အင္တာနက္ က ေပါက္ၾကား လာတဲ့ လင္းနို႔ေတြကို ကိုင္တြယ္ေနတဲ့ ဝူဟန္ ဓာတ္ခြဲခန္းက ပုံေတြပါ.

အင္တာနက္ က ေပါက္ၾကား လာတဲ့ လင္းနို႔ေတြကို ကိုင္တြယ္ေနတဲ့ ဝူဟန္ ဓာတ္ခြဲခန္းက ပုံေတြပါ.

ဝူဟန္ ဓာတ္ခြဲခန္းမွ ပညာရွင္မ်ား လက္အိတ္နဲ႔ အကာအကြယ္ စသည္တို႔ မပါဘဲ လင္းနို႔ေတြကို လက္ခ်ည္းသက္သက္ ကိုင္တြယ္ေန တဲ့ ဓာတ္ပုံမ်ား မၾကာေသးမီက လူမႈကြန္ရက္မွာ ေပၚထြက္လာခဲ့တဲ့အတြက္ ကမၻာႀကီးအေနနဲ႔ အလြန္ေဒါသထြက္ဖြယ္ ျဖစ္ေနပါတယ္။ တ႐ုတ္အာဏာပိုင္ေတြဟာ ကိုဗစ္ဗိုင္းရပ္စ္ကို သူတို႔ ဆီက စတယ္ ဆိုတာ ျငင္းဆန္ေနဆဲျဖစ္ၿပီး-

ကမၻာ့ ပညာရွင္အသိုင္းအဝိုင္းကေတာ့ တ႐ုတ္တို႔ အေနနဲ႔ ကိုဗစ္အေၾကာင္း သတင္းေတြ ကို ရည္ရြယ္ခ်က္ ရွိရွိ ထိမ္ခ်န္ထား ခဲ့တဲ့အျပင္၊ ဗိုင္းရပ္စ္ရဲ့ DNA ကို သိၿပီးသားျဖစ္ပါလၽွက္ ယေန႔အခ်ိန္အထိ ေရငုံႏႈတ္ပိတ္ေနတာကို အလြန္ခံျပင္းေနၾကပါတယ္။ အခုလည္း ဒီဓာတ္ပုံေတြဟာ ဝူဟန္ၿမိဳ႕မွာ တည္ရွိတဲ့ Institute of Virology မွ ပညာရွင္မ်ား ျဖစ္ပါတယ္။

သူတို႔တစ္ေတြဟာ လင္းနို႔ေတြကို ရွာေဖြေန တဲ့ မွတ္တမ္း ဓာတ္ပုံေတြ၊ လင္းနို႔ေတြကို လက္ဗလာသက္သက္နဲ႔ ကိုင္တြယ္ေနတဲ့ဓာတ္ပုံေတြျဖစ္ၿပီး၊ Institute of Virology ရဲ့တရားဝင္ဝက္ဘ္ဆိုဒ္မွာ ႏွစ္ေတာ္ေတာ္ၾကာကတည္းက ရွိေနၿပီးသား ျဖစ္ပါလၽွက္၊ မၾကာေသးခင္ကမွ အဲဒီဓာတ္ပုံေတြကို ဝက္ဘ္ဆိုက္ဒ္ကေန ဖ်က္ခ် ပစ္လိုက္တာဟာ ေတာ္ေတာ္ အျငင္းပြားစရာ ျဖစ္ခဲ့ပါတယ္။

အဲဒီလင္းနို႔ေတြဟာ SARS နဲ႔ ပတ္သက္တဲ့ ဗိုင္းရပ္စ္ေတြ စတင္ပ်ံ႕ႏွံ့ရာ လင္းနို႔ေတြျဖစ္ၾကၿပီး၊ ဒီမွတ္တမ္းနဲ႔ပတ္သက္တဲ့ ဓာတ္ပုံေတြကို ၎တို႔ဆိုက္ဒ္မွာ တင္ထားခဲ့ပါတယ္။ ဒါေပမယ့္ အလားတူပဲ ခ်က္ခ်င္းဆိုသလို ဖ်က္ပစ္ခဲ့ပါတယ္။ ဒီဓာတ္ပုံေတြနဲ႔အတူ (၂၀၁၈)ခုႏွစ္က ေဘဂ်င္းၿမိဳ႕ အေမရိကန္ သံ႐ုံးက ျပဳလုပ္တဲ့ Rick Switzer ရဲ့ ေဟာေျပာပြဲမွတ္တမ္း ရည္ညႊန္းေတြကိုလည္း ဖ်က္သိမ္းခဲ့ပါတယ္။

