ကူးစက္မႈ အေျခအေန ကုိ ပုိဆုိးေစႏုိင္ တဲ့ အစုလုိက္ အၿပံဳလုိက္ က်န္းမာေရး စစ္ေဆးမႈမ်ား
|ကူးစက္မႈ အေျခအေန ကုိ ပုိဆုိးေစႏုိင္ တဲ့ အစုလုိက္ အၿပံဳလုိက္ က်န္းမာေရး စစ္ေဆးမႈမ်ား
မေန႔က တာေမြၿမိဳ႕နယ္မွာ က်န္းမာေရးစစ္တဲ့ အခါ ရပ္ကြက္သူ၊ ရပ္ကြက္သားေတြကို တစ္အိမ္ တစ္လွည့္မလာခိုင္းဘဲ အားလုံးကို စုေဝးတန္းစီေစၿပီး မွ က်န္းမာေရး စစ္တယ္ ဆိုတာ ဘယ္လိုမွကို မျဖစ္သင့္တဲ့ကိစၥလို႔ျမင္ပါတယ္။ (သူ႔ဟာသူအိမ္ထဲမွာေနသူေတြကို လမ္းေပၚထြက္ စုေဝးေစ တာေၾကာင့္မို႔ပါ။)
အိမ္နံပါတ္ နဲ႔မေခၚဘဲ တစ္လမ္းလုံး လမ္းထိပ္ထြက္ခဲ့ဖို႔ ေခၚတဲ့အေၾကာင္း၊ စုၿပဳံတိုးေနရတဲ့ အေၾကာင္းကိုလည္း အဲဒီမွာေနတဲ့ ညီမတစ္ေယာက္က သူ႔အေတြ႕အႀကဳံ ကို ထုတ္ေျပာပါတယ္။
ထိုနည္းတူပဲ ပုစြန္ေတာင္မွာလည္း တစ္ေန႔က ႏွာေခါင္းစည္းမတပ္ လို႔ဆိုၿပီး ဖမ္းၿပီးကားေပၚ တင္တယ္။ ကားေပၚတင္တဲ့ အခါ တစ္ဦး နဲ႔ တစ္ဦးကပ္လ်က္ ထိုင္ေစတယ္။ ကပ္ထိုင္႐ုံတင္မက ႏွာေခါင္းစည္းေတြလည္း(ဖမ္းၿပီးေနာက္) တပ္ေပးမထားၾကပါဘူး။ အဲဒီဓာတ္ပုံေတြ အြန္လိုင္းေပၚတက္လာတယ္။
ႏွာေခါင္းစည္းမတပ္လို႔ ဖမ္းဆီး အေရးယူတာဟာ ဗိုင္းရပ္စ္ကူးစက္မွာေၾကာက္လို႔ ဟန္႔တားတဲ့အေန နဲ႔ အေရးယူတာပါ ဆိုတဲ့အရင္းခံအေၾကာင္းတရားကို လ်စ္လ်ဴရႈရာေရာက္ေစ ပါတယ္။
ဒီလုပ္ရပ္ေတြဟာ ဗိုင္းရပ္စ္ကာကြယ္ေရး ကို အေထာက္အကူျပဳတဲ့လုပ္ရပ္မဟုတ္ဘဲ ဗိုင္းရပ္စ္ ျပန္႔ပြားေရးကို အေထာက္အကူျပဳေစတဲ့ လုပ္ရပ္ေတြျဖစ္ေနတာပါပဲ။
“ခပ္ခြာခြာ (Social Distancing) ေနပါ။ အိမ္ထဲမွာပဲေနပါ။ ျဖစ္ႏိုင္ရင္ အျပင္မထြက္ပါနဲ႔၊ လူစုလူေဝးေရွာင္ပါ” လို႔ တတြင္တြင္ေျပာ၊ တတြင္တြင္အသိပညာေပးေနတဲ့ က်န္းမာေရး၊ အုပ္ခ်ဳပ္ေရးဆိုင္ရာအဖြဲ႕အစည္းမ်ားကိုယ္တိုင္ ဗိုင္းရပ္စ္ကာကြယ္ေရး လုပ္ငန္းစဥ္ေတြကို ခ်ိဳးေဖာက္ေနတာပဲျဖစ္ပါတယ္။
“ငါေျပာသလိုလုပ္ ငါလုပ္ သလိုမလုပ္နဲ႔” ဆိုတာမ်ိဳးျဖစ္ေနမွာစိုး လို႔ ေျပာရတာပါ။ ေျပာမွားဆိုမွားရွိခဲ့ရင္ ေဗြမယူၾကပါနဲ႔။
Ye Win Saung
unicode
