ကိုဗစ္ကာလ ႏွင့္ ကမာၻ က မျမင္ရေသာ လူေသေကာင္မ်ား …

ကိုဗစ္ကာလ ႏွင့္ ကမာၻ က မျမင္ရေသာ လူေသေကာင္မ်ား …

၁၉၁၈ စပိန္တုပ္ေကြးေရာဂါျဖစ္တုန္း ကလည္း ေခါင္းတလားေတြ ဟာ ေန႔စဥ္ လိုအပ္တဲ့ လူသုံးပစၥည္းတစ္ခုျဖစ္လာခဲ့ဖူးတယ္။

ေရခဲတိုက္ထဲ မဆံ့လို႔ လမ္းေဘး နဲ႔ အိမ္ေတြေရွ႕ မွာ ျပည့္ႏွက္ေနခဲ့အေလာင္းေတြကို သခ်ႋဳင္းဆီ သယ္သြားတဲ့ ကားသံေတြ၊ ျမင္းလွည္းသံေတြ မိုးလင္း၊ မိုးခ်ဳပ္ ဆူညံေနခဲ့..။ရာစုႏွစ္တစ္ခုၾကာၿပီးတဲ့အခါ အေမရိကတိုက္ရဲ႕ လမ္းမမ်ားေပၚမွာ အဲ့ဒီနည္းတူ အေခါင္းတလားေတြ ထပ္ေပၚ လာျပန္တယ္။

ဒီေန႔အထိဆို အေမရိကန္မွာ တရားဝင္ စာရင္းအရ လူေပါင္း ၈၈, ၅၀၇ ေယာက္ေသကုန္ၿပီတဲ့…။ေဆး႐ုံအျပင္မွာရပ္ထားတဲ့ အေအးတိုက္ကားေတြ…။ အိတ္ထဲမွာထည့္ထားတဲ့ အေလာင္းေတြ…။ဒါေတြကို ဓာတ္ပုံ႐ိုက္တဲ့ ေမာင္းသူမဲ့ေလယာဥ္ကို နယူးေယာက္ရဲဌာနက ခ်က္ခ်င္းသိမ္းယူ ခဲ့တယ္Connecticut, New Haven မွာေနတဲ့ အသက္ ၆ ႏွစ္အ႐ြယ္ ဂြၽန္(John Delano ) ဆိုတဲ့ကေလးေတာင္ ကို႐ိုနာဗိုင္းရပ္စ္ရခဲ့တယ္။

သူတို႔ေနတဲ့ လမ္း မွာလည္း ေရခဲတိုက္ တစ္ခုရွိတယ္…။ အထဲမွာ မဆံ့ေတာ့တဲ့ ေခါင္းတလားေတြ လမ္းေဘးမွာ စေပၚလာၿပီ။Omar Rodriguez နဲ႔ Joseph Neufeld Jr တို႔ဟာ အေမရိကန္၊ နယူးေယာက္ၿမိဳ႕ Queens မွာရွိတဲ့ အသုဘလုပ္ငန္းအလုပ္သမားေတြေပါ့…။အေမရိကန္မွာ COVID-19 ေၾကာင့္ေသဆုံးသူ ၈၈ ၅၀၇ ေယာက္ ဆိုတာ ေၾကညာတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြပဲရွိတာ ၊ အမွန္တကယ္ေသဆုံးတဲ့သူ အားလုံးကို ကြၽန္ေတာ္တို႔ အေသအခ်ာသိမွာမဟုတ္ဘူးလို႔ထင္ပါတယ္..”ဒါေတာင္ အေမရိကန္က အေတာ္တိက်တ.။ကို႐ိုနာ ဗိုင္းရပ္စ္ေတြဟာ ကြၽႏ္ုပ္တို႔ ပတ္ဝန္းက်င္မွာ ျမဴေတြလိုဝိုင္းေနဆဲပါ။

