လိႈင္သာယာၿမိဳ႕နယ္ တြင္ ဆန္လိုအပ္သူမ်ား အတြက္ အခမဲ့ ထုတ္ယူႏိုင္သည့္ Rice ATM စတင္

လိႈင္သာယာၿမိဳ႕နယ္ တြင္ ဆန္လိုအပ္သူမ်ား အတြက္ အခမဲ့ ထုတ္ယူႏိုင္သည့္ Rice ATM စတင္

လိႈင္သာယာၿမိဳ႕နယ္တြင္ ဆန္လိုအပ္ သူမ်ားအတြက္ အခမဲ့ ထုတ္ယူႏိုင္သည့္ အလိုအေလ်ာက္ ဆန္ထုတ္စက္ (Rice ATM) စတင္…

ကိုဗစ္-၁၉ ကာလ စားဝတ္ေနေရး အခက္အခဲျဖစ္ေပၚေနသူ မ်ားကို ကူညီရန္အတြက္ ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္တြင္ ဆန္ အခမဲ့ရယူႏိုင္သည့္ Rice ATM (အလိုအေလ်ာက္ဆန္ထုတ္စက္) ျဖင့္ ဆန္ေပးေဝ လွ်က္ရိွေၾကာင္း လိႈင္သာယာ ၿမိဳ႕နယ္မဲဆႏၵနယ္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာၾကားသည္။

Rice ATM တြင္ ကုတ္နံပါတ္႐ိုက္ထည့္ပါက ဆန္ႏို႔ဆီဘူး ေျခာက္လံုး ကုိ စက္က အလိုအေလ်ာက္ ထုတ္ေပးမည္ ျဖစ္ေၾကာင္း၊ အဆိုပါစက္ကို လိႈင္သာယာၿမိဳ႕နယ္ ၉ ရပ္ကြက္ အမွတ္ (၅၇၂/က/ခ) မေကြးလမ္းရိွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ံုးတြင္ ထားရိွေၾကာင္း ၎က ေျပာ ဆုိသည္။

ဆန္ထုတ္ယူရန္ We Love Hlaingtharyar လူမႈကြန္ရက္ သို႔ဝင္ေရာက္၍ Chat box တြင္ အခမဲ့ဆန္ရယူရန္ စာရင္းသြင္းကာ QR ကုဒ္နံပါတ္ရယူ၍ ယင္းကုဒ္နံပါတ္ကို Rice ATM စက္တြင္ ႐ိုက္ႏွိပ္၍ ဆန္ထုတ္ယူရမည္ ျဖစ္ေၾကာင္း ဦးဝင္းေမာင္က ရွင္းျပသည္။

လူမႈကြန္ရက္ အသံုးမျပဳသူ သို႔မဟုတ္ Keypad ဖုန္း အသံုးျပဳ သူမ်ားအေနႏွင့္ ဖုန္းနံပါတ္ 09 978 288 774 သို့ ထုတ္ယူလိုသူ၏ အမည္ႏွင့္ လိပ္စာတို႔ကို စာတို (SMS) ေပးပို့၍ ဆန္ထုတ္ယူခြင့္ ေလၽွာက္ထားရပါမည္ ျဖစ္ေၾကာင္း ၎က ေျပာဆုိသည္။

ဖုန္းမရွိသူမ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ား အတြက္ ဆန္ထုတ္ ယူရန္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံတြင္ အမည္ႏွင့္ လိပ္စာကိုေပး၍ ဆန္ထုတ္ယူခြင့္ ေလၽွာက္ထားကာ QR ကုဒ္ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံတြင္ ရယူရမည္ျဖစ္ေၾကာင္း ဦးဝင္းေမာင္က ဆက္လက္ေျပာဆုိသည္။

“ဆန္က တစ္ခါ ထုတ္ရင္ ေျခာက္လံုးပဲ ဆိုေတာ့ေလ အျခားၿမိဳ႕နယ္ေတြက လာထုတ္တာ မရိွ ပါဘူး။ တကယ္ လိုအပ္တဲ့ သူေတြ ထုတ္လို႔ရေအာင္ ေျခာက္လံုးပဲ ကန္႔သတ္ ထားတာပါ” ဟု ဦးဝင္းေမာင္က ဆိုသည္။

Rice ATM စက္ကို ဆန္အျပင္ ပဲအမ်ဳိးမ်ဳိး ကိုပါ ထုတ္ေပးႏိုင္ၿပီး ယင္းစက္ကို We Love Hlaingtharyar အဖြဲ႕၊ ပရဟိတအဖြဲ႕မ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ပုဂၢလိကကုမၸဏီ၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန တို႔ ပူးေပါင္းကာ အေကာင္အထည္ေဖာ္ ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

