“မြန္ျပည္နယ္ တြင္ ေစာင့္ၾကည့္ လူနာမ်ား ထဲမွ ေသဆုံးသူ (၃၈) ဦးအထိ ရွိလာ”

“မြန္ျပည္နယ္ တြင္ ေစာင့္ၾကည့္ လူနာမ်ား ထဲမွ ေသဆုံးသူ (၃၈) ဦးအထိ ရွိလာ”

မြန္ျပည္နယ္မွာ ခ႐ိုင္(၂)ခ႐ိုင္ နဲ႔ ၿမိဳ႕နယ္(၁၀)ၿမိဳ႕နယ္ရွိၿပီး COVID-19 ေရာဂါ ျဖစ္ပြားခ်ိန္ မွ စတင္ကာျပည္ပမွျပန္လာသူေတြကို ေဆး႐ုံတြင္ အသြား အလာကန္႔သတ္ျခင္း (Hospital Quarantine)ျဖင့္ေစာင့္ၾကည့္တာေတြ၊ သံသယေစာင့္ၾကည့္လူနာ (PUI)ျဖင့္ ေစာင့္ၾကည့္တာေတြနဲ႔ သတ္မွတ္ေနရာ အေဆာက္အဦးမ်ားတြင္ ထားရွိၿပီး အသြားအလာ ကန္႔သတ္ျခင္း (Community based facility quarantine) ျဖင့္ေစာင့္ၾကည့္တာေတြ လုပ္ေဆာင္ေနတာပါ။

အခုလို အဆင့္ဆင့္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနၿပီး အဲ့ဒီထဲကမွ လက္ရွိ ေမလ(၁၈)ရက္ေန ထိ ေသဆုံးသူ (၃၈)ဦးရွိၿပီးျဖစ္တယ္လို႔ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမႉး ေဒါက္တာထြန္းေအာင္ၾကည္က ေျပာပါတယ္။လက္ရွိ Hospital Quarantine ကေတာ့ အခုလက္ရွိဆို လိုရွိရင္ (PUI)က (၁၁)ေယာက္နဲ႔ Hospital Quarantineက (၅)ေယာက္ စုစုေပါင္းေဆး႐ုံမွာ (၁၆)ေယာက္ရွိေသးတယ္၊ ေသဆုံးမႈကေတာ့ ဒါအစအဆုံးေပါ့ေနာ္ ကြၽန္ေတာ္တို႔ ဒီCOVIDစၿပီးဆိုကတည္းက စုစုေပါင္းက (၃၈)ေယာက္ေပါ့၊(၃၈)ေယာက္ ကေတာ့ အကုန္လုံး ရဲ႕ ေဆးစစ္ခ်က္အေျဖကေတာ့ Negativeေတြႀကီးပဲ၊ COVID ကာလဆိုေတာ့ COVID သံသယအေန နဲ႔ ထားၿပီးေတာ့ ကြၽန္ေတာ္တို႔က ကုရတာေလ၊ ေသရတဲ့ အေၾကာင္းရင္းေတြကေတာ့ တျခား အေၾကာင္းအရင္းေတြ၊ အေၾကာင္းအရင္း အမ်ိဳးမ်ိဳးေပါ့´´လို႔ေဒါက္တာထြန္းေအာင္ၾကည္က ဆိုပါတယ္။

လက္ရွိ မြန္ျပည္နယ္အတြင္း ေသဆုံးသူေတြထဲမွာ သံသယေစာင့္ၾကည့္လူနာ (PUI)မွ ေသဆုံးသူ(၃၂)ဦး၊ ေဆး႐ုံတြင္ အသြားအလာ ကန္႔သတ္ျခင္း (Hospital Quarantine) မွ ေသဆုံးသူ (၅)ဦး နဲ႔သတ္မွတ္ေနရာ အေဆာက္အဦးမ်ားတြင္ ထားရွိၿပီး အသြားအလာ ကန္႔သတ္ျခင္း (Community based facility quarantine)မွ ေသဆုံးသူ (၁)ဦးျဖစ္တယ္လို႔ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမႉး ေဒါက္တာထြန္းေအာင္ၾကည္က ေျပာပါတယ္။

