




crd : panpyoelat

unicode

တရုတ်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ကို ဒေါ်လာ (၂) ဘီလီယံ ထောက်ပံ့မည်

မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွေအရ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာတစ်လွှားကို ချောက်ချားစေခဲ့တဲ့ Covid-19 ရောဂါကြီးကိုထိန်းချုပ်ရေးဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လုပ်ငန်းစဉ်တွေအတွက် ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ သမ္မတ ရှီကျင်းပင်က ကတိပြုခဲ့တယ်လို့သိရပါတယ်။ ကမ္ဘာ တစ်ဝှမ်းသေဆုံးသူ ၃ သိန်းကျော်လာချိန်မှာတော့ ဥရောပသမဂ္ဂ နဲ့ ဩစတြီးယားနိုင်ငံတို့ရဲ့ တွန်းအားပေးမှုဖြင့် ကျင်းပနိုင်ခဲ့တဲ့ Covid-19 ရောဂါရင်းမြစ်ရှာဖွေရေးဆွေးနွေးပွဲမှာ သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

ယခုဆွေးနွေးမှုကို ယခင် ကတည်းက အမေရိကန်ကတောင်းဆိုခဲ့တာဖြစ်ပေမဲ့ တရုတ်နိုင်ငံက မျက်ကွယ်ပြုခဲ့ပြီး ယခုအကြိမ်မှသာ ရောဂါရင်းမြစ်ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပါမယ်လို့ ဆိုလာခြင်းလည်းဖြစ်ပါတယ်။ ရောဂါကြီးကို ထိန်းသိမ်းနိုင်ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းဖြေရှင်းရမယ့် စီးပွားရေးပြသနာတွေအပြင် ရောဂါနဲ့ပတ်သတ်တဲ့အတွေ့အကြုံတွေနဲ့ ဆေးပညာဆိုင်ရာကုထုံးတွေအတွက် ပူးပေါင်း ပါဝင်မယ်လို့ သမ္မတရှီကျင်းပင်က ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။တရုတ်အနေနဲ့ ရောဂါပိုးကူးစက်မှုနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုရှိခဲ့ကြောင်း ထပ်လောင်းပြောကြား ခဲ့ပြီး သိပ္ပံနည်းပညာ နဲ့ ကျွမ်းကျင်မှုတို့ဖြင့် ပြန်လည်ထိန်းချုပ်ရမယ့် ရောဂါကပ်ကြီးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ထိန်းချုပ်သွားဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် ၎င်းလုပ်ငန်းစဉ်များအတွက် လာမည့် ၂ နှစ်အတွင်း တရုတ်က ဒေါ်လာ ၂ ဘီလီယံထောက်ပံ့ပေး သွားမယ် လို့လည်းကတိပြုခဲ့ပါသေးတယ်။

တရုတ်နိုင်ငံကိုယ်တိုင်လည်း Covid-19 ထိန်းချုပ်ရေး အတွက် ဆေးဝါးအမြန်ဆုံးထုတ်လုပ်သွားမည်ဖြစ်ကာ ကမ္ဘာ့စားနပ် ရိက္ခာ ထောက်ပံ့ရေး အတွက် United Nations နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သမ္မတရှီက ဆိုခဲ့ပါသေးတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

one × one =