ဒီအခ်က္ ေတြျဖစ္ေနရင္ သင္ဟာ စိတ္ေရာလူပါ ပင္ပန္းေနၿပီမို႔ ခဏေလာက္ အနားယူသင့္ပါတယ္

ဒီအခ်က္ ေတြျဖစ္ေနရင္ သင္ဟာ စိတ္ေရာလူပါ ပင္ပန္းေနၿပီမို႔ ခဏေလာက္ အနားယူသင့္ပါတယ္

လူေတြဟာ ဘဝ ရည္မွန္းခ်က္ေတြ ကိုယ္စီရွိၾကၿပီး အဲ့ဒီရည္မွန္းခ်က္ေတြေအာင္ျမင္ေအာင္ ႀကိဳးစားၾကပါတယ္။ ဒါေပမယ့္ တခါတရံမွာ ဘာဆိုဘာမွမလုပ္ခ်င္၊ေရွ႕မဆက္ခ်င္ေတာ့ဘဲ ပင္ပန္းႏြမ္းနယ္ေနတဲ့အခိုက္အတန႔္ေတြ ရွိတတ္ပါတယ္။ အဲ့ဒီလိုအခ်ိန္မွာ စိတ္ေရာလူပါ ပင္ပန္းေနတတ္ၿပီး အခုလို လကၡဏာေတြ ျဖစ္ေနတတ္ပါတယ္ …။

(၁) ရည္မွန္းခ်က္ ေပ်ာက္ေနတယ္

ပုံမွန္အတိုင္းႀကိဳးစားေနရင္းက ဘာ အတြက္ႀကိဳးစားရမွန္း မသိေတာ့ဘဲ ရည္မွန္းခ်က္ေတြေဝဝါးလာေနတယ္။ ေရွ႕ဆက္ၿပီး ကိုယ္ဘာျဖစ္ခ်င္မွန္းမသိေတာ့သလို၊ ဘာမွလည္းဆက္မလုပ္ခ်င္ေတာ့တာမ်ိဳးေပါ့။ ကိုယ္လုပ္ေနတာေတြက အဓိပၸါယ္မရွိဘူးလို႔ ထင္ေနတာမ်ိဳး။ အဲ့ဒါက စိတ္ေရာ လူပါ ပင္ပန္းေနတာေၾကာင့္ပဲ ျဖစ္ပါတယ္ …။

(၂) ဘာခံစားခ်က္ မွမရွိဘူး

ေန႔စဥ္နဲ႔အမွ် စိတ္ခံစားခ်က္မရွိတဲ့သူ တစ္ေယာာက္လိုျဖစ္ေနၿပီး စိတ္လႈပ္ရွားတာ၊ ေပ်ာ္တာ၊ ဝမ္းနည္းတာေတြမရွိတဲ့သူတစ္ေယာက္လို၊ ဘာကိုမွမခံစားႏိုင္တဲ့သူတစ္ေယာက္လိုျဖစ္ေနပါလိမ့္မယ္။ အဲ့ဒါကလည္း သင္ဟာ သင္ထင္ထားတာထက္ အမ်ားႀကီးပင္ပန္းေနလို႔ပါ …။

(၃) ထစ္ခနဲရွိ စိတ္ဆိုးေနတယ္

ဘာကိုမွမခံစားႏိုင္ေတာ့တဲ့သူ တစ္ေယာက္လိုျဖစ္ေနေပမယ့္ စိတ္ဆိုး၊စိတ္တိုလြယ္တာေတာ့ျဖစ္ေနပါလိ္မ့္မယ္။ တစ္ေယာက္က စကားလာေျပာတာနဲ႔ စိတ္တိုေနတာမ်ိဳး၊ ဘာမွမေျပာဘဲ ၾကည့္႐ုံပဲၾကည့္တာေတာင္ ေဒါသထြက္ေနတာမ်ိဳး၊ ထစ္ခနဲရွိစိတ္ဆိုးေနတာမ်ိဳးက လူတစ္ေယာက္ အရမ္းပင္ပန္းေနတဲ့ လကၡဏာပဲျဖစ္ပါတယ္ေနာ္ …။