မြန္ျပည္နယ္မွာ COVID-19ေရာဂါ ျဖစ္ပြားစဥ္မွေ မလ(၁၈)ရက္ေန႔ထိ ဓာတ္ခြဲနမူနာ ေပးပို႔သူ စုစုေပါင္း (၄၉၄)ဦးရွိေၾကာင္း၊ အဲ့ဒီထဲမွ ေရာဂါပိုးေတြ႕ရွိသူ (၁)ဦးရွိ ခဲ့ၿပီး က်န္(၄၉၃)ဦးမွာ ေရာဂါပိုးမေတြ႕ရွိေၾကာင္း နဲ႔ ေရာဂါပိုးေတြ႕ရွိတဲ့လူနာ (Case-027)ကို ေဆးစစ္ရာ ေရာဂါပိုး မေတြ႕ရွိေတာ့တဲ့ အတြက္ ေမလ(၇)ရက္ေန႔၊ ေန႔လည္ပိုင္း မွာေတာ့ေမာ္လၿမိဳင္ အေထြေထြေရာဂါကုေဆး႐ုံႀကီး မွ ဆင္းခြင့္ျပဳလိုက္ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

crd : panpyoelat

unicode

“မွန်ပြည်နယ် တွင် စောင့်ကြည့် လူနာများ ထဲမှ သေဆုံးသူ (၃၈) ဦးအထိ ရှိလာ”

မွန်ပြည်နယ်မှာ ခရိုင်(၂)ခရိုင် နဲ့ မြို့နယ်(၁၀)မြို့နယ်ရှိပြီး COVID-19 ရောဂါ ဖြစ်ပွားချိန် မှ စတင်ကာပြည်ပမှပြန်လာသူတွေကို ဆေးရုံတွင် အသွား အလာကန့်သတ်ခြင်း (Hospital Quarantine)ဖြင့်စောင့်ကြည့်တာတွေ၊ သံသယစောင့်ကြည့်လူနာ (PUI)ဖြင့် စောင့်ကြည့်တာတွေနဲ့ သတ်မှတ်နေရာ အဆောက်အဦးများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community based facility quarantine) ဖြင့်စောင့်ကြည့်တာတွေ လုပ်ဆောင်နေတာပါ။

အခုလို အဆင့်ဆင့် စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး အဲ့ဒီထဲကမှ လက်ရှိ မေလ(၁၈)ရက်နေ ထိ သေဆုံးသူ (၃၈)ဦးရှိပြီးဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။လက်ရှိ Hospital Quarantine ကတော့ အခုလက်ရှိဆို လိုရှိရင် (PUI)က (၁၁)ယောက်နဲ့ Hospital Quarantineက (၅)ယောက် စုစုပေါင်းဆေးရုံမှာ (၁၆)ယောက်ရှိသေးတယ်၊ သေဆုံးမှုကတော့ ဒါအစအဆုံးပေါ့နော် ကျွန်တော်တို့ ဒီCOVIDစပြီးဆိုကတည်းက စုစုပေါင်းက (၃၈)ယောက်ပေါ့၊(၃၈)ယောက် ကတော့ အကုန်လုံး ရဲ့ ဆေးစစ်ချက်အဖြေကတော့ Negativeတွေကြီးပဲ၊ COVID ကာလဆိုတော့ COVID သံသယအနေ နဲ့ ထားပြီးတော့ ကျွန်တော်တို့က ကုရတာလေ၊ သေရတဲ့ အကြောင်းရင်းတွေကတော့ တခြား အကြောင်းအရင်းတွေ၊ အကြောင်းအရင်း အမျိုးမျိုးပေါ့´´လို့ဒေါက်တာထွန်းအောင်ကြည်က ဆိုပါတယ်။

လက်ရှိ မွန်ပြည်နယ်အတွင်း သေဆုံးသူတွေထဲမှာ သံသယစောင့်ကြည့်လူနာ (PUI)မှ သေဆုံးသူ(၃၂)ဦး၊ ဆေးရုံတွင် အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) မှ သေဆုံးသူ (၅)ဦး နဲ့သတ်မှတ်နေရာ အဆောက်အဦးများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community based facility quarantine)မှ သေဆုံးသူ (၁)ဦးဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

မွန်ပြည်နယ်မှာ COVID-19ရောဂါ ဖြစ်ပွားစဉ်မှေ မလ(၁၈)ရက်နေ့ထိ ဓာတ်ခွဲနမူနာ ပေးပို့သူ စုစုပေါင်း (၄၉၄)ဦးရှိကြောင်း၊ အဲ့ဒီထဲမှ ရောဂါပိုးတွေ့ရှိသူ (၁)ဦးရှိ ခဲ့ပြီး ကျန်(၄၉၃)ဦးမှာ ရောဂါပိုးမတွေ့ရှိကြောင်း နဲ့ ရောဂါပိုးတွေ့ရှိတဲ့လူနာ (Case-027)ကို ဆေးစစ်ရာ ရောဂါပိုး မတွေ့ရှိတော့တဲ့ အတွက် မေလ(၇)ရက်နေ့၊ နေ့လည်ပိုင်း မှာတော့မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီး မှ ဆင်းခွင့်ပြုလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

crd : panpyoelat