၎- မျက်လုံး၊ နှာခေါင်း မျက်နှာ လက်မဆေးရသေးပဲ မထိနဲ့။
သက္ကမိုးညို
unicode
ရန်ကုန် က တက္ကစီ ဆရာများ လိုက်နာသင့်တဲ့ ကိုဗစ် ကာကွယ်ရေး နည်းလမ်းများ
ရန်ကုန်မှာ ဘတ်စ်ကား နဲ့ မသွားရင် တက်စ်စီ နဲ့ သွားပဲ။ တက်စ်စီ ဆရာရော၊ ခရီးသည်ရော အန္တရာယ် ရှိတယ်။ ဒီတော့ တက်စ်စီ မောင်းသူတွေ အတွက် ဖတ်ပြိး ပြန်တင်ပေးတယ်။ ခရီးသည်လည်း တူတူပဲလို့ သဘောထားပါ။
၁- ကိုဗစ် လက္ခဏာတွေ သိထား ရမယ်။ ချောင်းဆိုး၊ အသက်ရှူကြပ်၊ ဖျား၊ တုန်၊ ချမ်းစိမ့်၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ လည်ပင်းနာ၊ အနံံပျောက်။
၂- ထုံးစံအတိုင်း လက်ဆေးပါ။ ဆပ်ပြာနဲ့ရေ နဲ့ စက္ကန့်၂၀။ ဒါမှ မရနိုင်ရင် ၆၀% အရက်ပျံပါတဲ့ ဂျယ် နဲ့ဆေး။
၃- mask တပ်ပါ။ ဖြစ်နိုင်ရင် face shield ပါ ကာပါ။ ခရီး သည်ပါ နှာခေါင်းစည်းဖို့ ပြောနိုင်ရင် ပိုကောင်း။
၄- မျက်လုံး၊ နှာခေါင်း မျက်နှာ လက်မဆေးရသေးပဲ မထိနဲ့။
၅- ခရီးသည်ကို နောက်မှာ ထားခြင်း အားဖြင့် ဝေးဝေးနေပါ။ အများကြီး တင်ရင်တော့ မတတ်နိုင်ပေါ့။ (ခရီးသည်တွေလည်း နောက်မှာပဲ ရွေးထိုင်ပါ)
၆- နှာစေး ချောင်းဆိုးရင် တစ်ရှူးနဲ့ ကာ၊ သီးသန့် အဖုံးပါတဲ့ အမှိုက်ပုံး ထဲပစ်။ ကားထဲ တခုထားသင့်။ ပိုး သတ်သင့်။
၇- ပိုက်ဆံ ကိုင်ရရင် လက်အိတ် နဲ့ပဲ ကိုင်သင့်တယ်။ အိတ်ထဲ ထည့်မယ့်အစား သတ်သတ် ထားသင့်တယ်။ ခရီးသည် တယောက်ကို လက်အိတ် တခု သုံးသင့်တယ်။
၈- ခရီးသည်ကို လက်ဆေးဖို့ လုပ်ပေး ထားနိုင်ရင် ကောင်းတယ်။ ဂျယ်လေး ထားပေးပေါ့။
Burma (Myanmar): Traveling with poles – do not go without a bottle of rum; Photo: Thomas Alboth
၉- ကားကို ပုံမှန် ပိုးသတ်ပါ။ ဖြစ်နိုင်ရင် ခရီးသည် တယောက် ဆင်းပြီးတိုင်း သူထိုင် ခဲ့တဲ့နေရာ ပိုးသတ်သင့်တယ်။ သတ်ရင်လည်း လက်အိတ် နဲ့ လုပ်ပါ။
အလုပ်တော့ ရှုပ် မှာပဲ။ ဒါပေမယ့် အရေးကြီးတယ်လေ။ ခရီးသည်တွေ လည်း အတူတူပဲ သတိနဲ့ စီးပါ။ ကိုယ့်ရှေ့က စီးတဲ့သူမှာ ကိုဗစ် ရှိနိုင် တယ်လေ။
သက္ကမိုးညို
Add a Comment
Your email address will not be published. Required fields are marked *
5 + one =