မင်းသား မင်းမော်ကွန်း ဟာ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသား တစ်လက်ထဲမှာ အပါအဝင်ဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲဖခင်ကတော့ အားလုံးက ချစ်ခင်ရတဲ့ ဝါရင့်သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ပဲ ဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိသူပီပီ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ် ပရိသတ်လက်ခံ အားပေးခံခဲ့ရပါတယ်။
ရုပ်ရှင်ခေတ်တစ်ခေတ်ကိုမှီခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး ထားနိုင်တဲ့ အောင်မြင်တဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။ မင်းမော်ကွန်း ဟာ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
ဒါအပြင် လိမ္မာယဥ်ကျေးတဲ့ ချစ်ဇနီးချောလေးနဲ့ အိမ်ထောင်ရေးခရီးလမ်းကို ဖြောင့်ဖြူးသာယာစွာ လျှောက်လှမ်းနေပြီး ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ကိုကြာနု လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မင်းမော်ကွန်း ဟာ အခုချိန်ထိ ငယ်ရုပ်မပျောက်ပဲ နုပျိုနေဆဲဖြစ်တာကြောင့် ပရိသတ်တွေက အားကျနေကြတာလဲ ဖြစ်ပါတယ်။ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ကိုကျော် ခေါ် မင်းမော်ကွန်း ဘေးကင်း ကျန်းမာပါစေလို့ ဆုတောင်းပေးရင်း ငယ်ဘဝ ဓာတ်ပုံလေးတွေကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
Credit
zawgyi
မင္းသား မင္းေမာ္ကြန္း ဟာ ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသား တစ္လက္ထဲမွာ အပါအဝင္ျဖစ္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူ႔ရဲဖခင္ကေတာ့ အားလုံးက ခ်စ္ခင္ရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ဦးဇင္ဝိုင္း ပဲ ျဖစ္ပါတယ္။ အႏုပညာမ်ိဳး႐ိုးရွိသူပီပီ သ႐ုပ္ေဆာင္ေကာင္းတဲ့ မင္းသားတစ္ေယာက္အျဖစ္ ပရိသတ္လက္ခံ အားေပးခံခဲ့ရပါတယ္။
႐ုပ္ရွင္ေခတ္တစ္ေခတ္ကိုမွီခဲ့ၿပီး ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူး ထားႏိုင္တဲ့ ေအာင္ျမင္တဲ့ မင္းသားေခ်ာတစ္လက္ျဖစ္ပါတယ္။ မင္းေမာ္ကြန္း ဟာ “ႏွလုံးလွလူမိုက္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အကယ္ဒမီဆုႀကီးကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ပါတယ္။
ဒါအျပင္ လိမၼာယဥ္ေက်းတဲ့ ခ်စ္ဇနီးေခ်ာေလးနဲ႔ အိမ္ေထာင္ေရးခရီးလမ္းကို ေျဖာင့္ျဖဴးသာယာစြာ ေလွ်ာက္လွမ္းေနၿပီး ခ်စ္ဖို႔ေကာင္းတဲ့ သားသားမီးမီးေတြကိုလဲ ပိုင္ဆိုင္ထားပါေသးတယ္။ကိုၾကာႏု လို႔ ပရိသတ္ေတြက ခ်စ္စႏိုးေခၚၾကတဲ့ မင္းေမာ္ကြန္း ဟာ အခုခ်ိန္ထိ ငယ္႐ုပ္မေပ်ာက္ပဲ ႏုပ်ိဳေနဆဲျဖစ္တာေၾကာင့္ ပရိသတ္ေတြက အားက်ေနၾကတာလဲ ျဖစ္ပါတယ္။ လက္ရွိမွာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ကိုေက်ာ္ ေခၚ မင္းေမာ္ကြန္း ေဘးကင္း က်န္းမာပါေစလို႔ ဆုေတာင္းေပးရင္း ငယ္ဘဝ ဓာတ္ပုံေလးေတြကို အမွတ္တရအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။
Credit