Rice ATM စက္ကို ေမလ ၁၆ ရက္ေန႔တြင္ စတင္ အသံုးျပဳကာ ဆန္ေပးေဝခဲ့ၿပီး ေမလ ၁၈ ေန႕ အထိ ဆန္ လာေရာက္ ထုတ္ယူသူ ၂၀၀ ေက်ာ္ရိွေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

crd : whitesone

unicode

လှိုင်သာယာမြို့နယ် တွင် ဆန်လိုအပ်သူများ အတွက် အခမဲ့ ထုတ်ယူနိုင်သည့် Rice ATM စတင်

လှိုင်သာယာမြို့နယ်တွင် ဆန်လိုအပ် သူများအတွက် အခမဲ့ ထုတ်ယူနိုင်သည့် အလိုအလျောက် ဆန်ထုတ်စက် (Rice ATM) စတင်…

ကိုဗစ်-၁၉ ကာလ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသူ များကို ကူညီရန်အတွက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ဆန် အခမဲ့ရယူနိုင်သည့် Rice ATM (အလိုအလျောက်ဆန်ထုတ်စက်) ဖြင့် ဆန်ပေးဝေ လျှက်ရှိကြောင်း လှိုင်သာယာ မြို့နယ်မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောကြားသည်။

Rice ATM တွင် ကုတ်နံပါတ်ရိုက်ထည့်ပါက ဆန်နို့ဆီဘူး ခြောက်လုံး ကို စက်က အလိုအလျောက် ထုတ်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါစက်ကို လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် အမှတ် (၅၇၂/က/ခ) မကွေးလမ်းရှိ လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် ထားရှိကြောင်း ၎င်းက ပြော ဆိုသည်။

ဆန်ထုတ်ယူရန် We Love Hlaingtharyar လူမှုကွန်ရက် သို့ဝင်ရောက်၍ Chat box တွင် အခမဲ့ဆန်ရယူရန် စာရင်းသွင်းကာ QR ကုဒ်နံပါတ်ရယူ၍ ယင်းကုဒ်နံပါတ်ကို Rice ATM စက်တွင် ရိုက်နှိပ်၍ ဆန်ထုတ်ယူရမည် ဖြစ်ကြောင်း ဦးဝင်းမောင်က ရှင်းပြသည်။

လူမှုကွန်ရက် အသုံးမပြုသူ သို့မဟုတ် Keypad ဖုန်း အသုံးပြု သူများအနေနှင့် ဖုန်းနံပါတ် 09 978 288 774 သို့ ထုတ်ယူလိုသူ၏ အမည်နှင့် လိပ်စာတို့ကို စာတို (SMS) ပေးပို့၍ ဆန်ထုတ်ယူခွင့် လျှောက်ထားရပါမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖုန်းမရှိသူများနှင့် သက်ကြီးရွယ်အိုများ အတွက် ဆန်ထုတ် ယူရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် အမည်နှင့် လိပ်စာကိုပေး၍ ဆန်ထုတ်ယူခွင့် လျှောက်ထားကာ QR ကုဒ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ရယူရမည်ဖြစ်ကြောင်း ဦးဝင်းမောင်က ဆက်လက်ပြောဆိုသည်။

“ဆန်က တစ်ခါ ထုတ်ရင် ခြောက်လုံးပဲ ဆိုတော့လေ အခြားမြို့နယ်တွေက လာထုတ်တာ မရှိ ပါဘူး။ တကယ် လိုအပ်တဲ့ သူတွေ ထုတ်လို့ရအောင် ခြောက်လုံးပဲ ကန့်သတ် ထားတာပါ” ဟု ဦးဝင်းမောင်က ဆိုသည်။

Rice ATM စက်ကို ဆန်အပြင် ပဲအမျိုးမျိုး ကိုပါ ထုတ်ပေးနိုင်ပြီး ယင်းစက်ကို We Love Hlaingtharyar အဖွဲ့၊ ပရဟိတအဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကုမ္ပဏီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Rice ATM စက်ကို မေလ ၁၆ ရက်နေ့တွင် စတင် အသုံးပြုကာ ဆန်ပေးဝေခဲ့ပြီး မေလ ၁၈ နေ့ အထိ ဆန် လာရောက် ထုတ်ယူသူ ၂၀၀ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

18 + ten =