တရုတ်က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကို နောက်ကွယ်က ကြိုးကိုင်နေတယ် လို့ ထရမ့် ဒဲ့ပြောပြီ
|တရုတ်က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကို နောက်ကွယ်က ကြိုးကိုင်နေတယ် လို့ ထရမ့် ဒဲ့ပြောပြီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ် ကြိုးဆွဲရာ လိုက် ကနေရသည့် “ရုပ်သေးရုပ်” တစ်ရုပ် ဖြစ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၈ ရက်တွင် တိုက်ခိုက်ပြောကြားလိုက်ပါတယ်။ “တကယ်တော့ သူတို့ဟာ တရုတ်ရဲ့ ရုပ်သေးရုပ် တစ်ရုပ်ပါ၊ သူတို့ဟာ တရုတ် ကိုပဲ အာရုံ စိုက်နေတာပါ” ဟု ထရမ့်က အိမ်ဖြူတော်တွင် ပြောသွားခဲ့ပါတယ်။

သမ္မတထရမ့်က သူ့အနေ နဲ့ မကြာခင် WHO နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန် မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကိုင်တွယ်ရာမှာ WHO ဟာ အလွန်စိတ်မကောင်းစရာ အလုပ်ကို လုပ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မကြာခင်မှာ အမေရိကန်နိုင်ငံ က ထည့်ဝင်နေတဲ့ WHO ရန်ပုံငွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဆုံးဖြတ်သွား မှာ ဖြစ်ပြီး အမေရိကန် ထည့်ဝင်ငွေကို ဒေါ်လာ သန်း ၄၀ အထိ လျှော့ချဖို့ စဉ်းစားခဲ့ပေမယ့် တချို့က သိပ်များလွန်းတယ်ဆိုပြီး ထင်ကြတယ်လို့ သမ္မတထရမ့်က ပြောဆို ခဲ့ပါတယ်။
ထို့ပြင် အမေရိကန်နိုင်ငံ အနေဖြင့် WHO ကို နှစ်စဉ် ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၄၅၀ ဝန်းကျင် ထည့်ဝင်ပေးခဲ့ပြီး ယင်းက ကမ္ဘာ့နိုင်ငံများအနက် အများဆုံး ထည့်ဝင်မှု ပမာဏပင် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ယခုအခါ အမေရိကန်နိုင်ငံ အနေဖြင့် မှန်မှန်ကန်ကန် ဆက်ဆံ ခံရခြင်း မရှိသည့် အတွက် ရန်ပုံငွေထည့်ဝင်မှုကို လျှော့ချရန် အစီအစဉ်များ ရေးဆွဲပြင်ဆင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ “သူတို့ဟာ ကျွန်တော်တို့ကို အင်မတန် ဆိုးရွားတဲ့ အကြံဉာဏ်တွေ အများကြီး ပေးခဲ့တယ်လေ” ဟုလည်း ထရမ့်က ပြောခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် တရုတ်တွင် စတင်ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတဝန်းကို ဆက်လက်ပျံ့နှံ့ကူးစက် ခဲ့ပြီးနောက်ပိုင်း WHO က ယင်း၏ ပထမဆုံးသော နှစ်ပတ်လည် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ချိန် ထရမ့်က အထက်ပါအတိုင်း တိုက်ခိုက်ပြောဆိုသွားခဲ့ခြင်း ဖြစ်ပါတယ်။
crd : whitesone