ကူးစက်မှု အခြေအနေ ကို ပိုဆိုးစေနိုင် တဲ့ အစုလိုက် အပြုံလိုက် ကျန်းမာရေး စစ်ဆေးမှုများ
မနေ့က တာမွေမြို့နယ်မှာ ကျန်းမာရေးစစ်တဲ့ အခါ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကို တစ်အိမ် တစ်လှည့်မလာခိုင်းဘဲ အားလုံးကို စုဝေးတန်းစီစေပြီး မှ ကျန်းမာရေး စစ်တယ် ဆိုတာ ဘယ်လိုမှကို မဖြစ်သင့်တဲ့ကိစ္စလို့မြင်ပါတယ်။ (သူ့ဟာသူအိမ်ထဲမှာနေသူတွေကို လမ်းပေါ်ထွက် စုဝေးစေ တာကြောင့်မို့ပါ။)
အိမ်နံပါတ် နဲ့မခေါ်ဘဲ တစ်လမ်းလုံး လမ်းထိပ်ထွက်ခဲ့ဖို့ ခေါ်တဲ့အကြောင်း၊ စုပြုံတိုးနေရတဲ့ အကြောင်းကိုလည်း အဲဒီမှာနေတဲ့ ညီမတစ်ယောက်က သူ့အတွေ့အကြုံ ကို ထုတ်ပြောပါတယ်။
ထိုနည်းတူပဲ ပုစွန်တောင်မှာလည်း တစ်နေ့က နှာခေါင်းစည်းမတပ် လို့ဆိုပြီး ဖမ်းပြီးကားပေါ် တင်တယ်။ ကားပေါ်တင်တဲ့ အခါ တစ်ဦး နဲ့ တစ်ဦးကပ်လျက် ထိုင်စေတယ်။ ကပ်ထိုင်ရုံတင်မက နှာခေါင်းစည်းတွေလည်း(ဖမ်းပြီးနောက်) တပ်ပေးမထားကြပါဘူး။ အဲဒီဓာတ်ပုံတွေ အွန်လိုင်းပေါ်တက်လာတယ်။
နှာခေါင်းစည်းမတပ်လို့ ဖမ်းဆီး အရေးယူတာဟာ ဗိုင်းရပ်စ်ကူးစက်မှာကြောက်လို့ ဟန့်တားတဲ့အနေ နဲ့ အရေးယူတာပါ ဆိုတဲ့အရင်းခံအကြောင်းတရားကို လျစ်လျူရှုရာရောက်စေ ပါတယ်။
ဒီလုပ်ရပ်တွေဟာ ဗိုင်းရပ်စ်ကာကွယ်ရေး ကို အထောက်အကူပြုတဲ့လုပ်ရပ်မဟုတ်ဘဲ ဗိုင်းရပ်စ် ပြန့်ပွားရေးကို အထောက်အကူပြုစေတဲ့ လုပ်ရပ်တွေဖြစ်နေတာပါပဲ။
“ခပ်ခွာခွာ (Social Distancing) နေပါ။ အိမ်ထဲမှာပဲနေပါ။ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့၊ လူစုလူဝေးရှောင်ပါ” လို့ တတွင်တွင်ပြော၊ တတွင်တွင်အသိပညာပေးနေတဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများကိုယ်တိုင် ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ချိုးဖောက်နေတာပဲဖြစ်ပါတယ်။
“ငါပြောသလိုလုပ် ငါလုပ် သလိုမလုပ်နဲ့” ဆိုတာမျိုးဖြစ်နေမှာစိုး လို့ ပြောရတာပါ။ ပြောမှားဆိုမှားရှိခဲ့ရင် ဗွေမယူကြပါနဲ့။
Ye Win Saung