





crd : panpyoelat

unicode

(၂၁) ရက်နေ့တွင် ရန်ကုန်ရှိ မြို့နယ် (၁၂) ခုတွင် အချိန်ပိုင်းရေပြတ်မည်

ရန်ကုန်မြို့ မှာ နေတဲ့ သူတွေ အတွက် မြို့နယ် ၁၂ ခု မှာ ရေပြတ်တောက်မှု ဖြစ်မယ် ဆိုတဲ့ သတင်း တစ်ပုဒ်ကို တင်ဆက်ပေး ချင်ပါတယ်။

ရေပိုက်လိုင်းသွယ် မှာဖြစ်တဲ့ အတွက် မေလ(၂၁)ရက်နေ့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိ ရန်ကုန်က မြို့နယ် (၁၂) ခု ရေပြတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။ဒါကြောင့် ရေကြိုတင်စုဆောင်းကြဖို့လည်း ကော်မတီက တိုက်တွန်း လိုက် ပါတယ်။

“ပြန်ပြီးအဆင့်မြှင့် တင်တာကြောင့်ပေါ့နော်။ အဓိကတော့ ရန်ကုန်မြို့တွင်း ကို သွယ်တဲ့ ပိုက်လိုင်းတွေ ပါပဲ။ (၂၂)ရက်နေ့ ဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ဖြန့်ဝေပေး သွားမှာပါ။”လို့ ရေသန့်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွဲ့နိုင်ဦးက ပြောပါတယ်။

ဒါကြောင့် မရမ်းကုန်း၊ ဗဟန်း၊ ရန်ကင်း၊ ပန်းပဲတန်း၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်တို့မှာ ရေအားလျော့နည်းတာနဲ့ ရေပြတ်တောက်တာတွေ ဖြစ်မယ်လို့ သိရပါတယ်။ရန်ကုန်မြို့ကိုတော့ တစ်နေ့ကို ရေဂါလံ(၂၀၅)သန်းဖြန့်ဝေပေးနေ ရပြီး အဲဒီ(၂၀၅)သန်းမှာ ရေလှောင်ကန်တွေ ကနေ (၁၈၅)သန်းဖြန့်ဝေပေးနေ တာလို့ သိရ ပါတယ်။

crd : panpyoelat