ဒီေန႔ အခ်ိန္ကာလနဲ႔ ပတ္ဝန္းက်င္ အေျခအေနေတြက ကြၽႏ္ုပ္တို႔ကို အႏၲရာယ္ရွိတယ္လို႔ အၿမဲသတိေပးေနတယ္…။ကမာၻက မျမင္ရတဲ့ လူေသေကာင္ေတြ အမ်ားႀကီး…၊ ဘိုးဘြားရိပ္သာေတြကအစ အက်ဥ္းေထာင္ေတြအဆုံး …၊ ဟိုေနရာ ဒီေနရာ။တရားဝင္စာရင္းအရ တစ္ကမာၻလုံးမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံး တဲ့သူ ၃၀၈ , ၆၈၆ တဲ့…။ဒါေတာင္ သတင္းမပို႔ႏိုင္တဲ့ ဗိုင္းရပ္စ္အေလာင္းေတြ ကမာၻေပၚမွာ ရွိေနမွာ ေသခ်ာတယ္..။အိႏၵိယ ေမလ ၁၆ ရက္ သတင္း- တစ္ေန႔တည္းမွာ ေသဆုံးသူ ၁၅၆ ေယာက္တဲ့..။အိႏၵိယတစ္ႏိုင္ငံလုံး ေသဆုံးသူ ၂,၇၅၃ ဦးရွိေနၿပီ…။Covid-19 အႏၲရာယ္ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္မွာ အိႏၵိယႏိုင္ငံဟာ ေန႔ခ်င္းညခ်င္း နံပါတ္(၁၁) ျဖစ္သြားတယ္။တရားဝင္ ကိန္းဂဏန္းေတြထက္ပိုမ်ားတဲ့လူေတြ ကမာၻႀကီးမွာေသေနၾကတယ္လို႔ ခန႔္မွန္းေနၾကတဲ့ ပညာရွင္ေတြရဲ႕စကားကို ေပါ့ေပါ့ေတြး လို႔မရပါ…။

ဒါဟာ ၿပီးျပည့္စုံတဲ့ ေသမင္းဂိမ္းအသစ္ရဲ႕ ေျခလွမ္းတစ္ခုပဲ။ မိုးသည္းသည္းမွာ ပိရမစ္ တစ္ခုကို တြယ္တက္ေနတာနဲ႔တူတယ္။ တစ္ေန႔တစ္ေန႔မွာပိရမစ္ေပၚတြယ္တက္ရင္း ေခ်ာ္က်မယ္။ကြၽႏ္ုပ္တို႔ခႏၶာကိုယ္ေတြ ေအာက္ကေခါင္းတလားေတြအေပၚ ျပဳတ္က်မယ္…။လြန္ခဲ့တဲ့ ၂ ရက္က ကမာၻတစ္ဝန္း မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူအနည္းဆုံး ၄.၃ သန္းရွိၿပီတဲ့..။ ဒါဟာ Johns Hopkins တကၠသိုလ္က ေကာက္ယူခဲ့တဲ့ ကိန္းဂဏန္းျဖစ္တယ္။

သူတို႔ဟာ ကမာၻ႔ကူးစက္ေရာဂါရဲ႕ အတိုင္း အတာပမာဏကို အလြန္အမင္းေလွ်ာ့တြက္ထားျခင္းျဖစ္တယ္…။ ဒီ့ထက္ပိုမ်ားတဲ့လူေတြ ဗိုင္းရပ္စ္ရေနတယ္။ဒီေန႔ – May 16, 2020, 09:18 GMT Worldometer မွာေဖၚျပထားတာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၄.၆ သန္းတဲ့…။အေမရိကန္ သမၼတ ထရန႔္က ဒီႏွစ္ကုန္မွာ ကာကြယ္ေဆး ရေအာင္လုပ္မယ္တဲ့…။WHO ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကိုဘယ္ေတာ့မွ တိုက္ဖ်က္ႏိုင္မွာမဟုတ္လို႔ ေျပာျပန္တယ္..။ Covid-19 ေရာဂါကိုျဖစ္ေပၚေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ အိပ္ခ်္အိုင္ဗြီလိုပဲ ကမာၻေပၚမွာ ဆက္ေန သြားမွာတဲ့။လီဆိုသို (Lesotho)က ေျပာတယ္။ အာဖရိကႏိုင္ငံတိုင္းမွာ COVID-19 ေရာဂါရကုန္ၿပီတဲ့။ၿပီးခဲ့တဲ့ အပတ္က ေဆာ္ဒီအာေရးဗီးယားနဲ႔ အိမ္နီးခ်င္းေတာင္အာဖရိကႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ပိုးရွိသူ ၈၁ ဦးေတြ႕ရွိခဲ့ရ..။ဖဂန္နစၥတန္မွာ ဗိုင္းရပ္စ္ ရသူေတြ ၅၀၀၀ အထိရွိေနၿပီ…။ဆြီဒင္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၄၆၀ ရဲ႕ ထက္ဝက္ဟာ ဘိုးဘြားရိပ္သာမွာေနတဲ့ အဘိုးအို အဘြားအိုေတြတဲ့.။

