ရွမ္းျပည္ က ေဂၚဖီစုိက္ ေတာင္သူေတြ ရဲ႕ မ်က္ရည္ေတြ ကုိ သုတ္ေပး ၾကသူမ်ား

ရွမ္းျပည္ က ေဂၚဖီစုိက္ ေတာင္သူေတြ ရဲ႕ မ်က္ရည္ေတြ ကုိ သုတ္ေပး ၾကသူမ်ား

ေဂၚဖီထုတ္ေတြ မခူးရေသာ္ အခါ (လက္ရွိထိကို အလႉေငြ ၂၇ သိန္းခြဲ ရသြားပါၿပီ 7:54 pm)

ရွမ္းျပည္မွာ ေဂၚဖီ ထုတ္ေတြက ဧၿပီလဆန္း မွာ လႈိင္လႈိင္ေပါပါ တယ္။ ကိုဗစ္ ၁၉ ကာလ သြားလာတာေတြ တားျမစ္လိုက္တဲ့အခါ ေဂၚဖီစိုက္ေတာင္သူေတြငုတ္တုတ္ေမ့သြားပါတယ္။ လက္ကားဒိုင္ျဖစ္တဲ့ ရန္ကုန္သီရိမဂၤလာေစ်းကို တင္ဖို႔ သြားမဲ့ ကုန္ကား မရွိေတာ့လို႔ပါ။ ကုန္စိမ္းေစ်းက လည္းပိတ္လိုက္တာ လဲပါပါတယ္။

ကုန္ကား ထြက္ျပန္လည္း ပုံမွန္ ၁၆ နာရီ ခရီးဟာ လမ္းခရီး တေလွ်ာက္ ကိုဗစ္ထိန္းခ်ဳပ္ေရးဂိတ္ေတြအဆင့္ဆင့္ျဖတ္ရေတာ့ ေလးရက္ေလာက္ၾကာသြားတယ္လို႔ ဆိုပါတယ္။ ေတာင္သူေတြ ကလည္း အင္း ခုမေရာင္းရလဲ သၾကၤန္ၿပီးေရာင္းတာေပါ့ ဆိုၿပီး ေဂၚဖီေတြ မခူးပဲ ကြင္းထဲထား လိုက္တာေပါ့။

ဒါေပမဲ့ အားလုံးသိတဲ့ အတိုင္းပဲ ကိုဗစ္က ဆက္ေနေတာ့ ဧၿပီ၂၁ ရက္ လြန္ လာေတာ့ ေတာင္သူေတြ စိတ္ဓာတ္က် လာတယ္။ ေမ၁၅ ရက္ေလာက္ထိ အသြားအလာေတြ ကန႔္သတ္ထားတာမို႔၊ ဆုံးလဲဆုံးပါေစေတာ့ဆိုၿပီး လက္ေလွ်ာ့လိုက္တယ္။

ဒါကို သတိျပဳမိ သြားတဲ့ သစ္သီး ပန္းမာလာအသင္းက တာဝန္ရွိသူေတြက အလႉ ခံတယ္။ ေတာင္သူေတြကို စည္း႐ုံးၿပီး ေဂၚဖီေတြဒီအတိုင္းလႊတ္ပစ္လိုက္မဲ့အစား ရန္ကုန္နဲ႔ အျခားၿမိဳ႕ႀကီးေတြက အေျခခံလူတန္းစား ေတြ စားသုံးႏိုင္ဖို႔ ေဝငွေပးမယ္ေပါ့။ ေတာင္သူေတြကလည္း ဝမ္းသာအားရနဲ႔ ခူးယူႏိုင္ခူးသာသြားပါ ဆိုၿပီးလႉၾကတယ္။ ေနာင္ယား လူငယ္အသင္းက အခမဲ့ လုပ္အားေပးၿပီး ေဂၚဖီခူးေပးတယ္။

ဒါနဲ႔ သစ္သီးအသင္းက ကားခ အလႉ ထပ္ခံတယ္။ ကြၽန္ေတာ္တို႔ စိမ္းလန္း အမိေျမအသင္းအေနနဲ႔ ေတာင္သူေတြကိုလည္း ကူညီရာၾက ၿမိဳ႕ကစားသုံးသူေတြလည္းစားသုံးႏိုင္ေစဆိုတဲ့ စိတ္နဲ႔ ကားခ ၆ သိန္းခြဲ လႉ လိုက္ပါတယ္။

