ကုိရုိနာ ဗုိင္းရပ္စ္ ရွိတယ္ ဆုိတာ မယံုတဲ့ သူတေယာက္ ရ သြားတဲ့ သင္ခန္းစာ

ကုိရုိနာ ဗုိင္းရပ္စ္ ရွိတယ္ ဆုိတာ မယံုတဲ့ သူတေယာက္ ရ သြားတဲ့ သင္ခန္းစာ

ဆရာဝန္ သူငယ္ခ်င္းတစ္ေယာက္ ရွိတယ္။ ေဆးေက်ာင္းတက္ၾကတုန္း က သူက ကမာၻ ႀကီးဟာ အျပားႀကီးပါ လို႔ ခဏခဏ ေျပာတတ္တယ္။ အစပိုင္းေတာ့ ေနာက္ေနတယ္ ထင္ခဲ့တာ။

ၾကာလာေတာ့မွ သူ တကယ္ကို ကမာၻႀကီး လုံးတယ္ဆိုတာ မယုံႏိုင္လို႔ ေျပာေန ခဲ့တာကို အံၾသတႀကီးသိလာရတယ္။ တေလာဆီက ကမာၻျပားအသင္း ေခါင္းေဆာင္ တစ္ေယာက္ အိမ္လုပ္ဒုံးပ်ံနဲ႔ ပ်ံတက္ၿပီး ကမာၻ ျပားေၾကာင္း သက္ေသျပဖို႔ ႀကိဳးစားရင္းနဲ႔ ပ်က္က်ၿပီး ေသရွာတယ္။

ကို႐ိုနာ ကိစၥ မွာလည္း ဒီလို ပဲ ေတြ႕ရတယ္။ တခ်ိဳ႕က “ကို႐ိုနာဟာ ပါမႊားပါ။ ဂ႐ုစိုက္ စရာ မလိုပါဘူး။ အကဲ ပိုၾကသူေတြေၾကာင့္ ဒါႀကီးဟာ သတင္းႀကီးေနတာပါ။ ဘာ Lock down မွ လုပ္စရာမလိုဘူး။ ဘာ Mask မွ တပ္စရာမလိုဘူး။ ေနေနက် အတိုင္း ေနၾက႐ုံပဲ။ လူေတြက အလကားေန Hysteria ရေနၾကတာ။”.. လို႔ ထိုင္ေအာ္ေနသူေတြ အပုံႀကီးပါ။ ေျပာေနၾကသူ တခ်ိဳ႕က ဘြဲ႕ရ တခ်ိဳ႕က ဆရာဝန္။

ဒါႀကီးကို သုံးၿပီး အစိုးရက အာ႐ုံလြဲွဖို႔ လုပ္ေန တာ။ ငါ့ဘုရားက ကယ္လိမ့္မယ္လို႔ ဒီလူက ယုံၾကည္ခဲ့တယ္။ သူ႔မိန္းမက အသည္းအသန္ေတာင္ ျဖစ္ေနၿပီ။ သူက ေဆး႐ုံေပၚမွာ။

ေၾကာက္သင့္သေလာက္ ေၾကာက္ၿပီး ျပင္ဆင္သင့္ သေလာက္ေတာ့ ျပင္ဆင္ရမွာပါ။ ေၾကာက္လြန္းတဲ့ အစြန္းကလည္း မေကာင္းသလို ေၾကာက္စရာမလိုဘူး လို႔ ဇြတ္ေျပာေနတဲ့ အစြန္းကလည္း(ေသသြားတဲ့ လူဦးေရ ၃ သိန္းေက်ာ္ကို အားနာေပးပါ။) မေကာင္းပါဘူး။ မွ်တတဲ့ အလယ္အလတ္ လမ္းစဥ္ကို ေလွ်ာက္ႏိုင္ ဖို႔ ႀကိဳးစားၾကပါစို႔။

Maung Maung Oo

unicode

ကိုရိုနာ ဗိုင်းရပ်စ် ရှိတယ် ဆိုတာ မယုံတဲ့ သူတယောက် ရ သွားတဲ့ သင်ခန်းစာ

ဆရာဝန် သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဆေးကျောင်းတက်ကြတုန်း က သူက ကမ္ဘာ ကြီးဟာ အပြားကြီးပါ လို့ ခဏခဏ ပြောတတ်တယ်။ အစပိုင်းတော့ နောက်နေတယ် ထင်ခဲ့တာ။

ကြာလာတော့မှ သူ တကယ်ကို ကမ္ဘာကြီး လုံးတယ်ဆိုတာ မယုံနိုင်လို့ ပြောနေ ခဲ့တာကို အံသြတကြီးသိလာရတယ်။ တလောဆီက ကမ္ဘာပြားအသင်း ခေါင်းဆောင် တစ်ယောက် အိမ်လုပ်ဒုံးပျံနဲ့ ပျံတက်ပြီး ကမ္ဘာ ပြားကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့ ပျက်ကျပြီး သေရှာတယ်။

ကိုရိုနာ ကိစ္စ မှာလည်း ဒီလို ပဲ တွေ့ရတယ်။ တချို့က “ကိုရိုနာဟာ ပါမွှားပါ။ ဂရုစိုက် စရာ မလိုပါဘူး။ အကဲ ပိုကြသူတွေကြောင့် ဒါကြီးဟာ သတင်းကြီးနေတာပါ။ ဘာ Lock down မှ လုပ်စရာမလိုဘူး။ ဘာ Mask မှ တပ်စရာမလိုဘူး။ နေနေကျ အတိုင်း နေကြရုံပဲ။ လူတွေက အလကားနေ Hysteria ရနေကြတာ။”.. လို့ ထိုင်အော်နေသူတွေ အပုံကြီးပါ။ ပြောနေကြသူ တချို့က ဘွဲ့ရ တချို့က ဆရာဝန်။

ဒါကြီးကို သုံးပြီး အစိုးရက အာရုံလွဲှဖို့ လုပ်နေ တာ။ ငါ့ဘုရားက ကယ်လိမ့်မယ်လို့ ဒီလူက ယုံကြည်ခဲ့တယ်။ သူ့မိန်းမက အသည်းအသန်တောင် ဖြစ်နေပြီ။ သူက ဆေးရုံပေါ်မှာ။

ကြောက်သင့်သလောက် ကြောက်ပြီး ပြင်ဆင်သင့် သလောက်တော့ ပြင်ဆင်ရမှာပါ။ ကြောက်လွန်းတဲ့ အစွန်းကလည်း မကောင်းသလို ကြောက်စရာမလိုဘူး လို့ ဇွတ်ပြောနေတဲ့ အစွန်းကလည်း(သေသွားတဲ့ လူဦးရေ ၃ သိန်းကျော်ကို အားနာပေးပါ။) မကောင်းပါဘူး။ မျှတတဲ့ အလယ်အလတ် လမ်းစဉ်ကို လျှောက်နိုင် ဖို့ ကြိုးစားကြပါစို့။

Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *

5 + sixteen =