မကၠဆီကို မွာေတာ့ ၅၁ ရက္ Lockdown လုပ္ၿပီး နည္းနည္းစီ ျပန္ဖြင့္ေတာ့မယ္တဲ့…။ ဒါေပမဲ့ မေန႔က တစ္ေန႔ တည္း ေသဆုံးသူ ၂၉၀ ေယာက္ရွိေနတယ္..။ေတာင္ကိုရီးယားမွာ ေမလဆန္းက ျပည္တြင္းလူနာေတြ လုံးဝေပၚမလာလို႔ စိတ္ေအးရခ်ိန္မွာ ဗိုင္းရက္စ္ေတြ ထပ္ျပန႔္လာၿပီ။ ဒီတစ္ခါေတာ့ အီထယ္ဝန္ ကလပ္ (Itaewon Club ) ေတြကျပန္စတာေပါ့…။ေမလ ၇ ရက္ေန႔ ကေန ဒီေန႔အထိ လူေပါင္း ၁၀၀ ေက်ာ္ ကို ထပ္ၿပီးကူးစက္ေနၿပီ….။ျမန္မာက ေမာင္ႏွမေတြလည္း ဂ႐ုစိုက္ပါလို႔။

ကမာၻႀကီး ေရာဂါ ကပ္ဆိုက္ေနတာမို႔…..။အသက္ရွင္ေနတုန္း ႐ိုး႐ိုးရွင္းရွင္းေနထိုင္ဖို႔ နဲ႔ အားလုံးကို တန္ဖိုးထားေက်းဇူးတင္ဖို႔…။ COVID-19 တိုက္ပြဲကို စည္းစည္းလုံးလုံးနဲ႔ ရသေလာက္ ျပန္တိုက္ၾကဖို႔…။ အျခားႏိုင္ငံေတြရဲ႕ အမွားေတြ ထပ္မလုပ္မိၾကဖို႔..။သတၱိရွိရွိနဲ႔ ဒီကပ္ႀကီးကို ေက်ာ္လႊားႏိုင္ဖို႔ အေရးႀကီးေနပါၿပီ …

crd : panpyoelat

unicode

ကိုဗစ်ကာလ နှင့် ကမ္ဘာ က မမြင်ရသော လူသေကောင်များ …

၁၉၁၈ စပိန်တုပ်ကွေးရောဂါဖြစ်တုန်း ကလည်း ခေါင်းတလားတွေ ဟာ နေ့စဉ် လိုအပ်တဲ့ လူသုံးပစ္စည်းတစ်ခုဖြစ်လာခဲ့ဖူးတယ်။

ရေခဲတိုက်ထဲ မဆံ့လို့ လမ်းဘေး နဲ့ အိမ်တွေရှေ့ မှာ ပြည့်နှက်နေခဲ့အလောင်းတွေကို သင်္ချိုင်းဆီ သယ်သွားတဲ့ ကားသံတွေ၊ မြင်းလှည်းသံတွေ မိုးလင်း၊ မိုးချုပ် ဆူညံနေခဲ့..။ရာစုနှစ်တစ်ခုကြာပြီးတဲ့အခါ အမေရိကတိုက်ရဲ့ လမ်းမများပေါ်မှာ အဲ့ဒီနည်းတူ အခေါင်းတလားတွေ ထပ်ပေါ် လာပြန်တယ်။

