#WHO မှ ကာကွယ်ဆေးဆိုင်ရာဆေးသိပ္ပံပညာရှင် ရဲ့ပြောစကားလေး ကိုမူရင်း အတိုင်းဘာသာပြန်ပေး လိုက်ပါတယ်

#WHO မှ ကာကွယ်ဆေးဆိုင်ရာဆေးသိပ္ပံပညာရှင် ရဲ့ပြောစကားလေး ကိုမူရင်း အတိုင်းဘာသာပြန်ပေး လိုက်ပါတယ်

#ဖတ်ကြည့်ပါ အင်မတန် တန်ဖိုးရှိပါတယ်

#WHO မှ ကာကွယ်ဆေးဆိုင်ရာဆေးသိပ္ပံ ပညာရှင်ရဲ့ပြောစကားလေး ကိုမူရင်း အတိုင်းဘာသာပြန်ပေးလိုက်ပါတယ်

ကျွန်တော်တို့ အခုကြောက်လန့်နေကြတဲ့ ကူးစက်ရောဂါ Covid19 ဟာ လွယ်လွယ် နဲ့ပျောက်သွားမှာ မဟုတ်ပါဘူး

ဒီရောဂါကို ကြောက်လန့်ပြီးတော့လဲ ကျွန်တော်တို့ ရေရှည်အိမ်ထဲ ပုန်းနေလို့လဲ မဖြစ်နိုင် ပါဘူး

စီးပွားရေး လူမှုရေး ပညာရေး စတဲ့အရေးကိစ္စတွေအတွက် ကျွန်တော်တို့ အပြင်ကို ထွက်ကို ထွက်ရပါမယ်ဆိုင်တွေဈေးတွေလဲ ဖွင့်ကိုဖွင့်ရပါမယ်

ထို့အတူ အားကိုးတကြီးနဲ့ အများမျော်လင့်တောင်းတနေတဲ့ ကာကွယ်ဆေးဆိုတာဟာလဲ အဆင့်ဆင့် စမ်းသပ်မှုတွေ လုပ်ရတာမို့လို့ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာမှာ မဟုတ်ပါဘူး

အဲတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ

ရန်သူကို အနိုင် တိုက်ထုတ်လို့ မရရင် အဲရန်သူနဲ့ အတူတူ အဆင်ပြေအောင်နေနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ရပါတော့မယ်

ဒီလို လူအချင်းချင်းကူးစက်တတ်တဲ့ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါ ဟာ အခုမှ ပေါ်လာတာမဟုတ်ပါဘူး သူလိုပဲကြောက်စရာကောင်းပြီး အခုထိ ကာကွယ်ဆေး ကုသဆေးမတွေ့သေးတဲ့ရောဂါ တခုရှိပါတယ်

အဲတာကတော့ အများသိပြီးသား HIV(AIDS) ရောဂါပဲဖြစ် ပါတယ်

အခုCovidရောဂါလို အစုလိုက်အပြုံလိုက် မသေကြလို့သာ သူ့ကိုမေ့နေကြတာပါ သူ့ကြောင့်သေ ခဲ့တဲ့ လူတွေဟာလဲ ကမ္ဘာမှာ မနည်းပါဘူး။

AIDS မဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်ရမယ် ဆိုတာ လူတွေအားလုံးသိပြီးသားပါ

ဒါဟာလဲ ရောဂါကို အပြီးမတိုက်ထုတ်နိုင်လို့ ရောဂါ နဲ့ အဆင်ပြေအောင် အတူတကွ နေတတ်လာခြင်းပါ

ဒါကြောင့်လဲ ချမ်းသာတဲ့နိုင်ငံတွေမှာ AIDS ရောဂါဟာ ကူးစက်သူ မရှိသလောက်နည်းသွားခဲ့တာပါ

အဲတော့ Covid ကို မတိုက်ထုတ်နိုင်ခင်မှာ Covid မကူးစက်အောင် Covid နဲ့အဆင်​ပြေအောင် ကျွန်တော်တို့ နေထိုင်တတ်ရပါတော့မယ်

ဒါဆို ကျွန်တော်တို့ဘဝတွေ ပူံမှန်တိုင်း ပြန်ဖြစ်သွားမှာပါ

Covid နဲ့ အဆင်ပြေအောင် နေနိုင် ဖို့ ကျွန်တော်တို့ အချက် ၈ ချက် လိုက်နာရင် ရပါပြီ

#ဒါတွေကတော့

၁.အိမ်ပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ပါ

၂.နေကာမျက်မှန် မျက်လုံးကာ မျက်နာကာ တပ်ပါ

၃.ဘာကိုင်ကိုင်ပြီး တိုင်း ဆပ်ပြာနဲ့ လက်ဆေးပါ မျက်နာ သစ်ပါ

၎.လူထူထပ်တဲ့နေရာပွဲလမ်းသဘင် တွေ ကို အတတ်နိုင်ဆုံးရှောင်ပါ

၅.တစ်ဦးနဲ့တစ်ဦး အနီးကပ် နေခြင်း စကားပြောခြင်း ကိုရှောင်ကျဉ်ပါ

၆.ဖျားနာ နာဆေး ချောင်းဆိုး လူနာများကို ရှောင်ပါ

၇.ကိုယ်ခံအားကောင်းအောင်မွေးမြူပါ

၈.အသားငါးများအား အစိမ်းစားခြင်း မကျက်တကျက် စားခြင်း မီးကင်စားခြင်း တို့မှ လုံးဝရှောင်ပါ

ဒီ ၈ ချက်သာ ကျွန်တော်တို့ မမေ့မလျော့လိုက်နာနိုင် ရင် ကျွန်တော်တို့ ကို Covid ရောဂါ မကူးစက်နိုင်သလို ဒီရောဂါနဲ့လဲ အတူတကွ အဆင်ပြေအောင် ရေရှည်မှာ နေထိုင်နိုင်သွားမှာပါ

ဒါကတော့ ဆေးသိပ္ပံ ပညာရှင်ရဲ့ ပြောစကား မူရင်းပါ

သူပြောသွားတာတွေဟာ ကျွန်တော်ရေးတင်ခဲ့ဖူးတဲ့ #Covidမကူးအောင်နေနည်း ဆောင်းပါးလေး ထဲကအတိုင်းပါပဲ

ကျွန်တော့် ဆောင်းပါးထဲမှာတော့ ပိုပြည့်စုံပါတယ်ရှာဖတ်ကြည့်ကြပါ

အားလုံးကျန်းမာကြပါစေ🙏🙏🙏

ချစ်တဲ့kkh❤(ပုဂံမြေ)

(ဤဆောင်းပါးအား မည်သူမဆို လွတ်လပ်စွာ share နိုင်ပါသည် Copy ယူလျင် credit name ပေးပါ)

Credit…Ko Ko Hlaing.

Add a Comment

Your email address will not be published. Required fields are marked *

5 × one =