(၄) လူေတြကသင့္ ကိုနားမလည္ႏိုင္ေအာင္ျဖစ္ေနတယ္

သင့္စိတ္ကအေျပာင္းအလဲျမန္ လို႔ သင့္ေဘးနားက လူေတြက သင့္ကို နားမလည္ႏိုင္တာမ်ိဳး၊ သင့္အေၾကာင္းသိခဲ့တဲ့ အနီးကပ္သူငယ္ခ်င္းေတြေတာင္ သင့္ကိုနားမလည္ေပးႏိုင္ေတာ့လို႔ တစ္ေယာက္တည္းကြဲထြက္လာတဲ့အထိျဖစ္ေနတာမ်ိဳးကလည္း သင္ဟာ အနားယူဖို႔လိုေနၿပီ၊ စိတ္ေရာ လူပါပင္ပန္းေနၿပီဆိုတဲ့ လကၡဏာျဖစ္ ပါတယ္ …။

(၅) ဘယ္အရာကမွသင့္ကို စိတ္ေက်နပ္မႈ မေပးႏိုင္ဘူး

အရင္က စာအုပ္တစ္အုပ္ဖတ္လိုက္ရရင္၊ ကိုယ္ႀကိဳက္တဲ့ ႐ုပ္ရွင္တစ္ကားေလာက္ၾကည့္ လိုက္ရရင္၊ ခရီးထြက္ရရင္ စိတ္ေက်နပ္ႏိုင္ေပမယ့္ အခုေတာ့ ဘယ္အရာကမွသင့္ကိုစိတ္ေက်နပ္မႈမေပးႏိုင္ေတာ့တာမ်ိဳးျဖစ္ေနရင္ သင္ဟာ ေသေသခ်ာခ်ာအနားယူဖို႔ လိုအပ္ေနတာပါ …။

(၆) ေန႔တိုင္းလိုလို စိတ္ရႈပ္ေထြးေနမယ္

မနက္အိပ္ရာႏိုးလာတာ နဲ႔ စိတ္ရႈပ္ေထြးေနၿပီး ဘာေၾကာင့္အဲ့ဒီလိုျဖစ္ေနမွန္းမသိျဖစ္ေနမယ္။ စိတ္ညစ္စရာေထြေထြထူးထူးမရွိဘဲ စိတ္ညစ္ေနမယ္။ ေန႔တိုင္း လိုလို မေပ်ာ္႐ႊင္ဘဲ ေလးလံ ထိုင္းမႈိင္းေနတတ္တယ္။ ဒါေတြဟာလည္း သင့္အေနနဲ႔ စိတ္ေရာလူပါအနားယူသင့္ေနၿပီ ဆိုတာ သိသာတဲ့ လကၡဏာပါပဲေနာ္ …။ ။

Written by PP

unicode

ဒီအချက် တွေဖြစ်နေရင် သင်ဟာ စိတ်ရောလူပါ ပင်ပန်းနေပြီမို့ ခဏလောက် အနားယူသင့်ပါတယ်

လူတွေဟာ ဘဝ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပြီး အဲ့ဒီရည်မှန်းချက်တွေအောင်မြင်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် တခါတရံမှာ ဘာဆိုဘာမှမလုပ်ချင်၊ရှေ့မဆက်ချင်တော့ဘဲ ပင်ပန်းနွမ်းနယ်နေတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စိတ်ရောလူပါ ပင်ပန်းနေတတ်ပြီး အခုလို လက္ခဏာတွေ ဖြစ်နေတတ်ပါတယ် …။

(၁) ရည်မှန်းချက် ပျောက်နေတယ်

ပုံမှန်အတိုင်းကြိုးစားနေရင်းက ဘာ အတွက်ကြိုးစားရမှန်း မသိတော့ဘဲ ရည်မှန်းချက်တွေဝေဝါးလာနေတယ်။ ရှေ့ဆက်ပြီး ကိုယ်ဘာဖြစ်ချင်မှန်းမသိတော့သလို၊ ဘာမှလည်းဆက်မလုပ်ချင်တော့တာမျိုးပေါ့။ ကိုယ်လုပ်နေတာတွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာမျိုး။ အဲ့ဒါက စိတ်ရော လူပါ ပင်ပန်းနေတာကြောင့်ပဲ ဖြစ်ပါတယ် …။

