ကုိရုိနာ ဗုိင္းရပ္စ္ ၏ မူလဇစ္ျမစ္ ကုိ အခ်ိန္မေရြး စံုစမ္းႏုိင္ သည္ဟု တရုတ္ သမၼတေျပာ

ကုိရုိနာ ဗုိင္းရပ္စ္ ၏ မူလဇစ္ျမစ္ ကုိ အခ်ိန္မေရြး စံုစမ္းႏုိင္ သည္ဟု တရုတ္ သမၼတေျပာ

တရုတ္ အေနျဖင့္ Covid-19 ကမ႓ာ့ကပ္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ ခဲ့ျခင္းႏွင့္အတူ စံုစမ္းစစ္ေဆးမွုမ်ားကို လည္း ေထာက္ခံေၾကာင္း တရုတ္သမၼတရွီက်င့္ဖ်င္က ေျပာၾကားလိုက္ပါတယ္။ ယေန ့ေမလ ၁၈ ရက္ေန ့က ဆြစ္ဇာလန္ႏိုင္ငံဂ်နီဗာ ျမိဳ ့ရွိ ကမ႓ာ့က်န္းမာေရးအဖြဲ ့ (WHO)၏ ကမ႓ာ့က်န္းမာေရးညီလာခံေဆြးေႏြးပြဲသို ့ဗီဒီယိုမွ တစ္ဆင့္မိန္ ့ ခြန္းေျပာၾကားခဲ့မွုတြင္ သမၼတရွီက်င့္ဖ်င္က ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ယေန ့ေမ ၁၈ တြင္က်င္းပသည့္ WHO ၏ WHA 73 ညီလာခံ မွာ WHO ၏ သမိုင္းတစ္ေလ်ာက္တြင္ ပထမဆံုးအၾကိမ္အျဖစ္ အြန္လိုင္းမွ ထူးထူးျခားျခား ေဆြးေႏြးၾကျခင္းျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းႏွင့္ပတ္သက္ၿပီး ႏုိင္ငံအလုိက္ တံု႔ျပန္မႈေတြ အေပၚမွာ ဘက္လိုက္မွုမရွိေစဘဲ လြတ္လပ္ၿပီး ျပည့္စုံတဲ့အကဲျဖတ္မႈကို ရရွိေရးအ တြက္ ဥေရာပသမဂၢ(EU)က ေတာင္းဆိုခဲ့သလို ယင္းကိစၥကို ေဆြးေႏြြးၾကရန္လည္း စီစဥ္ထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္အေရးကိစၥႏွင့္ ပတ္သက္ျပီး ကမာၻလုံး ဆိုင္ရာတံု ့ျပန္မႈႏွင့္ပတ္သက္၍စံုစမ္းစစ္ေဆးရာတြင္ “စံုစမ္းစစ္ေဆးမႈသည္ အေတြ႕အႀကဳံမ်ားကိုစုစည္းၿပီးအားနည္းခ်က္မ်ားကို တိုးတက္ေစသင့္သည္” ဟုလည္း ၄င္း၏မိန႔္ခြန္းတြင္ထည့္သြင္းေျပာ ၾကားခဲ့ပါတယ္။

မၾကာေသးခင္သီတင္းပတ္မ်ားက ကိုရိုနာ ဗိုင္းရပ္စ္၏ မူလဇစ္ျမစ္ကို စုံစမ္းစစ္ေဆးရန္ အေမရိ ကန္ႏွင့္ၾသစေၾတးလ်တို႔အပါအ၀င္ အျခားေသာ အစိုးရမ်ားကေတာင္းဆိုခဲ့ၾကသလို အင္အားႀကီး (၂) ႏုိင္ငံျဖစ္တဲ့ တရုတ္နဲ႔ အေမရိကန္တုိ႔ အၾကားတြင္လည္း ပြတ္တိုက္မွုမ်ားႏွင့္အတူ တင္းမာမွုမ်ား ပိုမိုျမင့္မား လာခဲ့ပါတယ္။

အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီးမိုက္ခ္ပြန္ပီယို တို ့၂ ဦးစလံုးက ကိုရိုနာဗိုင္းရပ္စ္အေရးကိစၥတြင္ တရုတ္ႏိုင္ငံအေနျဖင့္ ပြင့္လင္း ျမင္သာမႈကင္းမဲ့သည္ဟု စြပ္စြဲခဲ့ၾကပါတယ္။ ထို ့အတူ ကိုရိုနာဗိုင္းရပ္စ္သည္ လံုျခံဳေရးပိုင္းဆိုင္ရာ အျမင့္ဆံုးအဆင့္ထားရွိသည့္ ဝူဟန္ဓါတ္ခြဲခန္းမွ ထြက္ေပၚလာသည့္ ဗိုင္းရပ္စ္ျဖစ္သည္ ဟုလည္း ထပ္မံေျပာၾကားခဲ့ ၾကပါတယ္။

