“ျပည္သူေတြ ကို ေစတနာ နဲ႔ ေဆးကုေပးတဲ့ အျပင္ ျပည္သူ႔ အက်ိဳးအတြက္ ထပ္မံႀကိဳးစားျပ လိုက္တဲ့ ဆရာဝန္ႀကီး”

“ျပည္သူေတြ ကို ေစတနာ နဲ႔ ေဆးကုေပးတဲ့ အျပင္ ျပည္သူ႔ အက်ိဳးအတြက္ ထပ္မံႀကိဳးစားျပ လိုက္တဲ့ ဆရာဝန္ႀကီး”

ပုသိမ္ေဆး႐ုံ ရဲ႕ ဓါတ္ေလွကား။ ပုသိမ္သူ ပုသိမ္သားမ်ားအေန နဲ႔ ပုသိမ္ေဆး႐ုံမွာ ဓါတ္ေလွကား ရွိမွန္း သိၾကသလားေတာ့ မသိပါ။

မစီးျဖစ္တာ ၾကာေတာ့လည္း ရွိမွန္းမသိ ျဖစ္ၾကလိမ့္မယ္ ထင္ပါတယ္ ။ဓါတ္ေလွကား ပ်က္ေနတာ ငါးႏွစ္ေလာက္ရွိပါၿပီ။(ဓါတ္ေလွကားက ပင္မေဆာင္မွာ မဟုတ္၊ အေရးေပၚေဆာင္နဲ႔ ကင္ဆာေဆာင္မွာပါ။)ဒီေန႔ေတာ့ လက္ေထာက္ေဆး႐ုံအုပ္ ေဒါက္တာ မင္းထက္ခိုင္ရဲ႕ အပင္ပန္းခံ ဆက္သြယ္မႈေၾကာင့္ ဓါတ္ေလွ ကားျပင္တဲ့ အင္ဂ်င္နီယာ ကိုေဇာ္ၿဖိဳး (Noble Hub)ကို ရန္ကုန္ကေန ေခၚယူႏိုင္ခဲ့ပါတယ္။ကိုေဇာ္ၿဖိဳးတို႔အဖြဲ႕ တစ္ေနကုန္ တကုပ္ကုပ္နဲ႔ ျပင္ဆင္လိုက္ၾကတာ ညေနငါးနာရီမွာေတာ့ ဓါတ္ေလွကား တစ္စီး ေကာင္းေကာင္း အလုပ္ျပန္လုပ္ သြားခဲ့ပါၿပီ။

ေနာက္တစ္ေခါက္ ျပန္ လာၿပီး Back up Battery (၅)လုံးကို အသစ္လဲလွယ္ေပးပါဦးမယ္။ အဲဒီ ဘက္ထရီ ငါးလုံးစလုံး ကုန္က်စရိတ္ကို ပုသိမ္သား ကိုထြန္းထြန္းႏိုင္က လႉဒါန္းသြားပါတယ္။ကင္ဆာလူနာေတြ အေပၚထပ္ေဆာင္ကို chemo သြင္းဖို႔ တက္ရတဲ့ အခါတိုင္း တြန္းလွည္း နဲ႔တက္၊ trolley နဲ႔ တက္ ခက္ခက္ခဲခဲ တက္ေနရတာကို ကြၽန္ေတာ္ စေရာက္ကတည္းက ျမင္ေနရတာ ေဆး႐ုံအုပ္ႀကီး တစ္ေယာက္အေနနဲ႔ ဘယ္လိုမွ စိတ္မခ်မ္းသာပါ။ ခုေတာ့ သူတို႔ေတြ လိုရာခရီးကို အဆင္ေျပေျပ တက္လို႔ရသြားပါၿပီ။

