယ္တိုင္းေဒသႀကီး လႊ‌တ္ေတာ္ အမတ္ ေဒါက္တာေက်ာ္ဇင္ဦးက ေျပာၾကားခဲ့ပါတယ္။

ကို႐ိုနာေရာဂါႀကိဳတင္ ကာကြယ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ တြံ႕ေတး Fever Clinic ေဆးခန္း ကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ေမလ ၇ ရက္ေန႔တြင္ ဖြင့္လွစ္ ခဲ့ျခင္းျဖစ္ပါတယ္။

ဖ်က္ဆီးခံရသည့္ ပ်က္စီး ဆုံးရႈံးမႈတန္ဖိုးကို မသိရေသးဘဲ ေဖာက္ထြင္း ဖ်က္ဆီးခံရမႈႏွင့္ ပတ္သက္ၿပီး သံသယရွိသူ တစ္ဦးကို ဖမ္းဆီးကာ စုံစမ္းစစ္‌ေဆးမႈေတြ ျပဳလုပ္‌ေနေၾကာင္း သိရွိရပါတယ္။

ဖ်ားနာ ကုေဆးခန္း – Fever Clinic ေတြ ရန္ကုန္က ၿမိဳ႕နယ္ တခ်ိဳ႕မွာ ဧၿပီလဆန္းပိုင္းေလာက္က စတင္ေပၚလာခဲ့ပါတယ္။ အခုေတာ့ ၿမိဳ႕နယ္ ၁၆ ၿမိဳ႕နယ္မွာ Fever Clinic ေတြ ရွိလာၿပီး အဲဒီ ေဆးခန္းေတြ ဖြင့္ဖို႔ စီစဥ္ေနတာေတြ ရန္ကုန္က တျခားၿမိဳ႕နယ္ေတြ မွာလည္း ထပ္တိုး လာသလို ျပည္နယ္နဲ႔ တိုင္းေတြ မွာ လည္း အလားတူ ဖြင့္ဖို႔ ႀကိဳးစားေနၾကပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကမာၻ႔ကပ္ျဖစ္ လာတဲ့ အခုလိုကာလ ထဲမွာ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ အထူးသျဖင့္ ေဆး႐ုံ အသီးသီးက က်န္းမာေရး ဝန္ထမ္းေတြ ဗိုင္းရပ္စ္ကူးစက္ခံေတြရဲ႕ အသက္ကို ေရွ႕တန္း တပ္ဦးကေန ကုသေပးရင္း ကယ္တင္ေပးဖို႔ သူတို႔ အသက္အႏၲရာယ္ကို အရင္းျပဳလို႔ လုပ္ေဆာင္ေပးေနၾက သလို Fever Clinic က ေစတနာ့ဝန္ထမ္း က်န္းမာေရးဝန္ထမ္းေတြ၊ အရပ္သားေတြကလည္း ေဘးေတြ႕ႏိုင္ေပမယ့္ တတ္ႏိုင္ သမွ် ေစာလ်င္စြာ ကိုဗစ္ သံသယ လူနာကို ရွာေဖြေပးေန ပါတယ္။

crd : whitesone

unicode

တွံတေး ရှိ ကိုဗစ် ရှာဖွေရေးဆေးခန်း ဖောက်ထွင်း ခံရပြီး ဆေးပစ္စည်းများ ဖျက်ဆီး ခံရ

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွင် COVID 19 ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားသော Fever Clinic ဖောက်ထွင်းခံရပြီး ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Mask များ၊PPE များနှင့်အခြားအသုံးအ‌ဆောင်ပစ္စည်းအချိူ့ ဖျက်ဆီးခံလိုက်ရကြောင်း တွံတေးမြို့နယ်တိုင်းဒေသကြီး လွှ‌တ်တော် အမတ် ဒေါက်တာကျော်ဇင်ဦးက ပြောကြားခဲ့ပါတယ်။

ကိုရိုနာရောဂါကြိုတင် ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တွံ့တေး Fever Clinic ဆေးခန်း ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မေလ ၇ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါတယ်။

ဖျက်ဆီးခံရသည့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘဲ ဖောက်ထွင်း ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို ဖမ်းဆီးကာ စုံစမ်းစစ်‌ဆေးမှုတွေ ပြုလုပ်‌နေကြောင်း သိရှိရပါတယ်။

ဖျားနာ ကုဆေးခန်း – Fever Clinic တွေ ရန်ကုန်က မြို့နယ် တချို့မှာ ဧပြီလဆန်းပိုင်းလောက်က စတင်ပေါ်လာခဲ့ပါတယ်။ အခုတော့ မြို့နယ် ၁၆ မြို့နယ်မှာ Fever Clinic တွေ ရှိလာပြီး အဲဒီ ဆေးခန်းတွေ ဖွင့်ဖို့ စီစဉ်နေတာတွေ ရန်ကုန်က တခြားမြို့နယ်တွေ မှာလည်း ထပ်တိုး လာသလို ပြည်နယ်နဲ့ တိုင်းတွေ မှာ လည်း အလားတူ ဖွင့်ဖို့ ကြိုးစားနေကြပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဖြစ် လာတဲ့ အခုလိုကာလ ထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထူးသဖြင့် ဆေးရုံ အသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ ဗိုင်းရပ်စ်ကူးစက်ခံတွေရဲ့ အသက်ကို ရှေ့တန်း တပ်ဦးကနေ ကုသပေးရင်း ကယ်တင်ပေးဖို့ သူတို့ အသက်အန္တရာယ်ကို အရင်းပြုလို့ လုပ်ဆောင်ပေးနေကြ သလို Fever Clinic က စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်သားတွေကလည်း ဘေးတွေ့နိုင်ပေမယ့် တတ်နိုင် သမျှ စောလျင်စွာ ကိုဗစ် သံသယ လူနာကို ရှာဖွေပေးနေ ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =