မံုရြာ တြင္ ေသမင္း ဝတ္စုံမ်ား ဝတ္ဆင္ၿပီး ကုိဗစ္ အသိပညာေပး ျပဳလုပ္

မံုရြာ တြင္ ေသမင္း ဝတ္စုံမ်ား ဝတ္ဆင္ၿပီး ကုိဗစ္ အသိပညာေပး ျပဳလုပ္

မုံ႐ြာၿမိဳ႕၊ ကန္သာယာေဈး အတြင္းမွာ ဒီကေန ႔မနက္ပိုင္းက ျပည္သူေတြအေန နဲ႔ ႏွာေခါင္းစည္းတပ္ၿပီး မွ အျပင္ထြက္ရန္ အသိပညာေပး လႈပ္ရွားမႈအေနနဲ႔ ေသမင္းဝတ္စုံေတြ ဝတ္ဆင္ၿပီးေတာ့ ေဈးအတြင္းလွည့္လည္ ခဲ့ၾကတယ္လို႔ Save Monywaအဖြဲ႕မွ ဦးေဆာင္ျပဳ လုပ္သူ ဦးေအာင္ေနမ်ိဳး က ေျပာပါတယ္။

“အစိုးရပိုင္းက ေျဖေလ်ာ့သင့္တဲ့ အခ်ိန္မို႔လို႔ တစ္ခ်ိဳ႕ကို ေျဖေလ်ာ့ေပး လိုက္တဲ့အခ်ိန္မွာ အေၾကာက္တရားေတြက နည္းနည္း နည္းလာၿပီ။ ေပါ့ေပါ့ဆဆ ေနလာၾကတယ္။ အဲ့တာေၾကာင့္မို႔လို႔ အေၾကာက္တရားေလးနဲ႔ သတိေလးျပန္ဝင္လာေအာင္ ယွဥ္တြဲၿပီးမွ လုပ္လိုက္တာ” လို႔ ဦးေအာင္ေနမ်ိဳးကေျပာပါတယ္။

အသိပညာေပးလႈပ္ရွားမႈ ျပဳလုပ္ရာ မွာ ေသမင္းဝတ္စုံ ဝတ္ဆင္ထားတဲ့ လူေလးဦးက လက္တစ္ဖက္မွာ ေသမင္းတမန္ ကိုင္ေဆာင္တဲ့ လက္နက္ကိုင္ေဆာင္ၿပီး လက္တစ္ဖက္ကေတာ့ ႏွာေခါင္းစည္း စနစ္တက်တပ္ပါ ဆိုတဲ့စာသားပါ ဗီႏိုင္းကို ကိုင္ေဆာင္ကာ ေဈးအတြင္းလွည့္လည္ ခဲ့ၾက တာျဖစ္ပါတယ္။

Save Monywa အဖြဲ႕က ပညာေပး လႈပ္ရွားမႈ ျပဳလုပ္ေနခ်ိန္မွာ ႏွာေခါင္းစည္းေတြကို လည္း အခမဲ့ေဝငွ ခဲ့ၾကပါတယ္။ ဒီလို လႈပ္ရွားမႈေတြကို မၾကာခဏ ျပဳလုပ္မယ္ လို႔လည္း ဦးေအာင္ေနမ်ိဳး ကေျပာ ပါတယ္။

စစ္ကိုင္းတိုင္းမွာ လက္ရွိအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္ခံရထားတဲ့ လူနာတစ္ဦး ရွိၿပီး သူကေတာ့ စစ္ကိုင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ က်န္းမာေရးေစာက္ေရွာက္မႈ ခံယူေနတာျဖစ္ပါတယ္။

crd : whitesone

unicode

မုံရွာ တွင် သေမင်း ဝတ်စုံများ ဝတ်ဆင်ပြီး ကိုဗစ် အသိပညာပေး ပြုလုပ်

မုံရွာမြို့၊ ကန်သာယာဈေး အတွင်းမှာ ဒီကနေ့မနက်ပိုင်းက ပြည်သူတွေအနေ နဲ့ နှာခေါင်းစည်းတပ်ပြီး မှ အပြင်ထွက်ရန် အသိပညာပေး လှုပ်ရှားမှုအနေနဲ့ သေမင်းဝတ်စုံတွေ ဝတ်ဆင်ပြီးတော့ ဈေးအတွင်းလှည့်လည် ခဲ့ကြတယ်လို့ Save Monywaအဖွဲ့မှ ဦးဆောင်ပြု လုပ်သူ ဦးအောင်နေမျိုး က ပြောပါတယ်။

“အစိုးရပိုင်းက ဖြေလျော့သင့်တဲ့ အချိန်မို့လို့ တစ်ချို့ကို ဖြေလျော့ပေး လိုက်တဲ့အချိန်မှာ အကြောက်တရားတွေက နည်းနည်း နည်းလာပြီ။ ပေါ့ပေါ့ဆဆ နေလာကြတယ်။ အဲ့တာကြောင့်မို့လို့ အကြောက်တရားလေးနဲ့ သတိလေးပြန်ဝင်လာအောင် ယှဉ်တွဲပြီးမှ လုပ်လိုက်တာ” လို့ ဦးအောင်နေမျိုးကပြောပါတယ်။

အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ရာ မှာ သေမင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ လူလေးဦးက လက်တစ်ဖက်မှာ သေမင်းတမန် ကိုင်ဆောင်တဲ့ လက်နက်ကိုင်ဆောင်ပြီး လက်တစ်ဖက်ကတော့ နှာခေါင်းစည်း စနစ်တကျတပ်ပါ ဆိုတဲ့စာသားပါ ဗီနိုင်းကို ကိုင်ဆောင်ကာ ဈေးအတွင်းလှည့်လည် ခဲ့ကြ တာဖြစ်ပါတယ်။

Save Monywa အဖွဲ့က ပညာပေး လှုပ်ရှားမှု ပြုလုပ်နေချိန်မှာ နှာခေါင်းစည်းတွေကို လည်း အခမဲ့ဝေငှ ခဲ့ကြပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို မကြာခဏ ပြုလုပ်မယ် လို့လည်း ဦးအောင်နေမျိုး ကပြော ပါတယ်။

စစ်ကိုင်းတိုင်းမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရထားတဲ့ လူနာတစ်ဦး ရှိပြီး သူကတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောက်ရှောက်မှု ခံယူနေတာဖြစ်ပါတယ်။

crd : whitesone