ဒီနေ့အထိဆို အမေရိကန်မှာ တရားဝင် စာရင်းအရ လူပေါင်း ၈၈, ၅၀၇ ယောက်သေကုန်ပြီတဲ့…။ဆေးရုံအပြင်မှာရပ်ထားတဲ့ အအေးတိုက်ကားတွေ…။ အိတ်ထဲမှာထည့်ထားတဲ့ အလောင်းတွေ…။ဒါတွေကို ဓာတ်ပုံရိုက်တဲ့ မောင်းသူမဲ့လေယာဉ်ကို နယူးယောက်ရဲဌာနက ချက်ချင်းသိမ်းယူ ခဲ့တယ်Connecticut, New Haven မှာနေတဲ့ အသက် ၆ နှစ်အရွယ် ဂျွန်(John Delano ) ဆိုတဲ့ကလေးတောင် ကိုရိုနာဗိုင်းရပ်စ်ရခဲ့တယ်။

သူတို့နေတဲ့ လမ်း မှာလည်း ရေခဲတိုက် တစ်ခုရှိတယ်…။ အထဲမှာ မဆံ့တော့တဲ့ ခေါင်းတလားတွေ လမ်းဘေးမှာ စပေါ်လာပြီ။Omar Rodriguez နဲ့ Joseph Neufeld Jr တို့ဟာ အမေရိကန်၊ နယူးယောက်မြို့ Queens မှာရှိတဲ့ အသုဘလုပ်ငန်းအလုပ်သမားတွေပေါ့…။အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူ ၈၈ ၅၀၇ ယောက် ဆိုတာ ကြေညာတဲ့ ကိန်းဂဏန်းအချက်အလက်တွေပဲရှိတာ ၊ အမှန်တကယ်သေဆုံးတဲ့သူ အားလုံးကို ကျွန်တော်တို့ အသေအချာသိမှာမဟုတ်ဘူးလို့ထင်ပါတယ်..”ဒါတောင် အမေရိကန်က အတော်တိကျတ.။ကိုရိုနာ ဗိုင်းရပ်စ်တွေဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ မြူတွေလိုဝိုင်းနေဆဲပါ။

ဒီနေ့ အချိန်ကာလနဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ကျွန်ုပ်တို့ကို အန္တရာယ်ရှိတယ်လို့ အမြဲသတိပေးနေတယ်…။ကမ္ဘာက မမြင်ရတဲ့ လူသေကောင်တွေ အများကြီး…၊ ဘိုးဘွားရိပ်သာတွေကအစ အကျဉ်းထောင်တွေအဆုံး …၊ ဟိုနေရာ ဒီနေရာ။တရားဝင်စာရင်းအရ တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံး တဲ့သူ ၃၀၈ , ၆၈၆ တဲ့…။ဒါတောင် သတင်းမပို့နိုင်တဲ့ ဗိုင်းရပ်စ်အလောင်းတွေ ကမ္ဘာပေါ်မှာ ရှိနေမှာ သေချာတယ်..။အိန္ဒိယ မေလ ၁၆ ရက် သတင်း- တစ်နေ့တည်းမှာ သေဆုံးသူ ၁၅၆ ယောက်တဲ့..။အိန္ဒိယတစ်နိုင်ငံလုံး သေဆုံးသူ ၂,၇၅၃ ဦးရှိနေပြီ…။Covid-19 အန္တရာယ် ရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အိန္ဒိယနိုင်ငံဟာ နေ့ချင်းညချင်း နံပါတ်(၁၁) ဖြစ်သွားတယ်။တရားဝင် ကိန်းဂဏန်းတွေထက်ပိုများတဲ့လူတွေ ကမ္ဘာကြီးမှာသေနေကြတယ်လို့ ခန့်မှန်းနေကြတဲ့ ပညာရှင်တွေရဲ့စကားကို ပေါ့ပေါ့တွေး လို့မရပါ…။

ဒါဟာ ပြီးပြည့်စုံတဲ့ သေမင်းဂိမ်းအသစ်ရဲ့ ခြေလှမ်းတစ်ခုပဲ။ မိုးသည်းသည်းမှာ ပိရမစ် တစ်ခုကို တွယ်တက်နေတာနဲ့တူတယ်။ တစ်နေ့တစ်နေ့မှာပိရမစ်ပေါ်တွယ်တက်ရင်း ချော်ကျမယ်။ကျွန်ုပ်တို့ခန္ဓာကိုယ်တွေ အောက်ကခေါင်းတလားတွေအပေါ် ပြုတ်ကျမယ်…။လွန်ခဲ့တဲ့ ၂ ရက်က ကမ္ဘာတစ်ဝန်း မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူအနည်းဆုံး ၄.၃ သန်းရှိပြီတဲ့..။ ဒါဟာ Johns Hopkins တက္ကသိုလ်က ကောက်ယူခဲ့တဲ့ ကိန်းဂဏန်းဖြစ်တယ်။

