ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ယီမင္ႏိုင္ငံ ကမာၻ႔ေျမပုံ ထဲမွ ေပ်ာက္ကြယ္ သြားဖြယ္ ရာရွိ

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ယီမင္ႏိုင္ငံ ကမာၻ႔ေျမပုံ ထဲမွ ေပ်ာက္ကြယ္ သြားဖြယ္ ရာရွိ

ျပည္တြင္း စစ္ဒဏ္ကို ၆ ႏွစ္နီးပါးေလာက္ ခံစား ခဲ့ရၿပီး ဆင္ရဲမြဲေတငတ္မြတ္ေခါင္းပါးမႈတို႔ ခံစားေနရတဲ့ ယီမင္ႏိုင္ငံမွာ ယခုတစ္ခါ ကို႐ိုနာဗိုင္းရပ္စ္ ဆင့္ကဲျပန႔္ႏွံ႔မႈ လွ်င္ျမန္ေနတာေၾကာင့္ ယီမန္ႏိုင္ငံဟာ မၾကာခင္ ကမာၻ႔ေျမပုံထဲက ေပ်ာက္ကြယ္သြားႏိုင္ေလာက္ေအာင္ ဆိုး႐ြားတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရ ပါတယ္။

ယီမင္ႏိုင္ငံ ယူအန္ဒုကၡသည္မ်ားေအဂ်င္စီ ရဲ႕ ဦးေဆာင္သူ “ဂ်င္းနီကိုလက္စ္ဘုဇ္” ရဲ႕ ေျပာၾကားခ်က္အရ ႏိုင္ငံထဲမွာ Covid-19 သံသယလူနာအေရအတြက္ တိုးတက္မ်ားျပားလာၿပီး ဆင့္ပြားကူးစက္မႈေတြ ျဖစ္ေပၚေနကာ တစ္ခ်ိန္ထဲမွာပင္ ႏိုင္ငံတစ္ကာေထာက္ပံ့ေရး ေအဂ်င္စီေတြကိုလည္း လစ္လ်ဴ ရႈထားဖို႔ ဖိအားေတြေပးခံေနရေၾကာင္း သိရွိရသည္။

“ကို႐ိုနာဗိုင္းရပ္စ္ဟာ ယီမင္ႏိုင္ငံ ထဲကို ကုလားအုပ္ေတြ ျပန္လာတာနဲ႔အတူပါလာတာ ျဖစ္ႏိုင္တယ္” လို႔ မစၥတာဘုဇ္ က ေျပာၾကားခဲ့ပါတယ္။

“ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ႏွံ႔မႈကို ေျခရာခံဖို႔ က်န္းမာေရး ဝန္ထမ္းေတြအတြက္ အရမ္းကို အခက္အခဲျဖစ္ေနပါတယ္၊ ကြၽန္ေတာ္တို႔မွာ လုံေလာက္တဲ့ စစ္ေဆးေရးကရိယာေတြ မရွိဘူး” ဟု ဆိုပါတယ္။

ႏိုင္ငံထဲမွာရွိတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာ အေဆာက္အဦး တစ္ဝက္ေလာက္က ၅ ႏွစ္ေက်ာ္ၾကာျပည္တြင္းစစ္အတြင္းမွာ ဖ်က္ဆီးခံခဲ့ရပါတယ္။ လူအမ်ားစုက ေသြးလြန္တုပ္ေကြး၊ ငွက္ဖ်ားေရာဂါ၊ ဝမ္းေရာဂါတို႔နဲ႔ ေသဆုံးကုန္ၾကပါတယ္။

ယီမင္ႏိုင္ငံရဲ႕ ေတာင္ပိုင္းမွာရွိတဲ့ အဒန္ၿမိဳ႕ကို ႐ိုက္ကူးထားတဲ့ သတင္းပုံရိပ္ေတြမွာ ျမင့္တက္လာတဲ့ လူေသဆုံးမႈေတြကို အာဏာပိုင္ေတြက က်င္းေတြမ်ားစြာတူးၿပီး ေျမျမဳတ္သၿဂႋဳလ္ ေျဖရွင္းေနတာကို ေတြ႕ခဲ့ရပါတယ္။ ျပည္တြင္းစစ္ေၾကာင့္ သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြ အိုးမဲ့အိမ္မဲ့ျဖစ္ေနရခ်ိန္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါဆိုးႀကီး ယီမင္ကို ေရာက္ရွိေနခဲ့ပါၿပီ။

