ႏွာေခါင္းစည္း Mask ခ်ဳပ္ၿပိဳင္ ပြဲဝင္ေပါင္း ၂၁၁၂၀ ေယာက္ရွိ၊ ဆု (၁၂) ဆုေ႐ြး ခ်ယ္ခ်ီးျမႇင့္မည္

ႏွာေခါင္းစည္း Mask ခ်ဳပ္ၿပိဳင္ ပြဲဝင္ေပါင္း ၂၁၁၂၀ ေယာက္ရွိ၊ ဆု (၁၂) ဆုေ႐ြး ခ်ယ္ခ်ီးျမႇင့္မည္

ၿပီးခဲ့တဲ့ ေမလ ၁၃ ရက္ေန႔ကစၿပီး ေဖ့စ္ဘြတ္ခ္ေပၚ မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳ လ္က ၃ ရက္ၾကာ ဖိတ္ေခၚ က်င္းပခဲ့တဲ့ ႏွာေခါင္းစည္း Mask ခ်ဳပ္ၿပိဳင္ပြဲမွာ အနယ္နယ္ အရပ္ရပ္က ၿပိဳင္ပြဲဝင္လာၾကသူ အေရအတြက္ ၂၁၁၂၀ ေယာက္ရွိခဲ့ၿပီး သူတို႔ထဲက ၁၂ ေယာက္ကို ဆုေ႐ြးခ်ယ္ခ်ီးျမႇင့္သြား မွာ ျဖစ္တယ္လို႔ သိရပါတယ္။

“Mask ၿပိဳင္ပြဲ စာရင္းပိတ္ခ်ိန္မွာ ဝင္ၿပိဳင္သူ (၂၁၁၂၀) ျဖစ္ပါတယ္။ ဒီထဲက ၁၂ ေယာက္ကိုသာ ဆုေပးမွာျဖစ္ေပမဲ့၊ အားလုံးကို တန္ဖိုးထားပါတယ္။ ကြၽန္မ ႏိုင္ငံအနယ္နယ္ အရပ္ရပ္မွာ ခရီးသြားတဲ့အခါ လာေရာက္ႀကိဳဆိုႏႈတ္ဆက္တဲ့ ျပည္သူေတြကို တန္ဖိုးထားသလိုပါပဲ။ မ်ားသည္ျဖစ္ေစ၊ နည္းသည္ျဖစ္ေစ၊ တဦးခ်င္းကို တန္ဖိုးထားပါတယ္။ တဦးခ်င္းကိုလည္း ေက်းဇူးတင္ပါတယ္။ ေမတၱာနဲ႔ အားေပးျခင္းနဲ႔ ယွဥ္ႏိုင္တဲ့အရာ ဘာမွမရွိပါဘူး။ ဒါ့ေၾကာင့္ ၿပိဳင္ပြဲမွာ ဝင္ၿပီး အားေပးၾကသူေတြ အားလုံးအတြက္ အမွတ္တရျဖစ္ႏိုင္ဖို႔ စီစဥ္ေနပါတယ္”ၿပိဳင္ပြဲဝင္ျပည္သူ ေသာင္းနဲ႔ခ်ီ ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ ဒီၿပိဳင္ပြဲ စည္းကမ္းခ်က္ေတြအေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္လိုသူေတြဟာ အေရာင္၊ ဒီဇိုင္းႏွစ္သက္ရာ ေ႐ြးခ်ယ္ထားတဲ့ ႏွာေခါင္းစည္းတခု (တခုထက္မ်ားလည္း ရပါတယ္) ကိုယ္တိုင္ ခ်ဳပ္ရမွာျဖစ္ၿပီး လက္နဲ႔ပဲ ခ်ဳပ္ခ်ဳပ္၊ စက္နဲ႔ပဲ ခ်ဳပ္ခ်ဳပ္ ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ခ်ဳပ္တဲ့အခါမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အဝတ္နဲ႔ျပဳလုပ္ေသာ ႏွာေခါင္းစည္းနဲ႔ ပတ္သက္တဲ့ သိေကာင္းစရာမ်ားကို ကိုးကားၿပီး ခ်ဳပ္လုပ္ရမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့တာပါ။

ၿပိဳင္ပြဲဝင္ၾကသူေတြထဲမွာေတာ့ ေက်ာ္ၾကားသူ အႏုပညာရွင္ေတြ၊ နာမည္ႀကီး ဒီဇိုင္နာေတြကအစ ျပည္တြင္းျပည္ပမွ ၿပိဳင္ပြဲဝင္ေတြ အေျမာက္အျမား ပါဝင္ခဲ့ၾကၿပီး လက္ရွိ မွာေတာ့ ျပည္သူ အႏွစ္သက္ဆုံး။ (Like အမ်ားဆုံး)ဆု၊ တီထြင္ဖန္တီးမႈအေကာင္းဆုံးဆု၊ လူထုအက်ိဳးျပဳဆု။ (လႉဒါန္းေဝငွရန္လုပ္တဲ့ maskေတြ ထဲက like အမ်ားဆုံး။)နဲ႔ ၿပိဳင္ပြဲ ဝင္ရျခင္း ရည္႐ြယ္ခ်က္ စိတ္ဝင္စားဖြယ္အေကာင္းဆုံးဆုဆိုၿပီး ေ႐ြးခ်ယ္ခ်ီးျမႇင့္မွာျဖစ္ကာ က်န္းမာေရးဝန္ႀကီးဌာနက စတင္စိစစ္ေနၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။ကိုယ္တိုင္ခ်ဳပ္ Mask ၿပိဳင္ပြဲက်င္းပေပးခဲ့တာနဲ႔ ပတ္သက္ၿပီးေတာ့လည္း အတိုင္ပင္ခံ ပုဂၢိဳလ္က ခုလိုေရးသားထားခဲ့ပါေသးတယ္။

“တဖက္က က်န္းမာေရးအတြက္ mask တပ္တဲ့အေလ့အထကို အားေပးရင္း နဲ႔ တဖက္ကလည္း၊ ကြၽန္မတို႔ႏိုင္ငံရဲ႕ စီးပြားေရးအေနအထားကို ၾကည့္ရပါေသးတယ္။ အတြက္အခ်က္ေတာ္တဲ့ ကြၽန္မတို႔ ဝန္ထမ္းေတြက ေထာက္ျပပါတယ္၊ ကြၽန္မတို႔ လူဦးေရရဲ႕ (၂၅%) က၊ အလုပ္သြားရက္၊ တလ (၂၂)ရက္မွာ ေန႔စဥ္၊ တစခါသုံး mask တခုသာ သုံးတယ္ ထားဦး၊ တလကို mask ဖိုးက စုစုေပါင္း အေမရိကန္ေဒၚလာ (၆၃.၃) သန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ထပ္တလဲလဲ သုံးလို႔ရတဲ့အဝတ္ mask ကေလးေတြ က်ယ္က်ယ္ျပန႔္ျပန႔္သုံးေရးအတြက္ ကူညီေပးတဲ့ ၿပိဳင္ပြဲဝင္မ်ားဟာ ျပည္သူ က်န္းမာေရးသာမက၊ ႏိုင္ငံ့စီးပြားေရးကိုပါ အေထာက္အကူ ေပးတယ္လို႔ ေျပာႏိုင္ပါတယ္။”ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ COVID-19 ကပ္ေဘးကာလ စိန္ေခၚမႈေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔ ျမန္ျမန္ ဆန္ဆန္ ထိထိေရာက္ေရာက္ ဆက္သြယ္ႏိုင္ဖို႔အတြက္ ၿပီးခဲ့တဲ့ ဧၿပီလ ၁ ရက္ေန႔မွစတင္ကာ ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္ကို စတင္အသုံးျပဳခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕အေကာင့္မွာ ပရိသတ္ (Followers) ၂ သန္းခြဲနီးပါး ရွိသြားၿပီ ျဖစ္ပါတယ္။

လတ္တေလာ COVID-19 ကပ္ေဘးကာလမွာ လူစုလူေဝးနဲ႔ ပြဲ လမ္းသဘင္ အခမ္းအနားေတြကို ေရွာင္ၾကဥ္ၾကဖို႔က အေရးပါသလို မတတ္သာလို႔ အျပင္ကို ထြက္ရခ်ိန္မွာ လည္း တကိုယ္ေရသန႔္ရွင္းေရးနဲ႔ ကာကြယ္ေရးအသိရွိဖို႔ကလည္း အေရးတႀကီး လိုအပ္ေနခ်ိန္ ျဖစ္ပါတယ္။ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ ျပည္သူေတြ အျပင္ထြက္ရင္ Mask တပ္ၾကဖို႔ အႀကိမ္ႀကိမ္ တိုက္တြန္း ေျပာၾကားေနတာ ျဖစ္ပါတယ္။အဝတ္ Mask ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ျခင္း မရွိေၾကာင္းနဲ႔ ခုလို ကပ္ေဘးကာလမွာ Mask ၿပိဳင္ပြဲလုပ္ေနတာ မျဖစ္သင့္ဘူး လို႔ ေဝဖန္မႈေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနပါတယ္။“Mask ၿပိဳင္ပြဲ လုပ္ရတဲ့ အေၾကာင္းရင္းကေတာ့ ျပည္သူေတြ mask နဲ႔ ယဥ္ပါးၿပီး အၿမဲတေစသုံးတဲ့ အေလ့အထ ျဖစ္လာေစခ်င္လို႔ပါ”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာထားခဲ့ပါတယ္။

crd : panpyoelat

unicode

နှာခေါင်းစည်း Mask ချုပ်ပြိုင် ပွဲဝင်ပေါင်း ၂၁၁၂၀ ယောက်ရှိ၊ ဆု ၁၂ ဆုရွေး ချယ်ချီးမြှင့်မည်

