မောင်လေးတွေ နဲ့ အကျိုးပေးကောင်းလွန်းလို့ “မောင်” ဆိုတဲ့ နိုင်လင်းကို မေ့ပြီလားလို့ ပရိသတ်တွေ မေးတာခံနေရတဲ့ “မမဦး”

Posted on

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုလည်း ကောင်း သရုပ်ဆောင်လည်း တော်တဲ့ မင်းသမီးချောလေး ဆုထက်လှိုင်ကတော့ သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိ ပိုင်ဆိုင် ထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး တစ်ယောက်ပဲ ဖြစ်ပါ တယ်နော်။ မကြာခင် ရက်ပိုင်း ကမှ ထုတ်လွှင့်ပြသပြီးခဲ့ကာ ပရိသတ်တွေသည်းသည်းလှုပ် အားပေးခြင်းကို သိမ်းပိုက် ရရှိခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ ထားချင်တယ်”

ဇာတ်လမ်းတွဲမှာလည်း တင်မေ ဉီးဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင် ခဲ့တာကြောင့် မမဦး ရယ်လို့ ပရိသတ်တွေ နှုတ်ဖျားမှာ ရေပန်းစား ခေါ်ဆိုခြင်း ကိုတောင် ခံနေခဲ့ ရတဲ့အထိပါနော်။ သရုပ်ဆောင် ဆုထက်လှိုင်ကတော့ လူငယ်တစ်ယောက် ဖြစ်ပေမယ့် ဘာသာရေးကို ကိုင်ရှိုင်းလွန်းလှတဲ့သူတစ်ယောက် ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုကြောင့် အောင်မြင်လာတဲ့ သရုပ်ဆောင်တစ်ယောက် အဖြစ် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်နေရတဲ့ မင်းသမီးချောလေး ဆုထက်လှိုင်ဟာ

ဒီကနေ့မှာလည်း ဒေါင်းယာဉ်ပျံဇာတ်ကားမှာ နိုင်လင်း ဆိုတဲ့ မောင်နဲ့ အကျိုးပေးခဲ့သလို အခုလည်း မောင်လေးတွေနဲ့ အကျိုးပေးနေတဲ့အကြောင်း သူမ သရုပ်ဆောင်ပေးထားတဲ့ သီချင်း MV လေးတစ်ပုဒ်ကို ချပြလာ ပါတယ်။ ဆုထက်လှိုင်က “ဆုထက် ချယ်ရီသင်းရဲ့ မောင်လေး အဆိုတော် Chan Layရဲ့ သီချင်းသစ်လေးဖြစ်တဲ့ [မကို ကျွန်တော် ချစ်သည်] မှာ ပါဝင်သရုပ်ဆောင်ထားတာလေးပါ။ လိုအပ် သွားတာလေးတွေ ရှိရင်လည်း နားလည်ပေးပါနော်” ဆိုပြီး မျှဝေကာ ပြောလာတာပါတယ်နော်။ ပရိသတ်အချစ်တော် မင်းသမီး ဆုထက်လှိုင်ကတော့ အဆိုတော်ချယ်ရီသင်းရဲ့မောင်လေး ချန်လေး ရဲ့ သီချင်းသစ်မှာ မမနဲ့မောင်လေး ဆိုပြီး မမ နေရာကနေ

ပီပြင်စွာ ရိုထားပုံလေးကဆိုရင် “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲက မောင် ဆိုတဲ့ နိုင်လင်းကို မေ့များသွားပြီလားလို့ ပရိသတ်တွေက” မမ ဉီးတစ်ယောက် မောင်လေး တ်ယောက်နဲ့ ရိုနေပုံများကတော့ နိုင်လင်းဆိုတဲ့ ဒေါင်းယဉ်ပျံက မောင့်ကိုကော မေ့သွားပြီလား”ဆိုပြီး မေးရတဲ့အထိ ပီပြင်လွန်းနေတာ ပါပဲနော်။ အမြဲတမ်း မောင်လေးတွေ နဲ့အကျိုးပေး သန်လွန်းလှတဲ့ မမဦးရဲ့သရုပ်ဆောင်မှုလေးတွေကို ကြည့်ရှုအားပေး ပြီးကြပြီလား ပြောပေးခဲ့ ကြပါအုံး ပရိသတ်ကြီး။

crd