(၂) ဘာခံစားချက် မှမရှိဘူး

နေ့စဉ်နဲ့အမျှ စိတ်ခံစားချက်မရှိတဲ့သူ တစ်ယောာက်လိုဖြစ်နေပြီး စိတ်လှုပ်ရှားတာ၊ ပျော်တာ၊ ဝမ်းနည်းတာတွေမရှိတဲ့သူတစ်ယောက်လို၊ ဘာကိုမှမခံစားနိုင်တဲ့သူတစ်ယောက်လိုဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကလည်း သင်ဟာ သင်ထင်ထားတာထက် အများကြီးပင်ပန်းနေလို့ပါ …။

(၃) ထစ်ခနဲရှိ စိတ်ဆိုးနေတယ်

ဘာကိုမှမခံစားနိုင်တော့တဲ့သူ တစ်ယောက်လိုဖြစ်နေပေမယ့် စိတ်ဆိုး၊စိတ်တိုလွယ်တာတော့ဖြစ်နေပါလိမ့်မယ်။ တစ်ယောက်က စကားလာပြောတာနဲ့ စိတ်တိုနေတာမျိုး၊ ဘာမှမပြောဘဲ ကြည့်ရုံပဲကြည့်တာတောင် ဒေါသထွက်နေတာမျိုး၊ ထစ်ခနဲရှိစိတ်ဆိုးနေတာမျိုးက လူတစ်ယောက် အရမ်းပင်ပန်းနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်နော် …။

(၄) လူတွေကသင့် ကိုနားမလည်နိုင်အောင်ဖြစ်နေတယ်

သင့်စိတ်ကအပြောင်းအလဲမြန် လို့ သင့်ဘေးနားက လူတွေက သင့်ကို နားမလည်နိုင်တာမျိုး၊ သင့်အကြောင်းသိခဲ့တဲ့ အနီးကပ်သူငယ်ချင်းတွေတောင် သင့်ကိုနားမလည်ပေးနိုင်တော့လို့ တစ်ယောက်တည်းကွဲထွက်လာတဲ့အထိဖြစ်နေတာမျိုးကလည်း သင်ဟာ အနားယူဖို့လိုနေပြီ၊ စိတ်ရော လူပါပင်ပန်းနေပြီဆိုတဲ့ လက္ခဏာဖြစ် ပါတယ် …။

(၅) ဘယ်အရာကမှသင့်ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး

အရင်က စာအုပ်တစ်အုပ်ဖတ်လိုက်ရရင်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တစ်ကားလောက်ကြည့် လိုက်ရရင်၊ ခရီးထွက်ရရင် စိတ်ကျေနပ်နိုင်ပေမယ့် အခုတော့ ဘယ်အရာကမှသင့်ကိုစိတ်ကျေနပ်မှုမပေးနိုင်တော့တာမျိုးဖြစ်နေရင် သင်ဟာ သေသေချာချာအနားယူဖို့ လိုအပ်နေတာပါ …။

(၆) နေ့တိုင်းလိုလို စိတ်ရှုပ်ထွေးနေမယ်

မနက်အိပ်ရာနိုးလာတာ နဲ့ စိတ်ရှုပ်ထွေးနေပြီး ဘာကြောင့်အဲ့ဒီလိုဖြစ်နေမှန်းမသိဖြစ်နေမယ်။ စိတ်ညစ်စရာထွေထွေထူးထူးမရှိဘဲ စိတ်ညစ်နေမယ်။ နေ့တိုင်း လိုလို မပျော်ရွှင်ဘဲ လေးလံ ထိုင်းမှိုင်းနေတတ်တယ်။ ဒါတွေဟာလည်း သင့်အနေနဲ့ စိတ်ရောလူပါအနားယူသင့်နေပြီ ဆိုတာ သိသာတဲ့ လက္ခဏာပါပဲနော် …။ ။

Written by PP