သူတို့ဟာ ကမ္ဘာ့ကူးစက်ရောဂါရဲ့ အတိုင်း အတာပမာဏကို အလွန်အမင်းလျှော့တွက်ထားခြင်းဖြစ်တယ်…။ ဒီ့ထက်ပိုများတဲ့လူတွေ ဗိုင်းရပ်စ်ရနေတယ်။ဒီနေ့ – May 16, 2020, 09:18 GMT Worldometer မှာဖေါ်ပြထားတာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄.၆ သန်းတဲ့…။အမေရိကန် သမ္မတ ထရန့်က ဒီနှစ်ကုန်မှာ ကာကွယ်ဆေး ရအောင်လုပ်မယ်တဲ့…။WHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ကိုဘယ်တော့မှ တိုက်ဖျက်နိုင်မှာမဟုတ်လို့ ပြောပြန်တယ်..။ Covid-19 ရောဂါကိုဖြစ်ပေါ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အိပ်ချ်အိုင်ဗွီလိုပဲ ကမ္ဘာပေါ်မှာ ဆက်နေ သွားမှာတဲ့။လီဆိုသို (Lesotho)က ပြောတယ်။ အာဖရိကနိုင်ငံတိုင်းမှာ COVID-19 ရောဂါရကုန်ပြီတဲ့။ပြီးခဲ့တဲ့ အပတ်က ဆော်ဒီအာရေးဗီးယားနဲ့ အိမ်နီးချင်းတောင်အာဖရိကနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးရှိသူ ၈၁ ဦးတွေ့ရှိခဲ့ရ..။ဖဂန်နစ္စတန်မှာ ဗိုင်းရပ်စ် ရသူတွေ ၅၀၀၀ အထိရှိနေပြီ…။ဆွီဒင်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၄၆၀ ရဲ့ ထက်ဝက်ဟာ ဘိုးဘွားရိပ်သာမှာနေတဲ့ အဘိုးအို အဘွားအိုတွေတဲ့.။

မက္ကဆီကို မှာတော့ ၅၁ ရက် Lockdown လုပ်ပြီး နည်းနည်းစီ ပြန်ဖွင့်တော့မယ်တဲ့…။ ဒါပေမဲ့ မနေ့က တစ်နေ့ တည်း သေဆုံးသူ ၂၉၀ ယောက်ရှိနေတယ်..။တောင်ကိုရီးယားမှာ မေလဆန်းက ပြည်တွင်းလူနာတွေ လုံးဝပေါ်မလာလို့ စိတ်အေးရချိန်မှာ ဗိုင်းရက်စ်တွေ ထပ်ပြန့်လာပြီ။ ဒီတစ်ခါတော့ အီထယ်ဝန် ကလပ် (Itaewon Club ) တွေကပြန်စတာပေါ့…။မေလ ၇ ရက်နေ့ ကနေ ဒီနေ့အထိ လူပေါင်း ၁၀၀ ကျော် ကို ထပ်ပြီးကူးစက်နေပြီ….။မြန်မာက မောင်နှမတွေလည်း ဂရုစိုက်ပါလို့။

ကမ္ဘာကြီး ရောဂါ ကပ်ဆိုက်နေတာမို့…..။အသက်ရှင်နေတုန်း ရိုးရိုးရှင်းရှင်းနေထိုင်ဖို့ နဲ့ အားလုံးကို တန်ဖိုးထားကျေးဇူးတင်ဖို့…။ COVID-19 တိုက်ပွဲကို စည်းစည်းလုံးလုံးနဲ့ ရသလောက် ပြန်တိုက်ကြဖို့…။ အခြားနိုင်ငံတွေရဲ့ အမှားတွေ ထပ်မလုပ်မိကြဖို့..။သတ္တိရှိရှိနဲ့ ဒီကပ်ကြီးကို ကျော်လွှားနိုင်ဖို့ အရေးကြီးနေပါပြီ …

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

twelve + six =