သမိုင်း ပညာရှင်တွေပြောတဲ့ “ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဘယ်တော့ ဘယ်လို အဆုံး သတ်မလဲ”

သမိုင်း ပညာရှင်တွေပြောတဲ့ “ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဘယ်တော့ ဘယ်လို အဆုံး သတ်မလဲ”

ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဘယ်တော့ ဘယ်လို အဆုံး သတ်မလဲ….?

သမိုင်းပညာရှင်တွေ ကပြောတယ်…။ ပုံမှန်အားဖြင့် ကပ်ရောဂါကြီးတွေ ဟာ အမျိုးအစားနှစ်မျိုး နဲ့ အဆုံးသတ် တတ်တယ်တဲ့။ နံပါတ် -၁- ဆေးပညာကြောင့်…။ (medical ending), နံပါတ် -၂- လူ့စိတ်နဲ့ လူနေမှုပတ်ဝန်းကျင်ကြောင့်..။ (social ending)

ဆေးပညာကြောင့်…။ ကာကွယ်ဆေး သို့မဟုတ် ကုသဆေးပေါ် လာရင် ရောဂါဖြစ်ပွါးမှုနဲ့ သေဆုံးမှုနှုန်းကျဆင်းသွားပြီး ကပ်ကြီးပြီးဆုံးသွား..။

ဥပမာ- small pox လို့ခေါ်တဲ့ ကျောက်ရောဂါ ကပ်ဆိုးကြီး…။ ကျောက်ရောဂါ ကပ်ဆိုးကြီးဟာ ကပ်ရောဂါတွေထဲက ရေရှည်တွင် ကာကွယ်မှုပေးနိုင်ပြီး၊ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ ဆေးပေါ်ခဲ့တာမို့ ရောဂါကပ်ကြီး တကယ်ပြီးဆုံးသွားခဲ့..။

လူ့စိတ်နဲ့ လူနေမှုပတ်ဝန်းကျင်ကြောင့်..။ လူတွေက ကပ်ရောဂါ တစ်ခုကို ကြောက်ရွံ့စိတ်မရှိတော့ရင်..၊ လူတွေဟာ အဲ့ဒီရောဂါကို ကြောက်လန့်ပြီး အသက်ရှင်ရတာ ငြီးငွေ့ လာကြရင်..၊ ဒီရောဂါကို ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်လှမ်းဖို့ ကြိုးစားကြရင်..၊ အဲဒီအခြေအနေမှာ ရောဂါ ကပ်ကြီးပြီးသွားတယ်တဲ့…။

လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ ကစပြီး Black Death လို့ခေါ်တဲ့ Bubonic Plague ပလိပ်ရောဂါကြီးကြောင့် လူတွေသန်းနဲ့ချီသေတယ်။ ဒါပေမဲ့ အခုခေတ်မှာ သိပ်မတွေ့ရတော့ဘူး…။

ဒါကြောင့် အချို့ရောဂါကပ်တွေရဲ့ အဆုံးသတ်ဟာ ဆေးပညာနဲ့ ကုသပျောက်ကင်းလို့ ပြီးဆုံး သွားတာမျိုး မဟုတ်ဘူး..။ လူတွေက အဲ့ဒီရောဂါနဲ့ အတူတူ ကမ္ဘာကြီးထဲမှာနေဖို့ နည်းလမ်းရှာလိုက်ကြလို့ပဲဖြစ်တယ်..။

ပထမကမ္ဘာစစ်ကြီးအတွင်း၊ ၁၉၁၈ ခုနှစ် မှာဖြစ်ခဲ့တဲ့ တုပ်ကွေး ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်း ၅၀ ကနေ သန်း ၁၀၀ အထိ သေကျေပျက်စီးစေခဲ့တာပေါ့..။ ကပ်ရောဂါကြီးဟာ အဲ့ဒီလို ကမ္ဘာတစ်ပတ်လှည့်လည်၊ လူတွေကိုသေစေပြီးတော့ ညင်သာပျော့ပျောင်းတဲ့ ရာသီတုပ်ကွေး အဖြစ် ပြောင်းလဲ သွားတယ်…။

၁၉၁၈ တုပ်ကွေးဗိုင်းရပ်စ်ဟာ ဒီနေ့အထိ ရာသီ အလိုက်တုပ်ကွေးအဖြစ် ပျံ့နှံ့နေဆဲ…။ ဒါပေမဲ့ ၁၉၁၈ ရောဂါကပ်ကြီးကို မှတ်မိပြီး ကြောက်ကြတဲ့သူမရှိသလောက်…။ မကြာသေးမီအချိန်က ၁၉၁၈ တုပ်ကွေးကိုတောင် လူတွေဟာ မေ့သွားနိုင်ခဲ့ကြတယ်..။

