COVID-19 ေရာဂါ အတြက္ ရန္ကုန္စည္ပင္ နယ္နိမိတ္ (၃၃) ၿမိဳ႕နယ္လုံး တြင္ က်န္းမာေရး စစ္တမ္းေကာက္မည္

COVID-19 ေရာဂါ အတြက္ ရန္ကုန္စည္ပင္ နယ္နိမိတ္ (၃၃) ၿမိဳ႕နယ္လုံး တြင္ က်န္းမာေရး စစ္တမ္းေကာက္မည္

ကိုဗစ္-၁၉ေရာဂါ ထပ္မံျဖစ္ေပၚ လာႏိုင္တဲ့ ဒုတိယလႈိင္း အတြက္လည္း ျပင္ဆင္တဲ့အေနနဲ႔ေရာ ႀကိဳတင္ကာကြယ္တဲ့အေန နဲ႔ပါ က်န္းမာေရး စစ္တမ္းေတြကို ၿမိဳ႕နယ္အလိုက္ လိုက္ေကာက္ယူေနတယ္လို႔ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။ေမလ ၁၇ ရက္ ညပိုင္းနဲ႔ ေမ လ ၁၈ရက္ေန႔ မနက္ပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ခ်က္အရ COVID-19 အတည္ျပဳ လူနာသစ္ ၅ ဦး ထပ္ေတြ႕ရ တာေၾကာင့္ ႏိုင္ငံတဝန္း အတည္ျပဳလူနာ စုစုေပါင္း ၁၈၇ ဦးရွိ သြားၿပီျဖစ္ပါတယ္။

လူနာသစ္ ၅ ဦးကေတာ့ မရမ္းကုန္းၿမိဳ႕နယ္က အသက္ ၅၇ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္က အသက္ ၄၁ ႏွစ္ အ႐ြယ္ရွိ မေလးရွားျပန္ အမ်ိဳးသား ၁ ဦး၊ ကရင္ျပည္နယ္က ၂ ဦးနဲ႔ တနသၤာရီတိုင္းက ၁ ဦးတို႔ ျဖစ္ပါတယ္။ COVID-19 ပိုးေတြ႕လူနာအမ်ားဆုံး ျဖစ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး အတြင္းက ရန္ကုန္စည္ပင္ နယ္နမိတ္ ၃၃ ၿမိဳ႕နယ္လုံးကို က်န္းမာေရးစစ္တမ္း ေကာက္ယူေတာ့ မယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

လတ္တေလာ မွာေတာ့ အင္းစိန္၊ လႈိင္သာယာနဲ႔ တာေမြၿမိဳ႕နယ္ ေတြကို က်န္းမာေရးစစ္တမ္း ေကာက္ယူ ထားၿပီး အခုသီတင္းပတ္ထဲ မွာတင္ ေတာင္ဥကၠလာပ၊ ဗဟန္း၊ မရမ္းကုန္းၿမိဳ႕နယ္ေတြကို က်န္းမာေရးစစ္တမ္း ဆက္ေကာက္ေနပါတယ္။ ဆက္လက္ၿပီး ရန္ကုန္စည္ ပင္နယ္နမိတ္ ၃၃ ၿမိဳ႕နယ္လုံးကို က်န္းမာေရး စစ္တမ္းေကာက္မွာျဖစ္တယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

က်န္းမာေရးစစ္တမ္းေကာက္ယူရာမွာ အပူခ်ိန္တိုင္းကိရိယာ တပ္ဆင္ထားတဲ့ ကားေတြနဲ႔ ကားေပၚမွာ ဆရာဝန္နဲ႔ က်န္းမာေရး တာဝန္ရွိ သူေတြ လိုက္ပါလာၿပီးေနာက္ အမ်ားျပည္သူကို ေရာဂါလကၡဏာ ၈ မ်ိဳးစစ္ေပးမွာျဖစ္ၿပီး ေနာက္တစ္မ်ိဳးအေနနဲ႔ က်န္းမာေရးဝန္ထမ္း ေတြ၊ ပရိတသမားေတြ အျပင္ ရပ္/ေက်းဆယ္အိမ္မႉးေတြက အိမ္တိုင္ရာေရာက္ က်န္းမာေရး စစ္ေဆးမွာ ျဖစ္ပါတယ္။

REF: ဒီဗြီဘီ

unicode

COVID-19 ရောဂါ အတွက် ရန်ကုန်စည်ပင် နယ်နိမိတ် (၃၃) မြို့နယ်လုံး တွင် ကျန်းမာရေး စစ်တမ်းကောက်မည်

ကိုဗစ်-၁၉ရောဂါ ထပ်မံဖြစ်ပေါ် လာနိုင်တဲ့ ဒုတိယလှိုင်း အတွက်လည်း ပြင်ဆင်တဲ့အနေနဲ့ရော ကြိုတင်ကာကွယ်တဲ့အနေ နဲ့ပါ ကျန်းမာရေး စစ်တမ်းတွေကို မြို့နယ်အလိုက် လိုက်ကောက်ယူနေတယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။မေလ ၁၇ ရက် ညပိုင်းနဲ့ မေ လ ၁၈ရက်နေ့ မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ချက်အရ COVID-19 အတည်ပြု လူနာသစ် ၅ ဦး ထပ်တွေ့ရ တာကြောင့် နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၈၇ ဦးရှိ သွားပြီဖြစ်ပါတယ်။

လူနာသစ် ၅ ဦးကတော့ မရမ်းကုန်းမြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ပုဇွန်တောင်မြို့နယ်က အသက် ၄၁ နှစ် အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦး၊ ကရင်ပြည်နယ်က ၂ ဦးနဲ့ တနင်္သာရီတိုင်းက ၁ ဦးတို့ ဖြစ်ပါတယ်။ COVID-19 ပိုးတွေ့လူနာအများဆုံး ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းက ရန်ကုန်စည်ပင် နယ်နမိတ် ၃၃ မြို့နယ်လုံးကို ကျန်းမာရေးစစ်တမ်း ကောက်ယူတော့ မယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

လတ်တလော မှာတော့ အင်းစိန်၊ လှိုင်သာယာနဲ့ တာမွေမြို့နယ် တွေကို ကျန်းမာရေးစစ်တမ်း ကောက်ယူ ထားပြီး အခုသီတင်းပတ်ထဲ မှာတင် တောင်ဥက္ကလာပ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်တွေကို ကျန်းမာရေးစစ်တမ်း ဆက်ကောက်နေပါတယ်။ ဆက်လက်ပြီး ရန်ကုန်စည် ပင်နယ်နမိတ် ၃၃ မြို့နယ်လုံးကို ကျန်းမာရေး စစ်တမ်းကောက်မှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ အပူချိန်တိုင်းကိရိယာ တပ်ဆင်ထားတဲ့ ကားတွေနဲ့ ကားပေါ်မှာ ဆရာဝန်နဲ့ ကျန်းမာရေး တာဝန်ရှိ သူတွေ လိုက်ပါလာပြီးနောက် အများပြည်သူကို ရောဂါလက္ခဏာ ၈ မျိုးစစ်ပေးမှာဖြစ်ပြီး နောက်တစ်မျိုးအနေနဲ့ ကျန်းမာရေးဝန်ထမ်း တွေ၊ ပရိတသမားတွေ အပြင် ရပ်/ကျေးဆယ်အိမ်မှူးတွေက အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးမှာ ဖြစ်ပါတယ်။

REF: ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *

twenty − three =