ယီမင္ရဲ႕ လူဦးေရ ၈၀% ေက်ာ္ျဖစ္တဲ့ ျပည္သူေပါင္း ၂၄ သန္းေက်ာ္ဟာ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြ လိုအပ္ေနပါတယ္။ ႏိုင္ငံရဲ႕ က်န္းမာေရးအေဆာက္အဦး တစ္ဝက္ေက်ာ္က အသုံးျပဳလို႔မရေတာ့သလို ႏိုင္ငံရဲ႕ ေလးပုံတစ္ပုံေသာ ျပည္နယ္ေတြမွာလည္း ဆရာဝန္ေတြ မရွိၾကပါဘူး။

“ျပည္သူေတြမွာ ခုခံအားအလြန္နည္းေနၾကၿပီ ဆိုတာ ကြၽန္ေတာ္တို႔ သိထားပါတယ္၊ တစ္ေန႔ အစားအစာ တစ္နပ္ေလာက္ေတာင္ စာခ်င္းမွ စားရမယ့္လူေတြအေၾကာင္း ေျပာေနၾကတာပါ၊ ကာကြယ္ေဆးေတာင္ မထိုးရတဲ့ ကေလးေတြအတြက္ ေျပာေနၾကတာပါ” လို႔ မစၥတာဘုဇ္ က ဆိုပါတယ္။

လြန္ခဲ့တဲ့ တစ္ပါတ္အတြင္း အဒန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ စပ္ဆက္ၿပီး လူေပါင္း ၅၀၀ ေသဆုံးခဲ့ရေၾကာင္း ၿမိဳ႕ေတာ္ရဲ႕ မွတ္တမ္းမ်ားအရ သိရွိရသည္။

ၿမိဳ႕ေပၚက ေဆး႐ုံႀကီးမွာ ေဆးဘက္ဆိုင္ရာ အင္ဂ်င္နီယာ တာဝန္ယူထားသူ တစ္ဦးကလည္း ေဆး႐ုံမွာ အေထာက္အကူပစၥည္းေတြ အလုံအေလာက္မရွိတာေၾကာင့္ ရႏိုင္သမွ် ရင္းျမစ္ေတြကေန စုေဆာင္းၿပီး ကိုယ္ပူခ်ိန္တိုင္းကရိယာ၊ ဗန္တီေလတာစက္တို႔ကို ကိုယ္တိုင္တီထြင္ဖန္တီးေနရေၾကာင္း၊ အစိုးရ အာဏာပိုင္မ်ားနဲ႔ ေထာက္ပံ့မည့္ အလႉရွင္မ်ားထံမွ အကူအညီလိုအပ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ….popolay

unicode

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ယီမင်နိုင်ငံ ကမ္ဘာ့မြေပုံ ထဲမှ ပျောက်ကွယ် သွားဖွယ် ရာရှိ

ပြည်တွင်း စစ်ဒဏ်ကို ၆ နှစ်နီးပါးလောက် ခံစား ခဲ့ရပြီး ဆင်ရဲမွဲတေငတ်မွတ်ခေါင်းပါးမှုတို့ ခံစားနေရတဲ့ ယီမင်နိုင်ငံမှာ ယခုတစ်ခါ ကိုရိုနာဗိုင်းရပ်စ် ဆင့်ကဲပြန့်နှံ့မှု လျှင်မြန်နေတာကြောင့် ယီမန်နိုင်ငံဟာ မကြာခင် ကမ္ဘာ့မြေပုံထဲက ပျောက်ကွယ်သွားနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။