ဒီျဖစ္ရပ္ေတြ မတိုင္မီမွာ အေမရိကန္ သမၼတထရမ့္က ကိုဗစ္-၁၉ဟာ တ႐ုတ္ကေန စတင္ခဲ့တယ္ဆိုတာကို ခိုင္လုံတဲ့ အေထာက္အထားေတြ ေတြ႕ရွိထားၿပီျဖစ္ေၾကာင္းဆိုပါတယ္။ အဲဒီေနာက္ ေမလ(၁)ရက္ ေသာၾကာေန႔မွာ ဝူဟန္ဓာတ္ခြဲခန္းက လၽွို႔ဝွက္ထားအပ္တဲ့ စာရြက္စာတမ္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ယင္းစာရြက္စာတမ္းမ်ားအရ တ႐ုတ္တို႔ဟာ ကိုဗစ္နဲ႔ပတ္သက္တဲ့ သက္ေသအေထာက္အထားေတြကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ ေဖာက္ဖ်က္ေနေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။ ပညာရွင္တစ္ဦးက အခုမွ ပြဲႀကီးပြဲေကာင္းလို႔ ေျပာခဲ့ပါတယ္။

ဘာသာျပန္-လင္းေဇာ္ကို

Ref ; Mirror

unicode

အင်တာနက် က ပေါက်ကြား လာတဲ့ လင်းနို့တွေကို ကိုင်တွယ်နေတဲ့ ဝူဟန် ဓာတ်ခွဲခန်းက ပုံတွေပါ.

ဝူဟန် ဓာတ်ခွဲခန်းမှ ပညာရှင်များ လက်အိတ်နဲ့ အကာအကွယ် စသည်တို့ မပါဘဲ လင်းနို့တွေကို လက်ချည်းသက်သက် ကိုင်တွယ်နေ တဲ့ ဓာတ်ပုံများ မကြာသေးမီက လူမှုကွန်ရက်မှာ ပေါ်ထွက်လာခဲ့တဲ့အတွက် ကမ္ဘာကြီးအနေနဲ့ အလွန်ဒေါသထွက်ဖွယ် ဖြစ်နေပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သူတို့ ဆီက စတယ် ဆိုတာ ငြင်းဆန်နေဆဲဖြစ်ပြီး-

ကမ္ဘာ့ ပညာရှင်အသိုင်းအဝိုင်းကတော့ တရုတ်တို့ အနေနဲ့ ကိုဗစ်အကြောင်း သတင်းတွေ ကို ရည်ရွယ်ချက် ရှိရှိ ထိမ်ချန်ထား ခဲ့တဲ့အပြင်၊ ဗိုင်းရပ်စ်ရဲ့ DNA ကို သိပြီးသားဖြစ်ပါလျှက် ယနေ့အချိန်အထိ ရေငုံနှုတ်ပိတ်နေတာကို အလွန်ခံပြင်းနေကြပါတယ်။ အခုလည်း ဒီဓာတ်ပုံတွေဟာ ဝူဟန်မြို့မှာ တည်ရှိတဲ့ Institute of Virology မှ ပညာရှင်များ ဖြစ်ပါတယ်။

သူတို့တစ်တွေဟာ လင်းနို့တွေကို ရှာဖွေနေ တဲ့ မှတ်တမ်း ဓာတ်ပုံတွေ၊ လင်းနို့တွေကို လက်ဗလာသက်သက်နဲ့ ကိုင်တွယ်နေတဲ့ဓာတ်ပုံတွေဖြစ်ပြီး၊ Institute of Virology ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ နှစ်တော်တော်ကြာကတည်းက ရှိနေပြီးသား ဖြစ်ပါလျှက်၊ မကြာသေးခင်ကမှ အဲဒီဓာတ်ပုံတွေကို ဝက်ဘ်ဆိုက်ဒ်ကနေ ဖျက်ချ ပစ်လိုက်တာဟာ တော်တော် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

အဲဒီလင်းနို့တွေဟာ SARS နဲ့ ပတ်သက်တဲ့ ဗိုင်းရပ်စ်တွေ စတင်ပျံ့နှံ့ရာ လင်းနို့တွေဖြစ်ကြပြီး၊ ဒီမှတ်တမ်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို ၎င်းတို့ဆိုက်ဒ်မှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အလားတူပဲ ချက်ချင်းဆိုသလို ဖျက်ပစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေနဲ့အတူ (၂၀၁၈)ခုနှစ်က ဘေဂျင်းမြို့ အမေရိကန် သံရုံးက ပြုလုပ်တဲ့ Rick Switzer ရဲ့ ဟောပြောပွဲမှတ်တမ်း ရည်ညွှန်းတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေ မတိုင်မီမှာ အမေရိကန် သမ္မတထရမ့်က ကိုဗစ်-၁၉ဟာ တရုတ်ကနေ စတင်ခဲ့တယ်ဆိုတာကို ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီဖြစ်ကြောင်းဆိုပါတယ်။ အဲဒီနောက် မေလ(၁)ရက် သောကြာနေ့မှာ ဝူဟန်ဓာတ်ခွဲခန်းက လျှို့ဝှက်ထားအပ်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယင်းစာရွက်စာတမ်းများအရ တရုတ်တို့ဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖောက်ဖျက်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ပညာရှင်တစ်ဦးက အခုမှ ပွဲကြီးပွဲကောင်းလို့ ပြောခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; Mirror

Add a Comment

Your email address will not be published. Required fields are marked *

sixteen − ten =