




Source: Zay Ye Htet

unicode

FACEBOOK FRIEND တွေ မဟုတ်တော့ ပေမယ့် ပုံတွေ ဇာတ်ကားတွေ တက်လာတိုင်း ရွှေမှုံရတီ ကို သတိရတယ် ဆိုတဲ့ ဇေရဲထက်

ဇေရဲထက်က တော့ တချိန်က ဗီဒီယို ဇာတ်ကားတွေ မှာ ဒိတ်ဒိတ်ကြဲ အောင်မြင် ခဲ့တဲ့ ဗီဒီယို မင်းသား တစ်လက်ဆိုလည်း မမှားပါဘူးနော်။ မင်းသမီးလေး ရွှေမှုံရတီနဲ့လည်း အရမ်းကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ ဆိုတာ ပရိသတ်တွေလည်း သိပြီးသားဖြစ်မှာပါ။

ရွှေမှုံရတီကို သတိရတယ် ဆိုတဲ့ ဇေရဲထက် ” သူငယ်ချင်းရေ ဟိုးးး အရင်တုန်းက အခု ချိန်ဆို ငါတို့တွေ ပတ်ပတ် စက်စက် အလုပ်တွေကြိုးစား ပြီး နေရာတခုရအောင် ကြိုးစား ခဲ့ရသလို အခြောက်ကား ရိုတ်ရင် နင်မဝတ်ရသေးတဲ့ တံဆိပ်တောင် မဖြုတ် ရသေးတဲ့ အင်္ကျီတွေ ကိုတောင် ယူဝတ်ဖို့ပြောတာ မမေ့ပါဘူး ငါအရမ်း အဆင်မပြေတာ နင်တွေ့သိခွင့်ရတော့ စေတနာ မေတ္တာ ထားခဲ့တယ် နင့်ရဲ့စေတနာကို ငါအရမ်းလေးစားတယ် ငါ့ကို စာနာပေးခဲ့ နားလည်ပေး ခဲ့တယ် ချစ်သူငယ်ချင်းလေး ”

ရွှေမှုံရတီကို သတိရတယ် ဆိုတဲ့ ဇေရဲထက် “အခုလို ပုံတွေ တနှစ်တခါပေါပေါ လာလို့ သူများလာပြရင် ငါတို့တွေ အရမ်းကြိုးစား ခဲ့ရတာ ကိုပြန်မြင်ယောင်မိပါတယ် happy birthday ချစ်သူငယ်ချင်း ငါနောက်ကျ သွားတယ် နင် နဲ့ငါ့ fb friend တွေ မဟုတ်တော့ပေမယ့် ငါတို့တွေ ပုံတွေ ဇာတ်ကားတွေ တတ်လာတိုင်း သတိရတယ် ချစ်သူငယ်ချင်းရေ ဒီထက်မက အောင်မြင်ပါစေ နှစ်ယောက်လုံး ကိုရွှေထူးရော “ ဆိုတဲ့စာလေး နဲ့ အမှတ်တရ ပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းလေးပြောသွားခဲ့တာပါ။ ပရိသတ်ကြီးလည်း အတွဲညီညီ သရုပ်ဆောင် ခဲ့ကြတဲ့ ဇေရဲထက်နဲ့ ရွှေမှုံဇာတ်ကားတွေကို သဘောကျရင်မှတ်ချက် တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Zay Ye Htet

Add a Comment

Your email address will not be published. Required fields are marked *

one × four =