ယီမင်နိုင်ငံ ယူအန်ဒုက္ခသည်များအေဂျင်စီ ရဲ့ ဦးဆောင်သူ “ဂျင်းနီကိုလက်စ်ဘုဇ်” ရဲ့ ပြောကြားချက်အရ နိုင်ငံထဲမှာ Covid-19 သံသယလူနာအရေအတွက် တိုးတက်များပြားလာပြီး ဆင့်ပွားကူးစက်မှုတွေ ဖြစ်ပေါ်နေကာ တစ်ချိန်ထဲမှာပင် နိုင်ငံတစ်ကာထောက်ပံ့ရေး အေဂျင်စီတွေကိုလည်း လစ်လျူ ရှုထားဖို့ ဖိအားတွေပေးခံနေရကြောင်း သိရှိရသည်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ ယီမင်နိုင်ငံ ထဲကို ကုလားအုပ်တွေ ပြန်လာတာနဲ့အတူပါလာတာ ဖြစ်နိုင်တယ်” လို့ မစ္စတာဘုဇ် က ပြောကြားခဲ့ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ခြေရာခံဖို့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အရမ်းကို အခက်အခဲဖြစ်နေပါတယ်၊ ကျွန်တော်တို့မှာ လုံလောက်တဲ့ စစ်ဆေးရေးကရိယာတွေ မရှိဘူး” ဟု ဆိုပါတယ်။

နိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အဆောက်အဦး တစ်ဝက်လောက်က ၅ နှစ်ကျော်ကြာပြည်တွင်းစစ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရပါတယ်။ လူအများစုက သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါတို့နဲ့ သေဆုံးကုန်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ တောင်ပိုင်းမှာရှိတဲ့ အဒန်မြို့ကို ရိုက်ကူးထားတဲ့ သတင်းပုံရိပ်တွေမှာ မြင့်တက်လာတဲ့ လူသေဆုံးမှုတွေကို အာဏာပိုင်တွေက ကျင်းတွေများစွာတူးပြီး မြေမြုတ်သင်္ဂြိုလ် ဖြေရှင်းနေတာကို တွေ့ခဲ့ရပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီး ယီမင်ကို ရောက်ရှိနေခဲ့ပါပြီ။

ယီမင်ရဲ့ လူဦးရေ ၈၀% ကျော်ဖြစ်တဲ့ ပြည်သူပေါင်း ၂၄ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးအဆောက်အဦး တစ်ဝက်ကျော်က အသုံးပြုလို့မရတော့သလို နိုင်ငံရဲ့ လေးပုံတစ်ပုံသော ပြည်နယ်တွေမှာလည်း ဆရာဝန်တွေ မရှိကြပါဘူး။

“ပြည်သူတွေမှာ ခုခံအားအလွန်နည်းနေကြပြီ ဆိုတာ ကျွန်တော်တို့ သိထားပါတယ်၊ တစ်နေ့ အစားအစာ တစ်နပ်လောက်တောင် စာချင်းမှ စားရမယ့်လူတွေအကြောင်း ပြောနေကြတာပါ၊ ကာကွယ်ဆေးတောင် မထိုးရတဲ့ ကလေးတွေအတွက် ပြောနေကြတာပါ” လို့ မစ္စတာဘုဇ် က ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်ပါတ်အတွင်း အဒန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် နဲ့ စပ်ဆက်ပြီး လူပေါင်း ၅၀၀ သေဆုံးခဲ့ရကြောင်း မြို့တော်ရဲ့ မှတ်တမ်းများအရ သိရှိရသည်။

မြို့ပေါ်က ဆေးရုံကြီးမှာ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ တာဝန်ယူထားသူ တစ်ဦးကလည်း ဆေးရုံမှာ အထောက်အကူပစ္စည်းတွေ အလုံအလောက်မရှိတာကြောင့် ရနိုင်သမျှ ရင်းမြစ်တွေကနေ စုဆောင်းပြီး ကိုယ်ပူချိန်တိုင်းကရိယာ၊ ဗန်တီလေတာစက်တို့ကို ကိုယ်တိုင်တီထွင်ဖန်တီးနေရကြောင်း၊ အစိုးရ အာဏာပိုင်များနဲ့ ထောက်ပံ့မည့် အလှူရှင်များထံမှ အကူအညီလိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ….popolay

Add a Comment

Your email address will not be published. Required fields are marked *

5 × 2 =