ရွမ္းျပည္ ေနာင္တယားက စေနေန႔က ထြက္လာတဲ့ ကား ဒီကေန႔ရန္ကုန္ ကိုေရာက္ ပါတယ္။ သစ္သီးအသင္း တာဝန္ရွိသူေတြ ေဂၚဖီထုတ္ေတြ ေဝဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး သဃၤန္းကြၽန္းနဲ႔ ေတာင္ဒဂုံရပ္ကြက္ ၂၀ ေက်ာ္က အေျခခံ အိမ္ေထာင္စုေတြ ကို ရပ္ကြက္ အလိုက္ ထပ္ဆင့္ေဝဖို႔ ဒီကေန႔ စီစဥ္ျဖစ္ပါတယ္။

ေဂၚဖီထုတ္က ၁၂ ဘီးကားနဲ႔ အထုတ္ ၆၆၀၀ ေလာက္ပါပါတယ္။ သယ္ခ တထုတ္ကို ၁၀၀ က်ပ္က်ပါတယ္။ ေဂၚဖီထုတ္က ေစ်းထဲသြားဝယ္ရင္ တထုတ္ ၆၀၀ ေလာက္ေပးရတယ္ေျပာပါတယ္။ ဇနီးသည္ကေတာ့လွည္းတန္းေစ်းမွာ ၈၀၀ က်ပ္ေပးရတယ္ေျပာပါတယ္။ ဒါေၾကာင့္ သစ္သီးအသင္းက ဌာနဆိုင္ရာေတြနဲ႔ ညႇိဳႏႈိင္းၿပီး စက္ဆန္းမွာ ခဏသိုေလွာင္ ထားလို႔ရေအာင္လုပ္မယ္။ ဝယ္ၿပီးေရာင္းခ်င္တဲ့ ေစ်းသည္ေတြကို တထုတ္၁၀၀ ေလာက္နဲ႔ ေပးမယ္။ ဒါဆို ရတဲ့ ၁၀၀ ကို ေတာင္သူေတြျပန္ေပးႏိုင္ရင္ ေတာင္သူေတြအရင္း မေပ်ာက္ေတာ့ဘူးလို႔ဆိုပါတယ္။ ကားခ ကေတာ့ အလႉခံေပါ့။ အင္မတန္ေကာင္းမြန္တဲ့ အစီအစဥ္ပါ။

ေလာေလာဆယ္မွာကို ေနာင္တယား မွာ ေဂၚဖီထုတ္ ငါးသိန္းေလာက္ ရွိေနေတာ့ ကားအစီးတရာ ေလာက္ လိုပါမယ္။ သယ္ယူပို႔ေဆာင္စရိတ္ သိန္း ၆၅၀ ေလာက္လိုပါမယ္။ ေစ်းေတြ ပုံမွန္ျပည့္ျပည့္ဝဝမဖြင့္ႏိုင္ေသးတဲ့ အခ်ိန္ ဝယ္လိုအားက သိပ္မရွိေသးေတာ့ ခုလို ၾကားျဖတ္ေဆာင္႐ြက္ေပးႏိုင္မယ္ဆိုရင္၊ ေတာင္သူေတြ၊ သယ္ယူပို႔ေဆာင္ေရး လုပ္သားေတြ၊ ၿမိဳ႕က စားသုံးသူေတြ အားလုံးအဆင္ေျပႏိုင္ပါတယ္။ ရန္ကုန္ၿမိဳ႕ နယ္ ၅၀ ေက်ာ္ တၿမိဳ႕နယ္ တစီးစီေလာက္ အလႉခံၿပီး ျဖန႔္ေပးႏိုင္ရင္ကို ေတာ္ေတာ္အဆင္ေျပသြားမယ္ ထင္ပါတယ္။

အိမ္ထဲေနရတာလည္း ၂ လေက်ာ္ေလာက္ရွိ လာေတာ့ ေစ်းသိပ္မသြားခ်င္တဲ့ အိမ္ရွင္မမ်ား အေျခာက္အျခမ္းေလးေတြ ပဲဝယ္ခ်က္ရလို႔ စားရေသာက္ရ ဘဝင္မက်ေနတာကေန တအိမ္ကို ေငြေလး ၂၀၀ ေလာက္ နဲ႔ ေဂၚဖီ တထုပ္ဝယ္ေပးမယ္ဆိုရင္ကို ကိုယ္လဲအက်ိဳးရွိ က်န္သူေတြလည္းအက်ိဳးရွိမွာမို႔ ဝိုင္းဖို႔ ဝန္းဖို႔ ေဆာ္ဩပါရေစ။