လူတွေရဲ့ သဘော၊ သဘာဝက ဘဝအသစ် ကို ပြန်စချင်ကြတယ်။ ခေတ်အသစ်ကို လိုချင်ကြတယ်။ ရောဂါ၊စစ်ပွဲ စတဲ့ အိပ်မက်ဆိုးတွေကို အတိတ်မှာ ထားခဲ့ချင်ကြတယ်လေ။

COVID-19 ရောဂါကူးစက်မှုဟာလည်း … နံပါတ် -၂- လူ့စိတ်နဲ့ လူနေမှု ပတ်ဝန်းကျင်ကြောင့်.. (social ending) နဲ့ အရင် အဆုံးသတ်သွားနိုင်တယ်လို့ သမိုင်းပညာရှင်တွေကခန့်မှန်းတယ်။

“ကာကွယ်ဆေး (သို့မဟုတ်) ထိရောက်တဲ့ကုသမှု ရှာမတွေ့ခင်ဘဲ လူတွေဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို အလွန်ငြီးငွေ့လာကြလာ လိမ့်မယ်” လို့ Exeter တက္ကသိုလ်က သမိုင်းပညာရှင် Dora Vargha ကပြောတယ်။

ဒီကပ်ဆိုးကြီးကို ဘယ်သူတွေက ဘယ်လို အဆုံးသတ်ပေးမလဲ ဆိုတာ ဘယ်သူကမှတော့ အတိအကျ မပြောနိုင်…။

ဒီ COVID-19 ရောဂါကူးစက်မှုက အမေရိကန်က သမ္မတ အိမ်ဖြူတော် အထိ ထိုးဖောက်သွားပြီဖြစ်တယ် ။ အိမ်ဖြူတော်မှာ ဗိုင်းရပ်စ်ရနေတဲ့သူ ၂ ယောက်ရှိပြီ..။ အလုပ်လက်မဲ့ ၂၀ ရာခိုင်နှုန်းအထက်ကို ရောက်သွားနိုင်တယ်။

ဂျာမနီမှာ မနေ့ကပဲ ကိုရိုနာ ဗိုင်းရပ်စ် တားမြစ်ချက်ကို ဆန့်ကျင်ဆန္ဒပြသူ ၁၃၀ ကျော် ဖမ်းဆီး ထိန်းသိမ်းထားလိုက်တယ်။

ဩစလေးလျှနိုင်ငံ၊ မဲလ်ဘုန်းမြို့ (Melbourne) က လူတွေ ကိုဗစ်-၁၉ ပြန့်ပွါးမှာစိုးလို့ အစိုးရအဖွဲ့က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို မလိုက်နာနိုင်ဘူးဆိုပြီး လူ ၃၀၀ ဆန္ဒပြချီတက်တယ်လေ..။ ရဲတွေကလည်း ဆန္ဒပြသူတွေ ဒီလို အစုလိုက်အပြုံလိုက် လူစုနေရင် ဗိုင်းရပ်စ် ပြန့်ပွါးတော့ မှာမို့ ဆန္ဒပြပွဲကို ဆက်မလုပ်ဖို့တားကြရင်း ရဲအရာရှိတစ်ဦး ဒဏ်ရာရ၊ ဆေးရုံရောက်ခဲ့တယ်…။ ဆန္ဒပြသူ ၁၀ ယောက်အဖမ်းခံရတယ်။

မနေ့က မွန်းလွဲပိုင်းမှာ ဆန္ဒပြသူ ထောင်ပေါင်း များစွာဟာ Spring Street မှာရှိတဲ့ ပါလီမန်အိမ်ကို ၀င်ရောက်စီးနင်းခဲ့သေးတာ..။ သူတို့ တောင်းဆိုတာက.. “COVID-19 လော့ဒေါင်းတွေ၊ ပိတ်ဆို့မှုတွေ အဆုံးသတ်ပေး” ဖို့..။

ဆန္ဒပြသူတွေ ကြွေးကြော်ကြတယ်။ “ ရဲတွေအခွင့် အာဏာမရှိ..။ ကျုပ်တို့ဆန္ဒက ဥပဒေပဲ။ Lockdown ဖျက်ပေး..”

ကာကွယ်ဆေး (သို့မဟုတ်) ထိရောက်တဲ့ကုသမှု ရှာ မတွေ့ခင် အထူးသဖြင့် စီးပွါးရေးအကျပ်အတည်းဖြစ်နေတဲ့ လူတွေဟာ ဂျာမနီမှ မဟုတ်၊ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာရှိနေတယ်…။ လူတွေဟာ COVID-19 ကန့်သတ်ချက်တွေကို သည်းမခံနိုင်ကြတော့ပြီ..။ ဒီအတွက်လည်း အသက်တွေ ပေးဆပ်ရဦးမယ်။

ဒါဟာ ဗိုင်းရပ်စ်တွေ အတွက်တော့ ဆက်လက် မျိုးပွါး ရှင်သန်ဖို့ အခွင့်ကောင်းပေါ့ ..။

မရွှေမိုး (ကိုရီးယား)

Add a Comment

Your email address will not be published. Required fields are marked *

two + 13 =