တ႐ုတ္အာဏာပိုင္မ်ားကမူ ဖုံးကြယ္ထားသည္ ဆိုသည့္ စြပ္စြဲခ်က္မ်ားကို ျပင္းျပင္းထန္ထန္ျငင္းဆန္ခဲ့သလို ဗိုင္းရပ္စ္ဆိုင္ရာသတင္း အခ်က္အလက္မ်ားကို WHO ႏွင့္အျခားႏိုင္ငံ မ်ားသို႔ အျမဲတမ္း အခ်ိန္မီ ေဝမွ် ေပးခဲ့သည္ဟု အခိုင္အမာတံု ့ျပန္ထားပါတယ္။ သိပၸံပညာရွင္အမ်ားစုကမူ ကိုရိုနာဗိုင္းရပ္စ္မွာ လူသားမ်ား ထံသို ့ကူးစက္ျခင္း မရွိမီ တိရိစာၦန္မ်ားတြင္ မူလအစတည္ရွိေနခဲ့သည့္ ဗိုင္းရပ္စ္ျဖစ္သည္ဟု ယုံ ၾကည္ၾကေၾကာင္း လည္း သိရပါတယ္။

crd : shwewiki

unicode

ကိုရိုနာ ဗိုင်းရပ်စ် ၏ မူလဇစ်မြစ် ကို အချိန်မရွေး စုံစမ်းနိုင် သည်ဟု တရုတ် သမ္မတပြော

တရုတ် အနေဖြင့် Covid-19 ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင် ခဲ့ခြင်းနှင့်အတူ စုံစမ်းစစ်ဆေးမှုများကို လည်း ထောက်ခံကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။ ယနေ့မေလ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံဂျနီဗာ မြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ကမ္ဘာ့ကျန်းမာရေးညီလာခံဆွေးနွေးပွဲသို့ဗီဒီယိုမှ တစ်ဆင့်မိန့် ခွန်းပြောကြားခဲ့မှုတွင် သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့မေ ၁၈ တွင်ကျင်းပသည့် WHO ၏ WHA 73 ညီလာခံ မှာ WHO ၏ သမိုင်းတစ်လျောက်တွင် ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ ထူးထူးခြားခြား ဆွေးနွေးကြခြင်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့်ပတ်သက်ပြီး နိုင်ငံအလိုက် တုံ့ပြန်မှုတွေ အပေါ်မှာ ဘက်လိုက်မှုမရှိစေဘဲ လွတ်လပ်ပြီး ပြည့်စုံတဲ့အကဲဖြတ်မှုကို ရရှိရေးအ တွက် ဥရောပသမဂ္ဂ(EU)က တောင်းဆိုခဲ့သလို ယင်းကိစ္စကို ဆွေးနွေးကြရန်လည်း စီစဉ်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာလုံး ဆိုင်ရာတုံ့ပြန်မှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးရာတွင် “စုံစမ်းစစ်ဆေးမှုသည် အတွေ့အကြုံများကိုစုစည်းပြီးအားနည်းချက်များကို တိုးတက်စေသင့်သည်” ဟုလည်း ၎င်း၏မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားခဲ့ပါတယ်။

မကြာသေးခင်သီတင်းပတ်များက ကိုရိုနာ ဗိုင်းရပ်စ်၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် အမေရိ ကန်နှင့်သြစတြေးလျတို့အပါအဝင် အခြားသော အစိုးရများကတောင်းဆိုခဲ့ကြသလို အင်အားကြီး (၂) နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ အကြားတွင်လည်း ပွတ်တိုက်မှုများနှင့်အတူ တင်းမာမှုများ ပိုမိုမြင့်မား လာခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်နှင့်နိုင်ငံခြားရေးဝန်ကြီးမိုက်ခ်ပွန်ပီယို တို့၂ ဦးစလုံးက ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စတွင် တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်း မြင်သာမှုကင်းမဲ့သည်ဟု စွပ်စွဲခဲ့ကြပါတယ်။ ထို့အတူ ကိုရိုနာဗိုင်းရပ်စ်သည် လုံခြုံရေးပိုင်းဆိုင်ရာ အမြင့်ဆုံးအဆင့်ထားရှိသည့် ဝူဟန်ဓါတ်ခွဲခန်းမှ ထွက်ပေါ်လာသည့် ဗိုင်းရပ်စ်ဖြစ်သည် ဟုလည်း ထပ်မံပြောကြားခဲ့ ကြပါတယ်။

တရုတ်အာဏာပိုင်များကမူ ဖုံးကွယ်ထားသည် ဆိုသည့် စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့သလို ဗိုင်းရပ်စ်ဆိုင်ရာသတင်း အချက်အလက်များကို WHO နှင့်အခြားနိုင်ငံ များသို့ အမြဲတမ်း အချိန်မီ ဝေမျှ ပေးခဲ့သည်ဟု အခိုင်အမာတုံ့ပြန်ထားပါတယ်။ သိပ္ပံပညာရှင်အများစုကမူ ကိုရိုနာဗိုင်းရပ်စ်မှာ လူသားများ ထံသို့ကူးစက်ခြင်း မရှိမီ တိရိစ္ဆာန်များတွင် မူလအစတည်ရှိနေခဲ့သည့် ဗိုင်းရပ်စ်ဖြစ်သည်ဟု ယုံ ကြည်ကြကြောင်း လည်း သိရပါတယ်။

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

5 × 1 =