ေက်ာင္းသား တစ္ဦးတြင္ ကိုဗစ္ Positive ေတြ႕ရိွၿပီးေနာက္ ျပင္သစ္ ရိွ စာသင္ေက်ာင္း (၈) ေက်ာင္း ကို ျပန္ပိတ္

ေက်ာင္းသား တစ္ဦးတြင္ ကိုဗစ္ Positive ေတြ႕ရိွၿပီးေနာက္ ျပင္သစ္ ရိွ စာသင္ေက်ာင္း (၈) ေက်ာင္း ကို ျပန္ပိတ္

ေက်ာင္းသားငယ္ တစ္ဦးတြင္ ကိုဗစ္-၁၉ Positive စမ္းသပ္ေတြ႔ ရွိျပီးေနာက္ ျပင္သစ္ႏုိင္ငံေျမာက္ပိုင္း ဘယ္လ္ဂ်ီယံ (Belgian) နယ္စပ္ ရွိ Roubaix ျမိဳ႔မွ ပုဂၢလိကေက်ာင္း (၁) ေက်ာင္းႏွင့္ အစိုးရေက်ာင္း (၇) ေက်ာင္း တို႔ကို ေမလ ၁၈ ရက္ေန႔ နံနက္ပိုင္းက ျပန္ ပိတ္လိုက္ျခင္းျဖစ္သည္။

ယင္းေက်ာင္း (၈) ေက်ာင္း အနက္ ေက်ာင္းတစ္ေက်ာင္း သို႔ ျပီးခဲ့သည့္ ရက္သတၱပတ္ အတြင္းက ေက်ာင္းျပန္လည္တက္ေရာက္ေသာ ကေလးငယ္တစ္ဦးတြင္ ကိုဗစ္-၁၉ Positive ျဖစ္ေနသည္ကို စစ္ေဆးေတြ႔ရွိျခင္းျဖစ္သည္။

အဆိုပါကေလးငယ္ႏွင့္ ထိေတြ႔မႈ ရွိခဲ့သည့္ ကေလးမ်ားကို စုံစမ္းစစ္ေဆးေနစဥ္ အေတာအတြင္း အဆိုပါ စာသင္ေက်ာင္း (၈) ေက်ာင္းကို ၾကိဳတင္ကာကြယ္သည့္အေနျဖင့္ ယာယီျပန္ပိတ္ထားမည္ျဖစ္ေၾကာင္း ေဒသအာဏာပိုင္တို႔ကေျပာသည္။

ျပင္သစ္ႏိုင္ငံတစ္၀န္း ျပန္လည္ ဖြင့္လွစ္ေသာ စာသင္ေက်ာင္းမ်ားတြင္ ကိုဗစ္-၁၉ Positive အတည္ျပဳလူနာ ၇၀ ကို ေတြ႔ရွိေၾကာင္း ျပင္သစ္ႏိုင္ငံ က်န္းမာေရး ၀န္ၾကီးကေျပာၾကားသည္။ ျပင္သစ္ႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ထားေသာ္လည္း ေက်ာင္းသားမ်ား ေက်ာင္းျပန္ တက္ရန္ကိုမူ မတက္မေနရဟူ၍ စည္းကမ္းခ်က္ ခ်မွတ္မထားေခ်။

ျပင္သစ္ႏိုင္ငံတြင္ လက္ရိွအခ်ိန္ထိ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၁ သိန္း ၈ ေသာင္းေက်ာ္ရိွၿပီျဖစ္ၿပီး၊ ေသဆုံးသူ ၂၈၁၀၈ ဦးရွိကာ၊ သက္သာေပ်ာက္ကင္းသူ ၆၁၂၁၃ ဦးရွိျပီျဖစ္သည္။

unicode

ကျောင်းသား တစ်ဦးတွင် ကိုဗစ် Positive တွေ့ရှိပြီးနောက် ပြင်သစ် ရှိ စာသင်ကျောင်း (၈) ကျောင်း ကို ပြန်ပိတ်

ကျောင်းသားငယ် တစ်ဦးတွင် ကိုဗစ်-၁၉ Positive စမ်းသပ်တွေ့ ရှိပြီးနောက် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘယ်လ်ဂျီယံ (Belgian) နယ်စပ် ရှိ Roubaix မြို့မှ ပုဂ္ဂလိကကျောင်း (၁) ကျောင်းနှင့် အစိုးရကျောင်း (၇) ကျောင်း တို့ကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြန် ပိတ်လိုက်ခြင်းဖြစ်သည်။

ယင်းကျောင်း (၈) ကျောင်း အနက် ကျောင်းတစ်ကျောင်း သို့ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ကျောင်းပြန်လည်တက်ရောက်သော ကလေးငယ်တစ်ဦးတွင် ကိုဗစ်-၁၉ Positive ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။

အဆိုပါကလေးငယ်နှင့် ထိတွေ့မှု ရှိခဲ့သည့် ကလေးများကို စုံစမ်းစစ်ဆေးနေစဉ် အတောအတွင်း အဆိုပါ စာသင်ကျောင်း (၈) ကျောင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာယီပြန်ပိတ်ထားမည်ဖြစ်ကြောင်း ဒေသအာဏာပိုင်တို့ကပြောသည်။

ပြင်သစ်နိုင်ငံတစ်ဝန်း ပြန်လည် ဖွင့်လှစ်သော စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ Positive အတည်ပြုလူနာ ၇၀ ကို တွေ့ရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးကပြောကြားသည်။ ပြင်သစ်နိုင်ငံတွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကျောင်းသားများ ကျောင်းပြန် တက်ရန်ကိုမူ မတက်မနေရဟူ၍ စည်းကမ်းချက် ချမှတ်မထားချေ။

ပြင်သစ်နိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ပြီး၊ သေဆုံးသူ ၂၈၁၀၈ ဦးရှိကာ၊ သက်သာပျောက်ကင်းသူ ၆၁၂၁၃ ဦးရှိပြီဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *

17 − 12 =