စီးကရက္လက္ၾကား ညႇပ္ၿပီး အထာ က်က် ပို႔စ္ေတြ နဲ႔ ေတြ႕ရတဲ့ သက္မြန္ျမင့္ရဲ႕ ပုံရိပ္

စီးကရက္လက္ၾကား ညႇပ္ၿပီး အထာ က်က် ပို႔စ္ေတြ နဲ႔ ေတြ႕ရတဲ့ သက္မြန္ျမင့္ရဲ႕ ပုံရိပ္

ပရိသတ္ေတြက ခ်စ္သက္လို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ သီခ်င္းဗီစီဒီေတြမွာ သ႐ုပ္ေဆာင္ရင္း ေအာင္ျမင္လာသူတစ္ေယာက္ပါပဲ။ သက္မြန္ျမင့္က ေနာက္ပိုင္းမွာ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးခဲ့ၿပီး အႏုပညာသက္တမ္း ႏွစ္ႏွစ္ဆယ္ေက်ာ္အတြင္းမွာ အကယ္ဒမီဆုႀကီး (၂) ဆုကို ရရွိ ပိုင္ဆိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။

လက္ရွိမွာလည္း ႐ုပ္ရွင္ေတြ ဆက္လက္႐ိုက္ကူးေနဆဲျဖစ္တဲ့ သက္မြန္ျမင့္က ဒီကေန႔ မွာေတာ့ သူမရဲ႕ ႐ိုက္ကြင္းေပၚက အမွတ္တရပုံရိပ္ေလးကို မွ်ေဝလာပါတယ္။ သက္မြန္ျမင့္က သူမရဲ႕ ႐ိုက္ကြင္းေပၚမွာ စီးကရက္လက္ၾကားညႇပ္ၿပီး အထာက်က် ပုံေလးကိုမွ်ေဝရင္း “ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ေစပါသည္” ဆိုၿပီး ပရိသတ္ေတြ ကို သတိေပး ထားပါတယ္။

သက္မြန္ျမင့္က ဇာတ္ေကာင္စ႐ိုက္အရ ေဆးလိပ္ေသာက္ေနရေပမယ့္ ေဆးလိပ္ေသာက္ျခင္းက မေကာင္းပါဘူး လို႔ ပရိသတ္ေတြကို ေစတနာစကားေလး ဆိုထားတာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပး တဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

crd : panpyoelat

unicode

စီးကရက်လက်ကြား ညှပ်ပြီး အထာ ကျကျ ပို့စ်တွေ နဲ့ တွေ့ရတဲ့ သက်မွန်မြင့်ရဲ့ ပုံရိပ်

ပရိသတ်တွေက ချစ်သက်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ သီချင်းဗီစီဒီတွေမှာ သရုပ်ဆောင်ရင်း အောင်မြင်လာသူတစ်ယောက်ပါပဲ။ သက်မွန်မြင့်က နောက်ပိုင်းမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး အနုပညာသက်တမ်း နှစ်နှစ်ဆယ်ကျော်အတွင်းမှာ အကယ်ဒမီဆုကြီး (၂) ဆုကို ရရှိ ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရုပ်ရှင်တွေ ဆက်လက်ရိုက်ကူးနေဆဲဖြစ်တဲ့ သက်မွန်မြင့်က ဒီကနေ့ မှာတော့ သူမရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးကို မျှဝေလာပါတယ်။ သက်မွန်မြင့်က သူမရဲ့ ရိုက်ကွင်းပေါ်မှာ စီးကရက်လက်ကြားညှပ်ပြီး အထာကျကျ ပုံလေးကိုမျှဝေရင်း “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်” ဆိုပြီး ပရိသတ်တွေ ကို သတိပေး ထားပါတယ်။

သက်မွန်မြင့်က ဇာတ်ကောင်စရိုက်အရ ဆေးလိပ်သောက်နေရပေမယ့် ဆေးလိပ်သောက်ခြင်းက မကောင်းပါဘူး လို့ ပရိသတ်တွေကို စေတနာစကားလေး ဆိုထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေး တဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

crd : panpyoelat