ဒါ့ထက္ စိတ္ခ်မ္းသာရတာက သိန္း ၃၅၀-၄၀၀ ေလာက္ တန္တဲ့ ဓါတ္ေလွကား ကို မပ်က္မစီးေအာင္ ထိန္းသိမ္းေပး လိုက္ရတဲ့အတြက္ ၀မ္းသာမဆုံးပါ။လူနာေတြ အဆင္ေျပေျပ တက္ႏိုင္ၾကပါေစ။သူတို႔ေတြ အဆင္ေျပရင္ ပင္ပန္းေပမယ့္ ပင္ပန္းတယ္မထင္၊ ေပ်ာ္႐ႊင္ေနရပါတယ္။ဘ၀ဆိုတာ ဥစၥာဓနေတြ က်ိက်ိတက္ ခ်မ္းသာတာမွ စိတ္ခ်မ္းသာတာမဟုတ္၊ စိတ္ထား တတ္ရင္လည္း စိတ္ခ်မ္းသာတာပဲ မဟုတ္ပါလား။

crd : panpyoelat

unicode

“ပြည်သူတွေ ကို စေတနာ နဲ့ ဆေးကုပေးတဲ့ အပြင် ပြည်သူ့ အကျိုးအတွက် ထပ်မံကြိုးစားပြ လိုက်တဲ့ ဆရာဝန်ကြီး”

ပုသိမ်ဆေးရုံ ရဲ့ ဓါတ်လှေကား။ ပုသိမ်သူ ပုသိမ်သားများအနေ နဲ့ ပုသိမ်ဆေးရုံမှာ ဓါတ်လှေကား ရှိမှန်း သိကြသလားတော့ မသိပါ။

မစီးဖြစ်တာ ကြာတော့လည်း ရှိမှန်းမသိ ဖြစ်ကြလိမ့်မယ် ထင်ပါတယ် ။ဓါတ်လှေကား ပျက်နေတာ ငါးနှစ်လောက်ရှိပါပြီ။(ဓါတ်လှေကားက ပင်မဆောင်မှာ မဟုတ်၊ အရေးပေါ်ဆောင်နဲ့ ကင်ဆာဆောင်မှာပါ။)ဒီနေ့တော့ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ မင်းထက်ခိုင်ရဲ့ အပင်ပန်းခံ ဆက်သွယ်မှုကြောင့် ဓါတ်လှေ ကားပြင်တဲ့ အင်ဂျင်နီယာ ကိုဇော်ဖြိုး (Noble Hub)ကို ရန်ကုန်ကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ကိုဇော်ဖြိုးတို့အဖွဲ့ တစ်နေကုန် တကုပ်ကုပ်နဲ့ ပြင်ဆင်လိုက်ကြတာ ညနေငါးနာရီမှာတော့ ဓါတ်လှေကား တစ်စီး ကောင်းကောင်း အလုပ်ပြန်လုပ် သွားခဲ့ပါပြီ။

နောက်တစ်ခေါက် ပြန် လာပြီး Back up Battery (၅)လုံးကို အသစ်လဲလှယ်ပေးပါဦးမယ်။ အဲဒီ ဘက်ထရီ ငါးလုံးစလုံး ကုန်ကျစရိတ်ကို ပုသိမ်သား ကိုထွန်းထွန်းနိုင်က လှူဒါန်းသွားပါတယ်။ကင်ဆာလူနာတွေ အပေါ်ထပ်ဆောင်ကို chemo သွင်းဖို့ တက်ရတဲ့ အခါတိုင်း တွန်းလှည်း နဲ့တက်၊ trolley နဲ့ တက် ခက်ခက်ခဲခဲ တက်နေရတာကို ကျွန်တော် စရောက်ကတည်းက မြင်နေရတာ ဆေးရုံအုပ်ကြီး တစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်မချမ်းသာပါ။ ခုတော့ သူတို့တွေ လိုရာခရီးကို အဆင်ပြေပြေ တက်လို့ရသွားပါပြီ။

ဒါ့ထက် စိတ်ချမ်းသာရတာက သိန်း ၃၅၀-၄၀၀ လောက် တန်တဲ့ ဓါတ်လှေကား ကို မပျက်မစီးအောင် ထိန်းသိမ်းပေး လိုက်ရတဲ့အတွက် ဝမ်းသာမဆုံးပါ။လူနာတွေ အဆင်ပြေပြေ တက်နိုင်ကြပါစေ။သူတို့တွေ အဆင်ပြေရင် ပင်ပန်းပေမယ့် ပင်ပန်းတယ်မထင်၊ ပျော်ရွှင်နေရပါတယ်။ဘဝဆိုတာ ဥစ္စာဓနတွေ ကျိကျိတက် ချမ်းသာတာမှ စိတ်ချမ်းသာတာမဟုတ်၊ စိတ်ထား တတ်ရင်လည်း စိတ်ချမ်းသာတာပဲ မဟုတ်ပါလား။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

13 − 11 =