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကစပြီး ဖေ့စ်ဘွတ်ခ်ပေါ် မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂို လ်က ၃ ရက်ကြာ ဖိတ်ခေါ် ကျင်းပခဲ့တဲ့ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲမှာ အနယ်နယ် အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့ပြီး သူတို့ထဲက ၁၂ ယောက်ကို ဆုရွေးချယ်ချီးမြှင့်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

“Mask ပြိုင်ပွဲ စာရင်းပိတ်ချိန်မှာ ဝင်ပြိုင်သူ (၂၁၁၂၀) ဖြစ်ပါတယ်။ ဒီထဲက ၁၂ ယောက်ကိုသာ ဆုပေးမှာဖြစ်ပေမဲ့၊ အားလုံးကို တန်ဖိုးထားပါတယ်။ ကျွန်မ နိုင်ငံအနယ်နယ် အရပ်ရပ်မှာ ခရီးသွားတဲ့အခါ လာရောက်ကြိုဆိုနှုတ်ဆက်တဲ့ ပြည်သူတွေကို တန်ဖိုးထားသလိုပါပဲ။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ တဦးချင်းကို တန်ဖိုးထားပါတယ်။ တဦးချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ မေတ္တာနဲ့ အားပေးခြင်းနဲ့ ယှဉ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ ဒါ့ကြောင့် ပြိုင်ပွဲမှာ ဝင်ပြီး အားပေးကြသူတွေ အားလုံးအတွက် အမှတ်တရဖြစ်နိုင်ဖို့ စီစဉ်နေပါတယ်”ပြိုင်ပွဲဝင်ပြည်သူ သောင်းနဲ့ချီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်းနှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက်များလည်း ရပါတယ်) ကိုယ်တိုင် ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲ ချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိ မှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှုအကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေ ထဲက like အများဆုံး။)နဲ့ ပြိုင်ပွဲ ဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆုဆိုပြီး ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက စတင်စိစစ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲကျင်းပပေးခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ခုလိုရေးသားထားခဲ့ပါသေးတယ်။

“တဖက်က ကျန်းမာရေးအတွက် mask တပ်တဲ့အလေ့အထကို အားပေးရင်း နဲ့ တဖက်ကလည်း၊ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအနေအထားကို ကြည့်ရပါသေးတယ်။ အတွက်အချက်တော်တဲ့ ကျွန်မတို့ ဝန်ထမ်းတွေက ထောက်ပြပါတယ်၊ ကျွန်မတို့ လူဦးရေရဲ့ (၂၅%) က၊ အလုပ်သွားရက်၊ တလ (၂၂)ရက်မှာ နေ့စဉ်၊ တစခါသုံး mask တခုသာ သုံးတယ် ထားဦး၊ တလကို mask ဖိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ (၆၃.၃) သန်း ဖြစ်ပါတယ်။ ဒါကြောင့် ထပ်တလဲလဲ သုံးလို့ရတဲ့အဝတ် mask ကလေးတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးရေးအတွက် ကူညီပေးတဲ့ ပြိုင်ပွဲဝင်များဟာ ပြည်သူ ကျန်းမာရေးသာမက၊ နိုင်ငံ့စီးပွားရေးကိုပါ အထောက်အကူ ပေးတယ်လို့ ပြောနိုင်ပါတယ်။”နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ဘေးကာလ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့အကောင့်မှာ ပရိသတ် (Followers) ၂ သန်းခွဲနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲ လမ်းသဘင် အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့က အရေးပါသလို မတတ်သာလို့ အပြင်ကို ထွက်ရချိန်မှာ လည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအသိရှိဖို့ကလည်း အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်သူတွေ အပြင်ထွက်ရင် Mask တပ်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်း ပြောကြားနေတာ ဖြစ်ပါတယ်။အဝတ် Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း မရှိကြောင်းနဲ့ ခုလို ကပ်ဘေးကာလမှာ Mask ပြိုင်ပွဲလုပ်နေတာ မဖြစ်သင့်ဘူး လို့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။“Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

nine − five =