




Source-Warso Moe Oo

unicode

ညီမဖြစ်သူ သဉ္ဇာ အတွက် မွေးနေ့ပွဲလေး ကို ည(၁၂)နာရီ တိတိမှာ သူငယ်ချင်းတွေ နဲ့အတူ ကျင်းပပေးခဲ့တဲ့ ဝါဆိုမိုးဦး

ပရိသတ်ကြီးရေ ဝါဆိုမိုးဦး ကတော့ ပရိသတ် အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို သာမက မိန်ကလေး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်း ကိုလည်း ခံနေရသူဆိုလဲမမှားပါဘူးနော်။

ဝါဆိုမိုးဦးကတော့ အခုဆိုရင်တော့ သရုပ်ဆောင်တင် သာမက သီချင်းတွေလည်း သီဆိုနေပြီပဲဖြစ်ပါတယ်။သူမကတော့ အမကြီးအမိရာဆိုသလို ညီမဖြစ်သူတွေကို အနုပညာနဲ့ ပတ်သက်ပြီး မြေတောင်မြှောက်ပေးနေသူတစ်ဦးပါ။ ဒီနေ့ မေလ(၁၉ )ရက်နေ့လေးကတော့ ဝါဆိုမိုးဦးရဲ့ ညီမဖြစ်သူ သဉ္ဇာ ရဲ့ မွေးနေ့လေး ပဲဖြစ်ပါတယ်။

ဝါဆိုမိုးဦးကတော့ ချစ်ညီမလေးသဉ္ဇာရဲ့ ဒီနေ့ မှာကျရောက်တဲ့မွေးနေ့လေး အတွက် ည(၁၂)နာရီတိတိမှာ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးကျင်းပပေးခဲ့ပါတယ်။ ဒါ့အပြင် ဝါဆိုမိုးဦးက “Happy birthday my sister အိမ်မက်တွေအမြန်ဆုံးဖြစ်ပါစေ🎂🎂🎂👏🏻❤️” ဆိုပြီးလည်း မွေးနေ့ဆုမွန်ကောင်း တောင်းပေး ထားပါတယ်။ ပရိသတ်ကြီးလည်း ဝါဆိုရဲ့ ညီမလေး သဉ္ဇာ အတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ ပါအုံးနော်။

Source-Warso Moe Oo

Add a Comment

Your email address will not be published. Required fields are marked *

nineteen + 16 =