ၾကားထဲက အက်ိဳးေဆာင္ေပးေနတဲ့ သစ္သီးအသင္း ကိုလည္း အထူးေက်းဇူးတင္ မိပါတယ္။ ဒီအတိုင္းပဲ သဃၤန္းကြၽန္းနဲ႔ ေတာင္ဒဂုံ က ေဝငွေပးဖို႔ ကူညီက်သူေတြ ကလည္း ေက်းဇူး တင္စရာပါ။

Win Myo Thu

unicode

ရှမ်းပြည် က ဂေါ်ဖီစိုက် တောင်သူတွေ ရဲ့ မျက်ရည်တွေ ကို သုတ်ပေး ကြသူများ

ဂေါ်ဖီထုတ်တွေ မခူးရသော် အခါ (လက်ရှိထိကို အလှူငွေ ၂၇ သိန်းခွဲ ရသွားပါပြီ 7:54 pm)

ရှမ်းပြည်မှာ ဂေါ်ဖီ ထုတ်တွေက ဧပြီလဆန်း မှာ လှိုင်လှိုင်ပေါပါ တယ်။ ကိုဗစ် ၁၉ ကာလ သွားလာတာတွေ တားမြစ်လိုက်တဲ့အခါ ဂေါ်ဖီစိုက်တောင်သူတွေငုတ်တုတ်မေ့သွားပါတယ်။ လက်ကားဒိုင်ဖြစ်တဲ့ ရန်ကုန်သီရိမင်္ဂလာဈေးကို တင်ဖို့ သွားမဲ့ ကုန်ကား မရှိတော့လို့ပါ။ ကုန်စိမ်းဈေးက လည်းပိတ်လိုက်တာ လဲပါပါတယ်။

ကုန်ကား ထွက်ပြန်လည်း ပုံမှန် ၁၆ နာရီ ခရီးဟာ လမ်းခရီး တလျှောက် ကိုဗစ်ထိန်းချုပ်ရေးဂိတ်တွေအဆင့်ဆင့်ဖြတ်ရတော့ လေးရက်လောက်ကြာသွားတယ်လို့ ဆိုပါတယ်။ တောင်သူတွေ ကလည်း အင်း ခုမရောင်းရလဲ သင်္ကြန်ပြီးရောင်းတာပေါ့ ဆိုပြီး ဂေါ်ဖီတွေ မခူးပဲ ကွင်းထဲထား လိုက်တာပေါ့။

ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်းပဲ ကိုဗစ်က ဆက်နေတော့ ဧပြီ၂၁ ရက် လွန် လာတော့ တောင်သူတွေ စိတ်ဓာတ်ကျ လာတယ်။ မေ၁၅ ရက်လောက်ထိ အသွားအလာတွေ ကန့်သတ်ထားတာမို့၊ ဆုံးလဲဆုံးပါစေတော့ဆိုပြီး လက်လျှော့လိုက်တယ်။

ဒါကို သတိပြုမိ သွားတဲ့ သစ်သီး ပန်းမာလာအသင်းက တာဝန်ရှိသူတွေက အလှူ ခံတယ်။ တောင်သူတွေကို စည်းရုံးပြီး ဂေါ်ဖီတွေဒီအတိုင်းလွှတ်ပစ်လိုက်မဲ့အစား ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက အခြေခံလူတန်းစား တွေ စားသုံးနိုင်ဖို့ ဝေငှပေးမယ်ပေါ့။ တောင်သူတွေကလည်း ဝမ်းသာအားရနဲ့ ခူးယူနိုင်ခူးသာသွားပါ ဆိုပြီးလှူကြတယ်။ နောင်ယား လူငယ်အသင်းက အခမဲ့ လုပ်အားပေးပြီး ဂေါ်ဖီခူးပေးတယ်။

ဒါနဲ့ သစ်သီးအသင်းက ကားခ အလှူ ထပ်ခံတယ်။ ကျွန်တော်တို့ စိမ်းလန်း အမိမြေအသင်းအနေနဲ့ တောင်သူတွေကိုလည်း ကူညီရာကြ မြို့ကစားသုံးသူတွေလည်းစားသုံးနိုင်စေဆိုတဲ့ စိတ်နဲ့ ကားခ ၆ သိန်းခွဲ လှူ လိုက်ပါတယ်။

