ေဖေဖေလာက္ေခ်ာၿပီး ပညာထူးခြၽန္ ရင္ ကိုယ့္ဘဝႀကီး က WELCOME ပါ ဆိုတဲ့ သင္ဇာဝင့္ေက်ာ္

ေဖေဖေလာက္ေခ်ာၿပီး ပညာထူးခြၽန္ ရင္ ကိုယ့္ဘဝႀကီး က WELCOME ပါ ဆိုတဲ့ သင္ဇာဝင့္ေက်ာ္

ရွင္းလင္းေျပျပစ္တဲ့ မ်က္ႏွာေလး နဲ႔ အျပစ္ဆိုစရာ မရွိေလာက္ေအာင္လွပလြန္းတဲ့ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္က အႏုပညာေလာကရဲ႕ ေအာင္ျမင္တဲ့ ၾကယ္ပြင့္တစ္ပြင့္ပါပဲ။ သင္ဇာဝင့္ေက်ာ္က ႐ုပ္ရွင္ နဲ႔ ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမွာ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ ရဲ႕ အားေပး ခ်စ္ခင္မႈေတြကို ရရွိပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ရဲ႕ သူမ်ားနဲ႔မတူတဲ့ အမိုက္စားဖက္ရွင္ေတြကိုလည္း ပရိသတ္ေတြက စိတ္ဝင္တစား ေစာင့္ၾကည့္အားေပးၾကပါတယ္။

သင္ဇာဝင့္ေက်ာ္က လက္ရွိမွာ အသက္ သုံးဆယ္ေက်ာ္ အ႐ြယ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး အိမ္ေထာင္မျပဳေသးပဲ မိသားစုေတြနဲ႔သာ ေနထိုင္ရင္း အႏုပညာလုပ္ငန္းေတြ ကို လုပ္ကိုင္ေနတဲ့ တစ္ကိုယ္တည္း အပ်ိဳႀကီး တစ္ေယာက္ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ သင္ဇာဝင့္ေက်ာ္က သူမေဖေဖရဲ႕ ငယ္ဘဝပုံေလးေတြကို ပရိသတ္ေတြ အတြက္ မွ်ေဝေပးရင္း “ကိုယ့္အေဖလိုေခ်ာၿပီး ပညာထူးခြၽန္မွ ဘဝထဲဝင္ခဲ့ပါ။” ဆိုၿပီး စေနာက္ ေျပာဆိုထားပါတယ္။ သင္ဇာဝင့္ေက်ာ္ ရဲ႕ ေဖေဖက သူတို႔ေခတ္အခါက လူရည္ခြၽန္ဆုကို ႏွစ္ခါတိတိရရွိထားသူျဖစ္ၿပီး လက္ရွိ မွာလည္း အင္ဂ်ီနီယာ တစ္ေယာက္ အျဖစ္ အလုပ္ေတြ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာ့ ေဖေဖ ခ်စ္တဲ့ သမီးေလး တစ္ေယာက္ ျဖစ္ပါတယ္။ ဘယ္မိန္းကေလး မဆို အိမ္ေထာင္ဖက္ေ႐ြးခ်ယ္တဲ့အခါ ကိုယ့္ရဲ႕အားကိုးရာ ေဖေဖလိုလူမ်ိဳးကို ရခ်င္တာ သဘာဝပါပဲ။ သင္ဇာ တစ္ေယာက္ ႐ုပ္ေခ်ာၿပီး အရည္အခ်င္းရွိတဲ့ အိမ္ေထာင္ဖက္ မ်ိဳးကို ပိုင္ဆိုင္ ပါေစလို႔ ဆုေတာင္းေပး လိုက္ ပါတယ္။

crd : panpyoelat

unicode

ဖေဖေလောက်ချောပြီး ပညာထူးချွန် ရင် ကိုယ့်ဘဝကြီး က WELCOME ပါ ဆိုတဲ့ သင်ဇာဝင့်ကျော်

ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေး နဲ့ အပြစ်ဆိုစရာ မရှိလောက်အောင်လှပလွန်းတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကရဲ့ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ သင်ဇာဝင့်ကျော်က ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကား တော်တော်များမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ သူများနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာ အသက် သုံးဆယ်ကျော် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့သာ နေထိုင်ရင်း အနုပညာလုပ်ငန်းတွေ ကို လုပ်ကိုင်နေတဲ့ တစ်ကိုယ်တည်း အပျိုကြီး တစ်ယောက် ဖြစ်ပါတယ်။ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမဖေဖေရဲ့ ငယ်ဘဝပုံလေးတွေကို ပရိသတ်တွေ အတွက် မျှဝေပေးရင်း “ကိုယ့်အဖေလိုချောပြီး ပညာထူးချွန်မှ ဘဝထဲဝင်ခဲ့ပါ။” ဆိုပြီး စနောက် ပြောဆိုထားပါတယ်။ သင်ဇာဝင့်ကျော် ရဲ့ ဖေဖေက သူတို့ခေတ်အခါက လူရည်ချွန်ဆုကို နှစ်ခါတိတိရရှိထားသူဖြစ်ပြီး လက်ရှိ မှာလည်း အင်ဂျီနီယာ တစ်ယောက် အဖြစ် အလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ဖေဖေ ချစ်တဲ့ သမီးလေး တစ်ယောက် ဖြစ်ပါတယ်။ ဘယ်မိန်းကလေး မဆို အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့အားကိုးရာ ဖေဖေလိုလူမျိုးကို ရချင်တာ သဘာဝပါပဲ။ သင်ဇာ တစ်ယောက် ရုပ်ချောပြီး အရည်အချင်းရှိတဲ့ အိမ်ထောင်ဖက် မျိုးကို ပိုင်ဆိုင် ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

11 + twenty =