ရှမ်းပြည် နောင်တယားက စနေနေ့က ထွက်လာတဲ့ ကား ဒီကနေ့ရန်ကုန် ကိုရောက် ပါတယ်။ သစ်သီးအသင်း တာဝန်ရှိသူတွေ ဂေါ်ဖီထုတ်တွေ ဝေဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီး သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံရပ်ကွက် ၂၀ ကျော်က အခြေခံ အိမ်ထောင်စုတွေ ကို ရပ်ကွက် အလိုက် ထပ်ဆင့်ဝေဖို့ ဒီကနေ့ စီစဉ်ဖြစ်ပါတယ်။

ဂေါ်ဖီထုတ်က ၁၂ ဘီးကားနဲ့ အထုတ် ၆၆၀၀ လောက်ပါပါတယ်။ သယ်ခ တထုတ်ကို ၁၀၀ ကျပ်ကျပါတယ်။ ဂေါ်ဖီထုတ်က ဈေးထဲသွားဝယ်ရင် တထုတ် ၆၀၀ လောက်ပေးရတယ်ပြောပါတယ်။ ဇနီးသည်ကတော့လှည်းတန်းဈေးမှာ ၈၀၀ ကျပ်ပေးရတယ်ပြောပါတယ်။ ဒါကြောင့် သစ်သီးအသင်းက ဌာနဆိုင်ရာတွေနဲ့ ညှိုနှိုင်းပြီး စက်ဆန်းမှာ ခဏသိုလှောင် ထားလို့ရအောင်လုပ်မယ်။ ဝယ်ပြီးရောင်းချင်တဲ့ ဈေးသည်တွေကို တထုတ်၁၀၀ လောက်နဲ့ ပေးမယ်။ ဒါဆို ရတဲ့ ၁၀၀ ကို တောင်သူတွေပြန်ပေးနိုင်ရင် တောင်သူတွေအရင်း မပျောက်တော့ဘူးလို့ဆိုပါတယ်။ ကားခ ကတော့ အလှူခံပေါ့။ အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်ပါ။

လောလောဆယ်မှာကို နောင်တယား မှာ ဂေါ်ဖီထုတ် ငါးသိန်းလောက် ရှိနေတော့ ကားအစီးတရာ လောက် လိုပါမယ်။ သယ်ယူပို့ဆောင်စရိတ် သိန်း ၆၅၀ လောက်လိုပါမယ်။ ဈေးတွေ ပုံမှန်ပြည့်ပြည့်ဝဝမဖွင့်နိုင်သေးတဲ့ အချိန် ဝယ်လိုအားက သိပ်မရှိသေးတော့ ခုလို ကြားဖြတ်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်၊ တောင်သူတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်သားတွေ၊ မြို့က စားသုံးသူတွေ အားလုံးအဆင်ပြေနိုင်ပါတယ်။ ရန်ကုန်မြို့ နယ် ၅၀ ကျော် တမြို့နယ် တစီးစီလောက် အလှူခံပြီး ဖြန့်ပေးနိုင်ရင်ကို တော်တော်အဆင်ပြေသွားမယ် ထင်ပါတယ်။

အိမ်ထဲနေရတာလည်း ၂ လကျော်လောက်ရှိ လာတော့ ဈေးသိပ်မသွားချင်တဲ့ အိမ်ရှင်မများ အခြောက်အခြမ်းလေးတွေ ပဲဝယ်ချက်ရလို့ စားရသောက်ရ ဘဝင်မကျနေတာကနေ တအိမ်ကို ငွေလေး ၂၀၀ လောက် နဲ့ ဂေါ်ဖီ တထုပ်ဝယ်ပေးမယ်ဆိုရင်ကို ကိုယ်လဲအကျိုးရှိ ကျန်သူတွေလည်းအကျိုးရှိမှာမို့ ဝိုင်းဖို့ ဝန်းဖို့ ဆော်ဩပါရစေ။

ကြားထဲက အကျိုးဆောင်ပေးနေတဲ့ သစ်သီးအသင်း ကိုလည်း အထူးကျေးဇူးတင် မိပါတယ်။ ဒီအတိုင်းပဲ သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံ က ဝေငှပေးဖို့ ကူညီကျသူတွေ ကလည်း ကျေးဇူး တင်စရာပါ။

Win Myo Thu

Add a Comment

Your email address will not be published. Required fields are marked *

2 × one =